ရှုံးနိမ့်

April 29, 2021

လိုက်ဟဲဗီးဝိတ် ချန်ပီယံကာကွယ်ပွဲတွင် အောင်လအန်ဆန် နယ်သာလန်နိုင်ငံသားကို ရှုံးနိမ့်

ဧပြီ ၂၉ ရက်နေ့မှာ ထိုးသတ်ခဲ့တဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲမှာတော့ မြန်မာ MMA ကစားသမား အောင်လအန်ဆန်ဟာ ပြိုင်ဘက် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို ရှုံးနိမ့်ခဲ့ပြီး ခါးပတ်ကို လွှဲပြောင်းပေးလိုက်ရပြီဖြစ်ပါတယ်။

၅ ချီထိုးသတ်ရတဲ့ပွဲမှာ နောက်ဆုံးချိန်အထိ အလဲမထိုးနိုင်ခဲ့ကြတဲ့အတွက် အမှတ်နဲ့ဆုံးဖြတ်ခဲ့ရာမှာတော့ နယ်သာလန်သားက အနိုင်ရရှိသွားတာပါ။

အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချိန်ပီယံဆုကိုလည်း အဆိုပါ နယ်သာလန်သား ဒီရစ်ဒါနဲ့ ယှဉ်ပြိုင်ရှုံးနိမ့်ပြီး လွှဲပြောင်းပေးထားရတာဖြစ်ပါတယ်။

ဒါကြောင့် အောင်လအန်ဆန်ဟာ သူရရှိထားတဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံနှစ်ဆုလုံးကို ဆုံးရှုံးလိုက်ရပြီဖြစ်ပြီး အဲဒီချန်ပီယံဆုနှစ်ဆုလုံးကို နယ်သာလန်သား ဒီရစ်ဒါက ရရှိသွားတာလည်းဖြစ်ပါတယ်။

9 months Ago

November 5, 2020

လိုက်ပစ်ဇ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ နည်းပြရာထူးအတွက် မစိုးရိမ်ဟု တူချယ်ပြော

နိုဝင်ဘာ ၄ ရက်က ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ လိုက်ပစ်ဇ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့ပေမဲ့ ပီအက်စ်ဂျီနည်းပြ တူချယ်ကတော့ သူ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်မှု မရှိဘူးလို့ ပြောပါတယ်။   ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးခဲ့ပြီး အဲ့ဒီအချိန်ကတည်းက ဂျာမနီနည်းပြနဲ့ပတ်သက်တဲ့ မေးခွန်းတွေပေါ်ထွက်ခဲ့ပါတယ်။  လိုက်ပစ်ဇ်နဲ့ပွဲမှာလည်း ပီအက်စ်ဂျီဟာ ကစားသမား ၂ ဦး အထုတ်ခံခဲ့ရပြီး ပင်နယ်တီ ၁ လုံး လွဲချော်ခဲ့တာကြောင့် ဒီမေးခွန်းတွေဟာ ပိုပြီးအသံကျယ် လာခဲ့ပါတယ်။  ဒါပေမဲ့ တူချယ်ကတော့ သူ့ရဲ့ ရာထူးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေဟာ မကြာခဏ ဆိုသလို ကြုံတွေ့နေရတဲ့အရာဖြစ်တာကြောင့် အသင်းရဲ့ စွမ်းရည်ကိုမြှင့်တင်ဖို့သာ အာရုံ စိုက်ဆောင်ရွက်နေတယ်လို့ တူချယ်က ပြောပါတယ်။  “ပြင်သစ်မီဒီယာတွေက ကျနော့်ရာထူးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်လေ့ရှိသလို၊ အန္တရာယ်ရှိနေပြီလို့လည်း ပြောပါတယ်။ ဒါဟာ ကျနော် အသင်းကို ရောက်စကတည်းက အခြေအနေပါ။ ဘာ့ကြောင့်လဲတော့ မသိပါဘူး။ ဒီအသင်းမှာ မီဒီယာသမားတွေနဲ့ ပတ်ဝတ်ဝန်းကျင်က ပိုပြီး အခရာကျပါတယ်” လို့ တူချယ်ကပြောပါတယ်။  “ဒီအခြေအနေက ကျနော့်အလုပ်ကို မပြောင်းလဲနိုင်ဘူးဆိုတာ လက်ခံနိုင်ရပါမယ်။ ဒါဟာ ပဲရစ်မြို့က နည်းပြ တစ်ယောက်ရဲ့ဘဝပါ။ ဘယ်တော့မှ လုံလောက်သွားတယ်ဆိုတာ မရှိပါဘူး။ အားကစားဆိုတာ အမြဲတမ်းမလွယ်ကူပါဘူး။ ကျနော်တို့ မျှော်လင့်ထားတဲ့ ပွဲတိုင်းအနိုင်ရဖို့ တင်မဟုတ်ပါဘူး။ ကစားပွဲထဲက ဘယ်အခြေအနေမှာရှိနေတယ်ဆိုတာလည်း သိရပါမယ်။ ဒီနေ့ပွဲ ကတော့ နိုင်ဖို့ဖြစ်နိုင်သလို၊ သရေကျဖို့လည်း ဖြစ်နိုင်ပါတယ်။ လာမယ့် လိုက်ပစ်ဇ်နဲ့ပွဲမှာအနိုင်ရ မယ်ဆိုရင် အခြေအနေတွေက အားလုံးဆန့်ကျင်ဘက်ဖြစ်သွားပါလိမ့်မယ်” လို့ တူချယ်က ပြောပါတယ်  ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမှာ နေမာ၊ အမ်ဘတ်ပီနဲ့ အီကာဒိုတို့လို တိုက်စစ်မှူးတွေ မပါဝင်ခဲ့ပေမဲ့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။  အူပါမီကာနိုရဲ့နောက်ပြန်ပေးမှုကို မွိုက်ကိန်းက လုယူပြီး ဒီမာရီက အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။  ဂိုးရပြီးနောက် ၁၀ မိနစ်အကြာမှာ ဒီမာရီယာဟာ ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပေမဲ့ လိုက်ပစ်ဇ်ဂိုးသမား ကကွယ်နိုင်လိုက်ပါတယ်။  အဲ့ဒီနောက်မှာ လိုက်ပစ်ဇ်အသင်းက ၂ ဂိုး ရရှိခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်လူ ဂူရီနဲ့နောက်ခံလူ ကမ်ပန်ဘီတို့ အထုတ်ခံခဲ့ရတာကြောင့် ပီအက်စ်ဂျီ အသင်းဟာ လိုအပ်နေတဲ့ ချေပဂိုးနဲ့အနိုင်ဂိုးတွေကို သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ 
1 year Ago
More News
Up