ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေအတွက် မဲနှိုက် ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်ပွဲစဉ်တွေအတွက်လည်း မဲနှိုက်ဆုံးဖြတ်ပွဲကို ဆွစ်ဇာလန်နိုင်ငံ နိုင်ရွန်မှာပဲ ဆက်လက်ကျင်းပပါတယ်။
အင်္ဂလန်ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ဝုဗ်တို့ကတော့ ခြေစွမ်းမနိမ့်တဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ဆုံနေခဲ့ပါတယ်။
အာဆင်နယ်ကတော့ ချန်ပီယံလိဂ်က ဆင်းလာတဲ့ ဂရိကလပ် အိုလံပီယာကောစ့်နဲ့ တွေ့ဆုံနေသလို မန်ယူနိုက်တက်ဟာလည်း ဘယ်လ်ဂျီယံ ထိပ်သီးကလပ် ဘရုဂတ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ခြေစွမ်းတက်နေတဲ့ ဝုဗ်အသင်းကတော့ စပိန်အသင်းကောင်းတသင်းဖြစ်တဲ့ အက်စပန်ညိုအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်လို့ လွယ်မယောင်နဲ့ခက်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။
1 year Ago