ဥရောပချန်ပီယံလိဂ် ၁၆အသင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေရဲ့မဲခွဲပွဲကို ဒီဇင်ဘာ ၁၆ ရက်မှာ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။
အင်္ဂလန်အသင်းတွေထဲမှာ စပါးနဲ့ ချဲလ်ဆီးအသင်းတွေက အုပ်စုဒုတိယသာရခဲ့လို့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စတဲ့ ထိပ်တန်းအသင်းတွေနဲ့ ဆုံတွေ့ရဖို့ ရှိနေပါတယ်။
ဒါ့အပြင် လီဗာပူးနဲ့မန်စီးတီးအသင်းတွေဟာလည်း အုပ်စုပထမရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်၊ဒေါ့မွန်၊ အက်တလန်တာ၊ အက်သလက်တီကို၊ လိုင်ယွန်အသင်းတွေထဲက တသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။
၁၆ သင်းအဆင့်မှာ နိုင်ငံတူအသင်းတွေအချင်းချင်းတော့ တွေ့ဆုံရမှာမဟုတ်ပါဘူး။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်မှာစတင်မှာဖြစ်ပြီး ဒုတိယအကျော့ကို မတ်လ ၁၀ ရက် စတင်မှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်မဲခွဲမူအပြီးမှာ ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ်တွေကို ဆက်လက် မဲခွဲဆုံးဖြတ်သွား မှာဖြစ်ပါတယ်။
1 year Ago