ရှုစားရမည့်

November 12, 2019

ထူးခြားဇာတ်အိမ်ဖြင့် ရှုစားရမည့် လျှို့ဝှက်သည်းဖိုဟောလိဝုဒ်ဒရာမာရုပ်ရှင်-The Good Liar (နမူနာ)

ထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေနဲ့ ရှုစားကြရမယ့် ဟောလိဝုဒ် Thriller Drama အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Good Liar ကို လာ မယ့် နိုဝင်ဘာလ ၁၅ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Warner Bros. Pictures က တင်ဆက်လိုက်တာဖြစ်ပြီး နာ မည်ကြီးရုပ်ရှင်ကားတွေဖြစ်တဲ့ Beauty and the Beast ၊ The Fifth Estate စတဲ့ ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ဒါရိုက်တာ Bill Condon က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဟောလိဝုဒ်ဝါရင့်သရုပ်ဆောင်မင်းသား မင်းသမီး ၂ ဦး ဖြစ်ကြတဲ့ Helen Mirren နဲ့ Ian McKellen တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြပြီး တယောက်နဲ့ တယောက်မသိကျွမ်းကြပဲ အွန်လိုင်းပေါ်ကတဆင့် ဖူးစာဆုံကြတဲ့ အသက်အရွယ်ပိုင်းအရ ကြီးနေကြပြီဖြစ်တဲ့ သူ ၂ ယောက်အနေနဲ့ ပါဝင်ထားကြတာပါ။ သာမန်အားဖြင့်တော့ ချမ်းသာတဲ့ မုဆိုးမအမျိုးသမီးကြီးတယောက်ဆီကို ချဉ်းကပ်လာတဲ့ ခုလိုဖူးစာဟာ အစစ်အမှန် ချစ်ခြင်းမေတ္တာကြောင့်လား၊ ဒီနောက်ကွယ်မှာရော ဘယ်လို အကြောင်းတရားတွေ ရှိနေသလဲ ဆိုတာတွေကို မြှုပ်ကွက်တွေနဲ့ ဘယ်လိုပုံဖော်ဖန်တီး ထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ မြင်ကွင်း တွေ၊ ပြကွင်း ပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာ Rating 6.5 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
3 years Ago
Up