ရှာ‌ဖွေကယ်ဆယ်ရေးရဟတ်ယာဉ်

November 2, 2020

ရှာ‌ဖွေကယ်ဆယ်ရေးအတွက် ဝယ်ထားသည့် ရဟတ်ယာဉ်ကို အတိုင်ပင်ခံ စမ်းသပ်စီးနင်း

ရှာဖွေကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းတွေအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတွေနဲ့ နိုင်ငံတော် ကိစ္စရပ်တွေမှာ အသုံးပြုဖို့ အီတလီနိုင်ငံကနေ ဝယ်ယူထားတဲ့ ရဟတ်ယာဉ် စမ်းသပ်မောင်းနှင် ပျံသန်းမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁ ရက်နေ့က လိုက်ပါစီးနင်းခဲ့ပါတယ်။  XY-AFT လို့ အမည်ပေးထားတဲ့ အဲ့ဒီရဟတ်ယာဉ်ဟာ AW-139 အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ်မှူး ၂ ဦး အပါအဝင် စုစုပေါင်း ၁၆ ဦးအထိ လိုက်ပါစီးနင်းနိုင်ပြီး ကီလိုမီတာ ၆၀၀ အထိ ပျံသန်းနိုင်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုနိုင်တဲ့ ပစ္စည်းတွေလည်း ပါရှိတယ်လို့ သိရပါတယ်။  အဲ့ဒီ ရဟတ်ယာဉ်ကို လူကယ်ပြန်ဝန်ကြီးဌာနက အီတလီနိုင်ငံ Leonardo S.P.A ကုမ္ပဏီနဲ့  ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့ကတည်းက ဝယ်ယူရေးစာချုပ် ချုပ်ဆိုထားပြီး ပြန်လည်တပ်ဆင်ကာ စစ်ဆေးနေမှုနဲ့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့မှ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာပါ။  ရန်ကုန်‌ကနေ နေပြည်တော်လေဆိပ်ကို့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ရောက်ရှိပြီး နိုဝင်ဘာ ၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
2 years Ago
Up