ရှားပါးကျားဖြူ

May 9, 2020

ရှားပါးကျားဖြူများဖြင့် ပရိသတ်ကို ဖျော်ဖြေနေသူ ကိုရိုနာကြောင့် ကွယ်လွန်

ရှားပါးကျားဖြူတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတဲ့ ပဉ္စလက်ပညာရှင် အသက် ၇၅ နှစ်အရွယ် ရွိုင်းဟွန်းဟာ လာ့စ်ဗီးလ်ဂတ်စ်မြို့ရှိ Mountain View ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်တဲ့ရောဂါကြောင့် သေဆုံးခဲ့တယ်လို့ လာ့စ်ဗီးလ်ဂတ်စ် ရီဗျူး ဂျာနယ်က မေ ၈ ရက်နေ့မှာ ဖော်ပြပါတယ်။ ရွိုင်းဟွန်းနဲ့ သူ့ရဲ့တွဲဖက် ဖစ်ရှ်ဘာဟာတို့ နှစ်ယောက်စလုံးဟာ ဂျာမန်ဖွားတွေ ဖြစ်ပြီး ပဉ္စလက်ပြကွက်ဆန်း တင်ဆက်ပွဲကို  နှစ်ယောက်အတူ တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၇ ခုနှစ်မှာတော့ လာ့စ်ဗေးဂတ်စ်မြို့မှာ သူတို့နှစ်ယောက်တွဲ  တင်ဆက်မှုတွေ လုပ်ခဲ့ပြီး ဆယ်စုနှစ် ၄ ခုကြာ ပရိသတ်တွေကို ဖျော်ဖြေခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ဗီးလ်ဂတ်စ်မြို့ မားရေ့ဂျ်ဟိုတယ် တင်ဆက်ပွဲမှာ ကျားဖြူတကောင် ကိုက်ဖဲ့လို့ ဟွန်းဟာ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့ပြီးနောက် သူတို့ရှိုးပွဲ အဆုံးသတ်ခဲ့ရပါတယ်။    ဒီနေ့မှာ ကမ္ဘာကြီးက ပဉ္စလက်ဆရာတယောက်ကို ဆုံးရှုံးခဲ့ပြီး သူကတော့ အချစ်ရဆုံး မိတ်ဆွေတယောက်ကို ဆုံးရှုံးခဲ့တယ်ဆိုတဲ့ ဖစ်ရှ်ဘာရဲ့ ပြောစကားကို လာ့စ်ဗီးလ်ဂတ်စ် ရီဗျူးဂျာနယ်မှာ ဖော်ပြထားပါတယ်။
11 months Ago
Up