ဗြိတိန်နိုင်ငံ အင်္ဂလန်နယ်အလယ်ပိုင်းက ဘာမင်ဟမ်မြို့ ရဲတွေဟာ စက်တင်ဘာ ၆ ရက် မနက်ခင်းအစောပိုင်းမှာ ဆက်တိုက် ဓားထိုးမှုနဲ့ပတ်သက်ပြီး သံသယရှိသူ တယောက်ကို ရှာနေတယ်လို့ ပြောပါတယ်။
ဆက်တိုက်ဓားထိုးမှုကြောင့် အမျိုးသား ၁ ယောက် သေဆုံးပြီး ဒဏ်ရာ ၇ ယောက်ထဲက ၂ ယောက်က ပြင်းထန်တယ်လို့ ရိုက်တာက ရေးပါတယ်။
“တိုက်ခိုက်မှု ဓားစာခံတွေကို ကြုံသလို ရွေးသွားပုံရတယ်။ဖြစ်ရပ်ဟာ လူ့အဖွဲ့အစည်း တခုခုကို ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်သလို ရာဇဝတ် ဂိုဏ်းတွေနဲ့ပတ်သက်ပုံလည်း မရဘူး” လို့ ရဲက ပြောပါတယ်။
ဒီအမှုကို လူသတ်မှုအဖြစ် ကိုင်တွယ်စီရင်မယ် West Midlands မြို့နယ် ရဲဌာနက စုံစမ်းစစ်ဆေးနေခဲ့တယ်လို့ ရဲမှူး စတိဗ်ဂရေဟမ်က ပြောပါတယ်။
စက်တင်ဘာ ၆ ရက် မနက်က မြို့လယ်နေရာ ၃ ခုလုံးမှာ ရဲတွေက အရံအတားတွေကို ချထားခဲ့ပါတယ်။
ဝက်စ်မစ်ဒ်လန်းစ်မြို့တော်ဝန်ကတော့ ဟာ့စ်ထ်လမ်းနဲ့ မြို့လယ်ဝန်းကျင်ဒေသမှာ မတော်တဆမှုတွေ ဆက်တိုက်ဖြစ်အပြီး ခုလုပ်ရပ်ကတော့ ဘယ်လိုမှ နားလည်မှုမရသေးဘူးလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
6 months Ago