ရှာပါးအောက်ချင်းငှက်

October 11, 2019

တရုတ်တွင် ရှားပါးအောက်ချင်းငှက် အကောင် ၁၀၀ ခန့် တွေ့ရှိ

တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ်မှာ ရှားပါးအောက်ချင်းငှက် အကောင် ၁၀၀ လောက်ကို အုပ်စုလိုက်တွေ့ရတယ်လို့ CCTV သတင်းဌာနက ဖော်ပြပါတယ်။  ဒါဟာ အောက်ချင်းငှက်အုပ်လိုက်ကို တရုတ်နိုင်ငံမှာ ပထမဆုံး တွေ့ရတာလည်း ဖြစ်ပါတယ်။  ထွန်ဘီအိုက်ကွမ် အမျိုးသားသဘာဝသစ်တောမှာ အောက်ချင်းငှက် ၉၉ ကောင်ထက်မနည်း  အုပ်စုလိုက် စုဖွဲ့နေတာကို သုတေသနပညာရှင်တွေက တွေ့ခဲ့ကြတာပါ။  ကြီးမားတဲ့ နှုတ်သီးပေါ်မှာ အဝါရောင်နဲ့ အနက်ရောင်အမောက်ပါတဲ့ အောက်ချင်းငှက်ဟာ တရုတ်နိုင်ငံက နိုင်ငံလုံးဆိုင်ရာ ဒုတိယအဆင့် အကာအကွယ်ပေးထားတဲ့ ရှားပါးမျိုးစိတ်ထဲမှာ ပါပါတယ်။  အောက်ချင်းငှက်တွေကို နှစ်သုံးဆယ်ကြာ စောင့်ရှောက်ခံ စာရင်းသွင်းပြီးတဲ့နောက်မှာ အကောင်ရေ တိုးလာတာကို တွေ့ရတာကြောင့် အကာအကွယ်ပေးတဲ့ နည်းလမ်းက ထိရောက်မှုရှိတယ်လို့ ထွန်ဘီအိုက်ကွမ် အမျိုးသား သဘာဝသစ်တော အရာရှိတယောက်က ပြောပါတယ်။  အောက်ချင်းငှက်တွေကို အာဖရိကနဲ့ တောင်အာရှက မိုးသစ်တောတွေမှာ အများဆုံး တွေ့ရလေ့ရှိပြီး တရုတ်နိုင်ငံအနောက်တောင်ပိုင်းနဲ့ တောင်ပိုင်းမှာလည်း အကောင်ရေ နည်းနည်း နေထိုင်ကြပါတယ်။
2 years Ago
Up