ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေရှိလာရင် နည်းပြအဖြစ် စတင်တာဝန်ယူဖို့ စဉ်းစားမယ်လို့ ဘိုင်ယန်မြူးနစ်နဲ့မန်ယူကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါက ပြောပါတယ်။
ဂျာမနီကွင်းလယ်လူဟောင်း စတိုင်ဂါဟာ အမေရိကန်ကလပ် ချီကာဂိုဖိုင်းရားအသင်းမှာ ၃ နှစ်ကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်က ကစားသမားဘဝကနေ အနားယူခဲ့တာပါ။
အသက် ၃၅ နှစ်ရှိ စတိုင်ဂါဟာ လက်ရှိအချိန်မှာ ဂျာမနီရုပ်သံ ARD မှာ သုံးသပ်တင် ဆက်သူအဖြစ် လုပ်ကိုင်နေတာပါ။
စတိုင်ဂါအနေနဲ့ နည်းပြလုပ်ဖို့ ရှိလားဆိုတဲ့မေးခွန်းအပေါ် ဖြေကြားရာမှာတော့ ကောင်းမွန်တဲ့ ကမ်းလှမ်းမူတွေရှိလာရင် နည်းပြဘဝကို ကူးပြောင်းဖို့ စဉ်းစားမယ်လို့ပြောခဲ့တာပါ။
ဘာပဲဆက်လက်လုပ်ဆောင်သည်ဖြစ်စေ အောင်မြင်မှုတွေ ရယူသွားချင်တယ်လို့လည်း စတိုင်ဂါက ပြောပါတယ်။
ဂျာမနီအသင်းကို ၂၀၁၄ ကမ္ဘာ့ ဖလားချန်ပီယံ ဆုဖလားရယူပေးခဲ့တဲ့ စတိုင်ဂါဟာ ဘိုင်ယန်အသင်းမှာ ၁၃ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလား ၁၈ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။
9 months Ago