ရှဝက်ဖ်မန်း

October 7, 2020

ပြင်သစ်အိုးပင်းတွင် အာဂျင်တီးနားသား ရှဝက်ဖ်မန်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်တက်

ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ အာဂျင်တီးနားသား ရှဝက်ဇ်မန်းက ဒိုမင်နစ်သိမ်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်သွားပါတယ်။ ဆီဒင်-၃ သတ်မှတ်ခံထားရတဲ့ သြစတြီးယားသား ဒိုမင်နစ်သိမ်ဟာ ပြီးခဲ့တဲ့ ယူအက်စ် အိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ပြင်သစ်အိုးပင်းမှာတော့ ကွာတားဖိုင်နယ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။  ဆီဒင်-၁၂ ရှဝက်ဇ်မန်းနဲ့ ဒိုမင်နစ်သိမ်တို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ဟာ ၅ နာရီအထိ ကြာမြင့်ခဲ့ပြီးနောက်ဆုံးပွဲမှာ ရှဝက်ဇ်မန်းက ပြန်လည်အနိုင်ရခဲ့လို့ ၇-၆ ၊ ၅-၇၊ ၆-၇၊ ၇-၆ ၊ ၆-၂ နဲ့ ဆီမီးဖိုင်နယ်တက်ခဲ့တာပါ။  ဂရင်းစလင်းပြိုင်ပွဲတွေမှာ ထိပ်တန်း ၅ ဦးစာရင်းဝင် ကစားသမားတွေကို တစ်ကြိမ် တစ်ခါမှ အနိုင်မရခဲ့ဖူးတဲ့ ရှဝက်ဇ်မန်းဟာ အခုနှစ် ပြင်သစ်အိုးပင်းမှာ ပထမဆုံးအကြိမ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။  ရှဝက်ဇ်မန်းဟာ ဆီမီးဖိုင်နယ်မှာတော့ နာမည်ကြီး ရာဖေးလ်နဒဲလ်နဲ့  စင်နာတို့ပွဲစဉ်က အနိုင်ရတဲ့ ကစားသမားနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
7 months Ago
Up