ရှရှားသမ္မတ

April 1, 2020

ရှရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့သည့် ဆရာဝန် COVID-19 ကူးစက်ခံရ

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ခဲ့တဲ့ ဆရာဝန်တစ်ဦးက သူ့မှာ ကိုရိုနာဗိုင်းရပ်စ်  ရှိတာကို စစ်ဆေးတွေ့ရှိတယ်လို့ မတ်လ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။   ပြီးခဲ့တဲ့သီတင်းပတ်က မြို့တော် မော်စကိုရှိ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေကို ကုသပေးတဲ့ ဆေးရုံကို  သမ္မတ ပူတင် သွားခဲ့ရာမှာတော့ ဒေါက်တာ ဒန်းနစ်ပရိုရှန်ကိုဟာ  ပူတင်ကို ဆေးရုံအတွင်း လိုက်လံပြသခဲ့ပါတယ်။  ကွမ်မွန်နာကာ ဆေးရုံအတွင်း    သမ္မတ ပူတင်နဲ့ ဒေါက်တာ ပရိုရှန်ကိုတို့  စကားပြောဆိုချိန်မှာ နှစ်ဦးစလုံး အကာအကွယ် ဝတ်စုံ ဝတ်မထားတာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။ ဒေါက်တာ ပရိုရှန်ကိုက သူ့မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ပေမယ့်  နေထိုင်ရတာ ကောင်းမွန်တယ်လို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေသားခဲ့ပါတယ်။  နောက်ပြီးသူဟာ သူ့ရုံးခန်းထဲမှာ သီးခြားခွဲနေတယ်လို့လည်းလည်းဆိုပါတယ်။ ကရင်မလင် နန်းတော်ကတော့ သမ္မတပူတင်ဟာ  ဗိုင်းရပ်စ်ရှိ မရှိ ပုံမှန် အစစ်ဆေးခံယူခဲ့ပြီး အခြေအနေကောင်း မွန်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။   သမ္မတ ပူတင်ကို ဗိုင်းရပ်စ်တွေနဲ့ တခြားရောဂါတွေ ကူးစက်မခံရအောင် ၂၄ နာရီပတ်လုံး စောင့်ရှောက်နေတယ်လို့ အစောပိုင်းမှာ   ကရင်မလင် နန်းတော်က ပြောထားပါတယ်။    
1 year Ago
Up