ရှမ်းပြည်နယ်ဝန်ကြီးချုပ်

February 11, 2021

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အန်အယ်လ်ဒီပါတီအလုပ်အမှုဆောင်များကို ဖမ်းဆီး

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကို အာဏာသိမ်း စစ်အစိုးရက ဖေဖော်ဝါရီ  ၁၀ ရက် ညပိုင်းမှာ  နေအိမ်မှာလာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတည်ပြုပြောကြားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း အန်အယ်လ်ဒီပါတီ  အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးမျိုးနိုင်ဦး(ခ)ကိုမျိုး၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့က အန်အယ်လ်ဒီပါတီ မြို့နယ်ဥက္ကဋ္ဌ  ဦးဆိုင်ခွက်၊ အတွင်းရေးမှူးဦးအောင်ကိုဝင်း၊ လားရှိုးမြို့နယ်ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုင်းဇော်မင်း၊ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူးဦးအာကာလင်း၊ မြန်မာရတနာရွှေခေတ်ကုမ္ပဏီပိုင်ရှင် ဦးစိုင်းဘိုဘိုကိုလည်း  စစ်အစိုးရက ထိန်းသိမ်းထားပါတယ်။

လက်ရှိရှမ်းပြည်နယ်အတွင်းက တခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်း ထားတာတွေရှိနေပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်နေကြတဲ့ သူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းဖို့ဆောင်ရွက်တာတွေရှိနေတာကြောင့် တိမ်းရှောင်နေရသူတွေလည်းရှိနေပါတယ်။

10 months Ago

February 2, 2021

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နေအိမ်ပြန်လည်ရောက်ရှိ

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နေအိမ်သို့ ဒီနေ့မနက်  ၁၁ နာရီဝန်းကျင်မှာ နေအိမ်သို့ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

အန်အယ်လ်ဒီ ပါတီဝင် ဦးသူရစောသိန်းက  “လွန်ခဲ့တဲ့ နာရီဝက်လောက်က ပြန်ရောက်ပါပြီ၊ သူတို့ အိမ်အရောက်ပို့ပေးပါတယ်။ ဦးစိုင်းရှန်တစ်လုံနဲ့ ဦးစိုးညွန့်လွင် ကျန်နေသေးတယ်”လို့ ပြောပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့  ဝန်ကြီးတွေပြန်လည်လွတ်လာပြီ ဖြစ်ပေမယ့် ပြည်နယ် လျှပ်စစ်စွမ်းအင်ဝန်ကြီးနဲ့ စီမံ/ဘဏ္ဍာဝန်ကြီးနှစ်ဦးက ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)မှာ ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

သတင်း - ခွန်ရာဇာ

10 months Ago
Up