ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်

July 17, 2021

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အပါအဝင် ၇ ဦးကို အဂတိမှုဖြင့် စစ်ကောင်စီ အမှုဖွင့်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အပါအဝင် ၇ ဦးကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့  အမှုဖွင့်လှစ် အရေးယူထားတယ်လို့  စစ်ကောင်စီလက်အောက်ခံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ 

အမှုဖွင့် အရေးယူခံရသူ ၇ ဦးကတော့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နဲ့ ဇနီး ဒေါ်တင်တင်ထွေးတို့ ဖြစ်ကြပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ ဝန်ကြီး ၂ ဦးတို့ဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ အင်းလေးဒေသဇုန်ဝင်ခွင့်ကောက်ခံရေးလုပ်ငန်း တင်ဒါအောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ဦး ထံမှ ရရန်ရှိတဲ့ တင်ဒါကျန်ငွေကျပ် သိန်း ၃၀၀၀ ကျော်ရဲ့  တန်ဖိုး ၅၀ ရာခိုင်နှုန်း လျှော့ချပေးခဲ့တာ၊  တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုဖို့ ပြည်နယ်အစိုးရက တားမြစ်ထားတဲ့ ကုမ္ပဏီတစ်ခုကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုခဲ့တာတွေကြောင့် နိုင်ငံတော်ငွေကြေးတွေ ထိခိုက် နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ ငွေစာရင်းမှ ငွေကျပ် သိန်း ၄၀၀၀ ကျော်နဲ့ အခြေခံ စားသောက်ကုန်ပစ္စည်းတွေဝယ်ယူရာမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ၁/၂၀၁၇ တင်ဒါ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ဆောင်ရွက်မှု မရှိခဲ့ဘူးလို့လည်း စွပ်စွဲထားပါတယ်။

အလားတူ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ  ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နဲ့ ဇနီး ဒေါ်တင်တင်ထွေး တို့ဟာ အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံရေးလုပ်ငန်းအတွက် မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေနဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း မူရင်းတွေကို အာမခံအဖြစ် တင်ပြခြင်းမရှိဘဲ ပိုင်ဆိုင်မှု စာရင်းကိုသာတင်ပြပြီး လုပ်ကိုင်ခွင့်ရယူခဲ့တာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ကြွေးကျန်နဲ့ ဒဏ်ကြေးငွေကျပ် သိန်း ၁၁၀၀၀ ကျော်နဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွက် ကြွေးကျန် ငွေကျပ် သိန်း ၁၄၀၀၀ ကျော်ကို ယနေ့အထိပေးသွင်းမှုမရှိလို့ နိုင်ငံတော်ကရရှိမယ့် ငွေကြေး ထိခိုက်နစ်နာဆုံးရှုံးစေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်ဟာ ကုန်တင်ယာဉ်ကြီးများ ရပ်နားဂိတ်နေရာမှာ အဆင့်မြင့်ဆေးရုံ တည်ဆောက်လုပ် ကိုင်မှုနဲ့ ကုန်တင်ယာဉ်ကြီးများရပ်နားစခန်းကို ကုမ္ပဏီပိုင်မြေပေါ်မှာ တည်ဆောက်ဖို့ အကျိုးတူလုပ်ငန်း လုပ်ကိုင်ဖို့ကိစ္စ ကုမ္ပဏီ (၂) ခုထံမှ စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ ကို လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ တိုင်ချက်အမှုဖွင့်ထားပါတယ်။

ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နဲ့ ဇနီး ဒေါ်တင်တင်ထွေးတို့ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ  ရှမ်းပြည်နယ် တောင်ကြီးမြို့မရဲစခန်းမှာ ဇူလိုင် ၁၆ ရက်၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ကော်မရှင်က ထုတ်ပြန်ပါတယ်။

ကော်မရှင်ရဲ့ အဂတိအမှုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေကတော့ ဖမ်းဆီးခံထားရတဲ့အတွက် ပြန်လည်တုံ့ပြန်ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။  

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော် အာဏာကို စစ်ကောင်စီက မတရားသိမ်းပိုက်ရယူထား ပြီးနောက်  သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အန်အယ်လ်ဒီအစိုးရ ဝန်ကြီးတွေကို အဂတိလိုက်စားမှု အပါအဝင် ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီး ထောင်ချနေတာဖြစ်ပါတယ်။

2 years Ago

November 13, 2020

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၉၄ ဦး၏ အမည်စာရင်း ကော်မရှင်အတည်ပြုထုတ်ပြန်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အပါအဝင်  ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၉၄ ယောက်ရဲ့ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၁၃ ရက်မနက်ပိုင်းမှာ ထပ်မံ အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။   ပြည်သူ့လွှတ်တော် -ဦးလင်းလင်းဦး၊ ကချင်ပြည်နယ် ၊ တနိုင်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးအောင်သိန်း၊ ကချင်ပြည်နယ် ၊ ဗန်းမော် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးဝင်းအောင်၊ ကချင်ပြည်နယ်၊ မိုးမောက် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးမျိုးဝင်း၊ စစ်ကိုင်းတိုင်း၊ ချောင်းဦး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်ချိုချိုဝင်း၊ စစ်ကိုင်းတိုင်း ၊ မော်လိုက် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးမောင်မောင်၊ စစ်ကိုင်းတိုင်း ၊ ထီးချိုင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးကျော်စွာဝင်း၊ စစ်ကိုင်းတိုင်း၊ ကသာ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးအောင်စိုး၊ စစ်ကိုင်းတိုင်း ၊ ယင်းမာပင် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးစောမောင်၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်ခင်စန်းလှိုင်၊ စစ်ကိုင်းတိုင်း ၊ ပုလဲ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးလှထွန်းအောင် (ခ) မောင်မောင်၊ စစ်ကိုင်းတိုင်း၊ မလှိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးဌေးလွင် (ခ) ဦးဒီလုံး၊ ရှမ်းပြည်နယ် ၊ နမ့်စန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ -စိုင်းအောင်ကျော်၊ ရှမ်းပြည်နယ်၊ ကျေးသီး ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် -ဦးအုန်းဝင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးပီတယ်အောင်၊ ရှမ်းပြည်နယ်၊ ဖယ်ခုံ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါက်တာခင်မျိုးသွယ်၊ ရှမ်းပြည်နယ် ၊ ရပ်စောက် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်ဝေမာလွင်၊ ဧရာဝတီတိုင်း၊ ဘိုကလေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးသန်းအောင်၊ ဧရာဝတီတိုင်း၊ ငပုတော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးဝေလှိုင်ထွန်း၊ ဧရာဝတီတိုင်း၊ ပုသိမ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမျိုးသားလွှတ်တော် -ဦးသိန်းလွင်၊ ကချင်ပြည်နယ်၊မဲဆန္ဒနယ်အမှတ် (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ်၊မဲဆန္ဒနယ်အမှတ်(၄)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးအင်ဝမ်ခန်းဇော်တန်(ခ)ဇော်တန်၊ ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၀)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -စောဘီစံသိန်းမြင့်၊ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါက်တာမျိုးအောင်၊ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးကျင့်ဆွမ်းမန်၊ ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၃)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်သီတာဝင်း၊ စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ် (၈ )၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးတင်မောင်ဝင်း၊ စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ် (၉ )၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါက်တာအောင်လင်း၊ စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ် (၁၀)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးအိုက်မွန်း၊ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၅)၊တအာင်း(ပလောင်)အမျိုးသားပါတီ -နန်းမွန်းစိန်၊ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၆) ၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် -ခွန်အောင်ကျော်၊ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၀)၊ပအိုဝ်းအမျိုးသားအဖွဲ့အချုပ်ပါတီ -ဦးအိုက်နပ်၊ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)၊ပြည်ထောင်စကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ -ဒေါ်မေသန်းနွဲ့၊ ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၄)၊အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ   တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် -ဦးယောဆီ၊ ကချင်ပြည်နယ်၊ပူတာအို (၁)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးဒိန်ခန်ဖုန်(ခ)ခန်လင်၊ ကချင်ပြည်နယ်၊ပူတာအို (၂)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးကောင်ဆိုင်းလ၊ ကချင်ပြည်နယ်၊တနိုင်း(၁)၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ -ဦးဇော်ဝင်း၊ ကချင်ပြည်နယ်၊တနိုင်း(၂)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးအောင်သင်း(ခ)ဦးဇော်သင်း၊ ကချင်ပြည်နယ်၊ဗန်းမော်(၁၊)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်ဇာခြည်မြင့်၊ ကချင်ပြည်နယ်၊ဗန်းမော်(၂)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးခွန်မျိုးတင့်၊ ကရင်ပြည်နယ်၊ပအိုဝ်းတိုင်းရင်းသား၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးတင်ဝင်း၊ ကရင်ပြည်နယ်၊ဗမာတိုင်းရင်းသား၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -မင်းထွန်းလွင်၊ ကရင်ပြည်နယ်၊မွန်တိုင်းရင်းသား၊ မွန်ညီညွတ်ရေးပါတီ -ဦးကိုကိုအောင်၊ စစ်ကိုင်းတိုင်း၊ဆားလင်းကြီး(၁)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးအောင်အောင်၊ စစ်ကိုင်းတိုင်း၊ဆားလင်းကြီး(၂)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်ခင်နှင်းရီ၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင် (၁) ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်အေးစန္ဒာကျော်၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်(၂)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်လတ်လတ်မိုးအောင်၊ စစ်ကိုင်းတိုင်း၊ မော်လိုက် ( ၁ )၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးလှိုင်မြင့်၊ စစ်ကိုင်းတိုင်း၊မော်လိုက်(၂)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးသန်း၊ စစ်ကိုင်းတိုင်း၊ ကသာ (၁) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးဝင်းရွှေ၊ စစ်ကိုင်းတိုင်း၊ ကသာ(၂)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးစိုးသိဏ်း၊ စစ်ကိုင်းတိုင်း၊ ထီးချိုင့် (၁)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးသိန်းဟန်၊ စစ်ကိုင်းတိုင်း၊ ထီးချိုင့်(၂)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးဝင်းမြင့်(ခ)ဦးဝင်းမြင့်ခင်၊ စစ်ကိုင်းတိုင်း၊ချောင်းဦး (၁)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးဝင်းသန့်နိုင်၊ စစ်ကိုင်းတိုင်း၊ ချောင်းဦး(၂)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးချစ်မင်းသိန်း၊ မန္တလေးတိုင်း၊ မလှိုင် (၁)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်သီတာငြိမ်း၊ မန္တလေးတိုင်း၊ မလှိုင်(၂)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးမောင်ညို၊ ရှမ်းပြည်နယ်၊ မဘိမ်း (၁ )၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးမင်းမင်းသိန်း၊ ရှမ်းပြည်နယ်၊မဘိမ်း (၂ )၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်ရီရီဝင်း၊ ရှမ်းပြည်နယ်၊ မိုးမိတ်(၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးမြင့်ရွှေ(ခ)အဂီး၊ ရှမ်းပြည်နယ်၊မိုးမိတ်(၂ )၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်၊လားရှိုး(၁)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါ်ရီရီမင်း၊ ရှမ်းပြည်နယ်၊လားရှိုး(၂)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -နမ်းဥမ္မာ(ခ)နန်းမွန်းမွန်းပေါင်း၊ ရှမ်းပြည်နယ်၊ သီပေါ(၁)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -စိုင်းလောဝ်ပိန်း၊ရှမ်းပြည်နယ်၊သီပေါ(၂) ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးရန်ကျော်၊ရှမ်းပြည်နယ်၊ဟိုပန်(၁) ၊ “ဝ”အမျိုးသားပါတီ -ဦးညီနပ်၊ရှမ်းပြည်နယ်၊ဟိုပန် (၂)၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ -ဦးစိုင်းကျော်သိန်း၊ရှမ်းပြည်နယ်၊မူဆယ် (၁) ၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွချုပ်ပါတီ -ဦးနော်တောင်၊ရှမ်းပြည်နယ်၊မူဆယ် (၂) ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ -ဦးအောင်မြင့်ထွန်း၊ရှမ်းပြည်နယ်၊နောင်ချို (၁) ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဒေါက်တာညီညီအောင်၊ရှမ်းပြည်နယ်၊နောင်ချို (၂) ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးစိုင်းမွန်၊ ရှမ်းပြည်နယ်၊တန့်ယန်း(၁) ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ -ဦးစိုင်းခမ်းမြတ်၊ ရှမ်းပြည်နယ်၊တန်းယန်း (၂) ၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးခမ်းရွှေ၊ ရှမ်းပြည်နယ်၊မက်မန်း (၁) ၊တစ်သီးပုဂ္ဂလ -ဦးကျာကဇော်၊ ရှမ်းပြည်နယ်၊မက်မန်း (၂)လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ -ဦးစိုးညွန့်လွင်၊ ရှမ်းပြည်နယ်၊ တောင်ကြီး (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဒေါက်တာဒေါ်သန်းငွေ၊ ရှမ်းပြည်နယ်၊ တောင်ကြီး (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဦးလီကျိန်းဖူ (ခ)မြင့်ဆွေ၊ ရှမ်းပြည်နယ်၊ ကုန်းကြမ်း (၁)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ -ဦးမောင်မောင်၊ ရှမ်းပြည်နယ်၊ ကုန်းကြမ်း (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ -ဦးလူတယ်ဟုန်(ခ) ဦးအောင်ရွှေ၊ ရှမ်းပြည်နယ်၊ လောက်ကိုင် (၁)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ -ဦးဘေရင်နယ်(ခ) ခင်မောင်လွင်၊ ရှမ်းပြည်နယ်၊ လောက်ကိုင် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ -ဒေါက်တာဂျွန်နီ၊ ရှမ်းပြည်နယ်၊ ရပ်စောက် (၁) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးမောင်မောင်စိန်၊ ရှမ်းပြည်နယ်၊ ရပ်စောက် (၂) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးခွန်မောင်ဖြူ၊ ရှမ်းပြည်နယ်၊ ဟိုပုံး (၁) ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ -ဦးစံလွင် (ခ)ခွန်စံလွင်၊ ရှမ်းပြည်နယ်၊ ဟိုပုံး (၂) ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ -ဦးအေးမောင် ၊ ရှမ်းပြည်နယ်၊ နမ့်ခမ်း (၁) ၊ တအာင်း(ပလောင်)အမျိုးသားပါတီ -ဒေါ်အိုင်စောစိန်၊ ရှမ်းပြည်နယ်၊ နမ့်ခမ်း (၂) ၊ တအာင်း(ပလောင်)အမျိုးသားပါတီ -အိုက်ခမ်းလှိုင်၊ ရှမ်းပြည်နယ်၊ မိုင်းယောင်း (၁) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -စိုင်းရှဲန်တစ်(ပ်)လုံ(ခ) စိုင်းဆိုင်တစ်(ပ်)လုံ၊ ရှမ်းပြည်နယ်၊ မိုင်းယောင်း (၂) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးသန်းထွဋ်၊ ဧရာဝတီတိုင်း ၊ ပုသိမ် (၁) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးလွင်ဦးမောင်၊ ဧရာဝတီတိုင်း ၊ ပုသိမ် (၂) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  -ဦးထူးကျော်၊ ဧရာဝတီတိုင်း ၊ ငပုတော (၁) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးသက်ပိုင်စိုး၊ ဧရာဝတီတိုင်း ၊ ငပုတော (၂) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးခင်ဘို (ခ) ဦးအောင်ခင်ဗိုလ်၊ ဧရာဝတီတိုင်း ၊ ဘိုကလေး (၁) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -ဦးဇင်မင်းထက်၊ ဧရာဝတီတိုင်း ၊ ဘိုကလေး(၂) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ 
2 years Ago
Up