ရှမ်းနီတပ်ဖွဲ့

May 6, 2021

ခန္တီးမြို့နယ်၌ ရှမ်းနီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ ကောင်ဟိန်ကျေးရွာအနီး မေလ ၅ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့  ဒေသခံ SNAရှမ်းနီတိုင်းရင်းသားတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပွားပြီး နှစ်ဖက် ထိခိုက်မှုတွေရှိခဲ့ပါတယ်။

“အခုဖြစ်တာ ကျနော်တို့ ကောင်ဟိန်ကျေးရွာအနီးက သဲပြင်မှာဖြစ်ပွားခဲ့တာပါ။ အကြမ်းစစ်တပ်က ကျောက်စွမ်းတွေ ခိုးထုတ်သယ်လာတယ်။ စက်လှေတွေနဲ့ အဲဒါကို SNA ရှမ်းနီတပ်က တားဆီးပြီးပစ်ခတ်ခဲ့တယ်။ အကြမ်းဖက်စစ်တပ်က လူအင်အား ၁၅၀ လောက်ရှိတယ်။ SNA ရှမ်းနီက ဆယ်ဂဏန်း လောက်ပဲရှိတယ်။  အကြမ်းဖက်စစ်တပ်က ၃ ဦး ကျဆုံးသွားခဲ့တယ် ။ ရှမ်းနီဘက်က ၁ ဦးဒဏ်ရာရရှိခဲ့တယ်” လို့  ဒေသခံက ပြောပါတယ်။

အခုလို ခန္တီးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ တိုင်းရင်းသားတပ်တွေအကြား တိုက်ပွဲဖြစ်တာ ပထဆုံးအကြိမ်ဖြစ်ပါတယ်။  

7 months Ago
Up