ရှမ်းတိုင်းရင်းသား

November 22, 2020

မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့  ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်မှာ နိုဝင်ဘာ ၂၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အတည်ပြုပါတယ်။  ဘယ်ကနေ ဘယ်လိုကူးတာဆိုတာကိုတော့ အတည်ပြုပြောကြားတာမရှိခဲ့ပါဘူး။  ဦးစိုင်းပန်းဆိုင်အနေနဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က လုပ်ခဲ့တဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်း အဆောက်အအုံဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အတူတက်ရောက်ခဲ့ပါတယ်။  မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ဟာ တိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီ သတင်းမှန်ပြန်ကြားရေးနှင့်သတင်းမှားများဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်ရေး သတင်းစောင့်ကြည့်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။  မန္တလေးတိုင်းဒေသကြီးမှာ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃၈၉၆ ဦး၊ သေဆုံးသူ ၂၁ ဦးနဲ့ လက်ရှိ ဆေးရုံတက်ကုသနေသူ ၁၃၆၃ ဦး ရှိတယ်လို့ တိုင်းအစိုးရအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
5 months Ago
Up