ရှမ်း

March 22, 2020

ရှမ်းနှင့် ကယားပြည်နယ်တို့ရှိ နယ်စပ် ကုန်သွယ်ရေးစခန်း ၁၃ ခု ယာယီပိတ်ထား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှာကို ကာကွယ်တဲ့အနေနဲ့ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ် ချင်းရိုင်းခရိုင်နဲ့၊ ကယားပြည်နယ် မယ်ဟောင်ဆောင်ခရိုင်ကြား ဖွင့်လှစ်ထားတဲ့ ယာယီနယ်စပ် ကုန်သွယ်ရေးစခန်း ၁၃ ခုကို မတ်လ ၂၁ ရက်နေ့ကစပြီး ယာယီပိတ်ထားလိုက်တယ်လို့ ထိုင်းအစိုးရဘက်က ကြေညာထားပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့အကြား ဖွင့်လှစ်ထားရှိတဲ့ ယာယီနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ထိုင်းနိုင်ငံအစိုးရက မတ်လ ၂၁ ရက်နေ့ကစပြီး ယာယီပိတ်ထားလိုက်တာပါ။ ရှမ်းပြည်နယ်နဲ့ ချင်းရိုင်းခရိုင်ကြား ဖွင့်လှစ်ထားတဲ့ အမှတ် (၂) မယ်ဆိုင်ချောင်းကူးတံတား၊ နယ်စပ်ဖြတ်သန်းရေးစခန်း ချိန်းရှဲန်မြို့နယ်၊ ရွှေတြိဂံနယ်စပ်ဖြတ်သန်းရေးစခန်း၊ ဆိပ်ကမ်းနယ်စပ် ဖြတ်သန်းရေးစခန်း၊ ဘန့်ဆုံ ဒေါက်ရွာကုန်သွယ်ရေးစခန်း၊ ဘန့်ဆွပ်လုပ်ရွာ ကုန်သွယ်ရေးစခန်း၊ ဘန့်ပန်းဟရွာကုန်သွယ်ရေးစခန်း၊ ယန့်ဟတ်ဘိုင့်ရွာ ကုန်သွယ်ရေးစခန်းနဲ့ ဘန့်လုံမ်ဖိုးထောင်ရွာ ကုန်သွယ်ရေးစခန်းကို ပိတ်ထားလိုက်တာပါ။  ဒါ့အပြင် ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ဘန့်ဟွေးတွန်နွံ မယ့်ငေါင်းခရိုင်ခွဲ၊ ဘန့်ဆောင်ဟင်၊ ဘန့်မယ့်စမ်လပ်နဲ့ ဘန်နမ်ပျန်ဒင်တို့ကိုလည်း ယာယီပိတ်ထားလိုက်တာပါ။  ကယားပြည်နယ်နဲ့ မယ်ဟောင်ဆောင်ခရိုင်ကြား ထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ ခွန်ယွန်းမြို့နယ် ဟွေတနွန်ဂိတ် (မယ်စဲ့ဘီပီ-၁၃)၊  မယ်စလင်းမြို့နယ် ဆောင်ဟိန်ဂိတ် (မယ်စဲ့ဘီပီ-၁၄) တို့အပြင် သောလဲထလို့ လူသိများတဲ့ မယ့်စပ်လပ်နဲ့ ယန်နမ်ပျန်ဒင် (ရှားတော ဘီပီ ၉) တို့ဘကက် နှစ်နိုင်ငံ ဖြတ်သန်းသွားလာသူတွေ၊ ယာဉ်တွေ၊ ကုန်ပစ္စည်းတွေကို မယ်ဟောင်ဆောင်ခရိုင်ဝန်ရဲံ ထုတ်ပြန်ချက်နဲ့ ရောဂါထိန်းချုပ်နိုင်တဲ့အချိန်ထိ ယာယီ ပိတ်ထားတာပါ။ ကရင်ပြည်နယ်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်-၁ ကို မနေ့ကစ ၁၄ ရက်ကြာ ယာယီပိတ်လိုက်ပြီး တံတား အမှတ်-၂ ကိုတော့ မနက် ၅ နာရီနဲ့ ည ၈ နာရီအချိန်တွေမှာ ဆက်ဖွင့်ပေးထားပါတယ်။  ထိုင်း-မြန်မာ နယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တွေကို စဖန်ဖလားဂိတ်ကလွဲပြီး အားလုံး ပိတ်လိုက်ပြီလို့ သိရပါတယ်။
1 year Ago

November 30, 2019

ရှမ်းနှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့မှ ဘိန်းစိုက်ဧက ၁၈၀ ခန့် ဖျက်ဆီး

ရှမ်းပြည်နယ်က ဟိုပုံး၊ ဖယ်ခုံ၊ ဆီဆိုင်၊ ပင်လောင်း၊ မိုင်းတုံနဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်က ဘိန်းစိုက်ခင်း ၁၇၉ ဒသမ ၂ ဧကကို ဖျက်ဆီးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်က ဟိုပုံးမြို့နယ် ကျောက္ကချားရွာနားက သီးပွင့်ဆဲ ဘိန်းခင်း ၂၈ ဧက၊ ဖယ်ခုံမြို့နယ် ဘန်းမိုက်ရွာနားက သီးပွင့်ဆဲ ဘိန်းခင်း ၁၆ ဧက၊ ဆီဆိုင်မြို့နယ်၊ ပချားကလို့ရွာနားက သီးပွင့်ဆဲဘိန်းခင်း ၂၀ ဧက၊ ပင်လောင်းမြို့နယ် တခါးယဉ်ရွာနဲ့ အင်းနီရွာနားက   သီးပွင့်ဆဲ ဘိန်းခင်း ၇၄ ဒသမ ၅ ဧကကို ရှမ်းပြည်နယ်က မြို့နယ်ရဲတပ်ဖွဲ့တွေက တရက်တည်း ဖျက်ဆီးခဲ့ကြပါတယ်။ အလားတူ ချင်းပြည်နယ် တွန်းဇံမြို့နယ် အန်းလွန်းရွာနားက ဘိန်းပင်ပေါက် ၁၃ ဒသမ၂ ဧက နဲ့ ဆာလ်ဇန်ရွာနားက သီးပွင့်ဆဲဘိန်းခင်း ၃ ဧကခန့်ကိုလည်း ချင်းပြည်နယ်ရဲတပ်ဖွဲ့က ဖျက်ဆီးခဲ့ကြပါတယ်။ နိုဝင်ဘာ ၂၂ ရက်ကနေ ၂၇ ရက်အထိ  မိုင်းတုံမြို့နယ်က လွယ်ချီလိတ်ရွာနားက အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၅ ဧကအပါအဝင် ကျူကော်ရွာနဲ့ ပိန်းမဟန်နာမှာလည်း  သီးပွင့်ဆဲဘိန်းခင်း ၁၉ ဒသမ ၅ ဧက နယ်မြေခံတပ်မတော်သားတွေ ဦးစီးအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ Photo : Ministry of Home Affairs, Myanmar
2 years Ago
Up