ရှပ်နီဆန္ဒပြသူတွေကို ထိုင်းစစ်တပ်က ဖြိုခွင်းတဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို မေ ၁၉ ရက်က မြို့တော် ဘန်ကောက်မှာ ကျင်းပပါတယ်။
၂၀၁၀ ပြည့်နှစ်က ရှပ်နီဆန္ဒပြသူတွေအပေါ် ထိုင်းစစ်တပ် ဖြိုခွင်းမှုဟာ နှစ်ဂိုဏ်းကွဲနေတဲ့ ထိုင်းနိုင်ငံရေးမှာ အပြောင်းအလဲတရပ် ဖြစ်ခဲ့ပါတယ်။
၂၀၀၈ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ သက်ဆင် မဟာမိတ်ပါတီကို တရားရုံးက ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် သက်ဆင် ထောက်ခံတဲ့ ရှပ်နီတွေက ကန့်ကွက်ပြီး ဘန်ကောက်မြို့ လမ်းမတွေမှာ လပေါင်းအတော်ကြာ အကြမ်းဖက် ဆန္ဒပြခဲ့ပါတယ်။
အဲဒီနောက် ထိုင်းစစ်တပ်က ရှပ်နီတွေကို ဘန်ကောက်မြို့ရဲ့ ထင်ရှားတဲ့ စီးပွားရေးနဲ့ ခရီးသွားခရိုင်တွေကနေ မောင်းထုတ်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြပွဲတွေ ပြီးဆုံးခဲ့ပါတယ်။ ဒီဖြိုခွင်းမှုအတွင်း အရပ်သားအများစုအပါအဝင် လူ ၉၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
ဒီနှစ်မှာတော့ ဘန်ကောက်မြို့ ရက်ဂျ်ပရာဆွန်လမ်းဆုံမှာ နှစ်ပတ်လည် အခမ်းအနား လုပ်ခဲ့ပြီး ဆန္ဒပြသူတွေနဲ့ အသက်ရှင် ကျန်ရစ်သူတွေက သေဆုံးသူတွေအတွက် ဆီမီးထွန်း သီချင်း သီဆိုခဲ့တာကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago