ရှန်းယန်

October 22, 2021

တရုတ်နိုင်ငံ ရှန်းယန်တွင် ဓာတ်ငွေပေါက်ကွဲမှုကြောင့် ၃ ဦး သေဆုံး

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ရှန်းယန်မြို့က စားသောက်ဆိုင်မှာ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် အောက်တိုဘာ ၂၁ ရက်မှာ လူ ၃ ယောက် သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရတယ်လို့ အစိုးရ မီဒီယာနဲ့ ခရိုင်အရာရှိတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အနားက အဆောက်အအုံ ပြတင်းပေါက်တွေပါ ပြုတ်ထွက်ခဲ့ပြီး ယာဉ်ကြော ရပ်ဆိုင်းခဲ့တယ်လို့  သိရပါတယ်။

တိုင်နဲ့ တန်းတွေက လွဲလို့ ဘာမှ မကျန်တော့တဲ့ စားသောက်ဆိုင်ရဲ့ ဗီဒီယိုတွေ တရုတ် လူမှုကွန်ရက် မီဒီယာတွေမှာ ပြန့်နေပါတယ်။

မီးသတ်သမား အယောက် ၁၀၀ လောက် အခင်းဖြစ်ရာကို ရောက်လာပြီး မီးငြှိမ်းသတ်ခဲ့ရပြီး ပေါက်ကွဲရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

3 months Ago
Up