ရှန်ဟိုင်းရှင်ဟွာအသင်း

March 28, 2020

 ရှန်ဟိုင်းရှင်ဟွာအသင်း အီဂါလိုအတွက် ယူနိုက်တက်ကို ဈေးနှုန်းသတ်မှတ်ပေး

ယူနိုက်တက်အသင်းက အငှားသက်တမ်းတိုးချင်နေတဲ့ နိုင်ဂျီရီးယားတိုက်စစ်မှူး အိုဒီယွန်အီဂါလိုအတွက် အပြီးသတ် ဈေးနှုန်းကို ရှန်ဟိုင်းရှင်ဟွာအသင်းက ပေါင်သန်း ၁၅ သတ်မှတ်လိုက်ပါတယ်။ အီဂါလိုဟာ ယူနိုက်တက်အသင်းကို ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှာ ၆ လအငှားစာချုပ်နဲ့ ရောက်လာခဲ့တာဖြစ်ပြီး အသင်းအတွက် ခြေစွမ်းပြနိုင်တာကြောင့် နည်းပြဆိုးလ်ရှားရဲ့ အထင်ကြီးမှုကို ရရှိထားသူ ဖြစ်ပါတယ်။  ဒါပေမဲ့ သူ့ရဲ့အငှားစာချုပ်ဟာ မတ်လ ၃၁ မှာပြည့်မှာ ဖြစ်တာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ တိုက်စစ်မှူးကို ပရီးမီးယားလိဂ်ပြန်လည်စတင်ချိန် ဒါမှမဟုတ် ပြန်စတင်ခင်မှာ ဆုံးရှုံးရဖို့ ရှိနေပြီဖြစ်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ကို မတ်လကုန်အထိ ရပ်နားထားတာဖြစ်ပြီး ယူနိုက်တက်အသင်းအနေနဲ့ အီဂါလိုရဲ့ အငှားစာချုပ်ကို သက်တမ်းတိုးနိုင်မှသာ ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်အထိ သူ့ကို အသင်းမှာ ဆက်ထိန်းထားနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ The Times သတင်းမှာ ဖော်ပြချက်အရ အီဂါလိုရဲ့ မိခင်ကလပ်အသင်းဖြစ်တဲ့ တရုတ်ကလပ်အသင်းဟာ အငှားသက်တမ်းတိုးမယ့် အစီအစဉ်ကို လက်မခံဘဲ ကစားသမားကို ဆက်ထိန်းထားချင်ရင် အပြီးသတ်ဝယ်ယူရမယ်လို့ ဆုံးဖြတ်ထားပုံရပါတယ်။  တရုတ်စူပါလိဂ်အသင်းက အီဂါလိုရဲ့ တန်ကြေးကို ပေါင် ၁၅ သန်းသတ်မှတ်ထားပြီး ဒီဈေးနှုန်းကတော့ အသက် ၃၀ အရွယ်အရွယ် စားသမားတဦးကို ဝယ်ယူဖို့အတွက် ယူနိုက်တက်အသင်းကို ဒွိဟဖြစ်စေမှာ သေချာနေပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းကိုငယ်ငယ်ကတည်းက အားပေးလာခဲ့တဲ့ အီဂါလိုဟာ မန်ချက်စတာမြို့မှာပျော်ရွှင်နေပြီး အသင်းမှာ ဆက်နေသွားဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့ အခက်အခဲတခုက ရှန်ဟိုင်းရှင်ဟွာအသင်းဟာ သူ့ကို တပတ်ပေါင် ၄၀၀၀၀၀ နဲ့ နှစ်နှစ်စာချုပ်ချုပ်ဖို့ ကမ်းလှမ်းခဲ့ပြီး သူ့ရဲ့ ယူနိုက်တက်အိမ်မက်ကို စမ်းသပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး အီဂါလိုဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ မီဒီယာတွေရဲ့မေးမြန်းခြင်းကို ခံခဲ့ရပြီး ကစားသမားကတော့ ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ တခြားသောအကြောင်းအရာတွေကို စဉ်းစားတာဟာ တကိုယ်ကောင်းဆန်မှု တခုပဲလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
1 year Ago
Up