ရှန်ဟိုင်းရှင်ဟွာ

June 3, 2020

မန်ယူအသင်းတွင် ဆက်နေခွင့်ရသဖြင့် ကျေနပ်ပျော်ရွှင်မိဟု အီဂါလိုပြော

မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆက်လက်ကစားခွင့်ရခဲ့တဲ့အတွက် ကျေနပ်ပျော်ရွှင်မိတယ်လို့ တိုက်စစ်မှူး အီဂါလိုက ပြောပါတယ်။  အီဂါလိုဟာ ဇွန်လအကုန်မှာ မန်ယူနဲ့ အငှားစာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် မိခင်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းဆီ ပြန်သွားရဖို့ နီးစပ်ခဲ့တာပါ။ အဆုံးသတ်မှာတော့ ရှန်ဟိုင်းအသင်းက မန်ယူအသင်းနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ အငှားစာချုပ်သက်တမ်းတိုးဖို့ ခွင့်ပြုပေးခဲ့တာပါ။ ယူနိုက်တက်မှာ ဆက်ကစားဖို့က အိပ်မက်တစ်ခုဖြစ်ပြီး အခက်အခဲတွေရှိခဲ့ပေမယ့် အသင်းမှာ ဆက်ရှိခွင့်ရလို့ ပျော်ရွှင်မိတယ်လို့ အီဂါလိုက ပြောပါတယ်။ ခြေစွမ်းကောင်းပြသနိုင်ဖို့ အပြည့်အဝ အာရုံစိုက်နိုင်ပြီဖြစ်ပြီး မိမိရဲ့ဆန္ဒကို လိုက်လျောပေးခဲ့တဲ့ ရှန်ဟိုင်းအသင်းဥက္ကဋ္ဌနဲ့ ဒါရိုက်တာကို ကျေးဇူးတင်ကြောင်းလည်း အီဂါလိုက ပြောကြားခဲ့ပါတယ်။ အသက် ၃၀ ရှိ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုဟာ မန်ယူအသင်းနဲ့ ၈ ပွဲ ကစားခဲ့ရာမှာ ၄ ဂိုး သွင်းယူထားပါတယ်။ 
1 year Ago

May 29, 2020

အီဂါလို ယူနိုက်တက်တွင် ဆက်ကစားရန် ရှန်ဟိုင်းရှင်ဟွာအသင်းနှင့် စာချုပ်ထပ်ချုပ်ရဖွယ်ရှိ 

တရုတ်ကလပ်ရှန်ဟိုင်းရှင်ဟွာအသင်းက တင်းမာနေမှုကို လျှော့ချပြီး တိုက်စစ်မှူး အီဂါလိုကို အငှားစာချုပ်ထက်ကျော်ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာနေခွင့်ပြုဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူးအနေနဲ့ သူတို့နဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူမှသာ ဒီလိုခွင့်ပြုသွားမယ်လို့ Metro သတင်းမှာ ဖော်ပြပါတယ်။  နိုက်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုဟာ ယူနိုက်တက်အသင်းကို ကာလတိုအငှားစာချုပ်နဲ့ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွေ့က ရောက်ရှိခဲ့သူဖြစ်ပြီး ဒီစာချုပ်ဟာ လာမယ့် မေ ၃၁ ရက် ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အီဂါလိုအနေနဲ့ မကြာခင် ပြန်လည်စတင်တော့မယ့် ပရီးမီးယားလိဂ်မှာ ပါဝင်ကစားခွင့်ဆုံးရှုံးရတော့မှာပါ။  ယူနိုက်တက်အသင်းဘက်က အီဂါလိုကို အသင်းမှာဆက်ရှိလိုနေပြီး ကစားသမားရဲ့အငှားစာ ချုပ်ကို ထပ်မံသက်တမ်းတိုးမြှင့်လိုနေပေမယ့် ပေါင်သန်း ၂၀ နဲ့ သူ့ကိုအပြီးသတ်ခေါ်ယူခွင့်က ဒီကြိုးစားမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါပေမယ့် အီဂါလိုကို ဆက်ခေါ်ထားချင်တဲ့ ယူနိုက်တက်အသင်းအတွက် တရုတ်နိုင်ငံအတွင်း နိုင်ငံခြားသားဝင်ရောက်ခွင့်ကန့်သတ်ထားခြင်းက အထောက်အကူဖြစ်စေလိမ့်မယ်လို့ Sky Sports သတင်းမှာ ဖော်ပြပါတယ်။  ကန့်သတ်ချက်ကြောင့် အီဂါလိုဟာ တရုတ်လိဂ်တွေပြန်စတဲ့ ဇွန်လမှာ တရုတ်နိုင်ငံကိုပြန်နိုင်မှာမဟုတ်ဘဲ နိုင်ငံပြင်ပမှာဆက်ရှိနေဖို့ များပါတယ်။ ဒီလိုဆိုရင် ရှန်ဟိုင်းအသင်းက အီဂါလိုကို ယူနိုက်တက်အသင်းမှာ ဆက်ရှိနေဖို့ စဉ်းစားမှာဖြစ်ပြီး ယူနိုက်တက်မှာ ဆက်ရှိနေချင်တယ်ဆိုရင် အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ အသက် ၃၀ အရွယ်ကစားသမားကို တောင်းဆိုဖွယ်ရှိနေပါတယ်။  တရုတ်ကလပ်နဲ့ အီဂါလိုရဲ့စာချုပ်ဟာ ၂၀၂၀ ဒီဇင်ဘာလမှာပြည့်မှာဖြစ်ပြီး ရှန်ဟိုင်းအသင်းက သူ့ကို ၂ နှစ်စာချုပ်သက်တမ်းတိုးခွင့်ရှိနေပါတယ်။  အီဂါလိုဟာ ယူနိုက်တက်အသင်းအတွက် လေးဂိုးအထိ သွင်းယူပေးထားခဲ့သူဖြစ်ပြီး အသင်းနည်းပြ ဆိုးလ်ရှားကလည်း အသင်းမှာဆက်ရှိနေစေချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုထားသူဖြစ်ပါတယ်။ 
1 year Ago
More News
Up