ရှန်ချီပြည်နယ်

October 27, 2019

ဆီးနှင်းများ ဖုံးလွှမ်းနေသည့် ဆီချွမ်နှင့် ရှန်ချီပြည်နယ် ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစား

တရုတ်နိုင်ငံ ဆီချွမ်ပြည်နယ်နဲ့ ရှန်ချီပြည်နယ်မှာ အောက်တိုဘာ ၂၄ ရက်နေ့က ရာသီဥတု အေးခဲပြီး စံချိန်တင် ဆီးနှင်း ကျဆင်းနေတာကြောင့် နေရာတော်တော်များများမှာ နှင်းတွေ အပြည့်ဖုံးလွှမ်းနေခဲ့ပါတယ်။  ကျိုကျိုက်ဂိုတောင်ကြား အမျိုးသားသဘာဝဥယျာဉ်မှာတော့ အဖြူရောင်ဆီးနှင်းတွေနဲ့ ဆောင်းဦးရာသီ ရောင်စုံသစ်ရွက်တွေရဲ့ ရှုခင်းကို လာရောက်ကြည့်ရှုသူတွေနဲ့ စည်ကားနေပါတယ်။  အဲဒီသဘာဝဥယျာဉ်ဟာ ကြီးကျယ်ခမ်းနားတဲ့ ရေတံခွန်တွေ၊ စိမ်းလန်းစိုပြည်တဲ့ သစ်တောတွေနဲ့ ကြည်လင်တဲ့ ရေကန်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအကြား ရေပန်းစားပါတယ်။  ဒါ့အပြင် စီချွမ်ပြည်နယ်ရဲ့ ထင်ရှားတဲ့ ဟွမ်လုံ သဘာဝဥယျာဉ်မှာလည်း ပတ်ဝန်းကျင်တခုလုံး နှင်းတွေ ဖုံးလွှမ်းနေတာကြောင့် လာရောက်လည်ပတ်သူတွေ များနေပါတယ်။  ရှန်ချီပြည်နယ် ဘိုဂျီမြို့က ထင်ရှားတဲ့ ထိုင်ဘိုင်တောင်တန်းမှာလည်း တောင်တန်းဒေသတခုလုံး ဆီးနှင်းတွေက နေရာယူထားကြပါတယ်။ ရုပ်သံ - စီဂျီတီအန်
2 years Ago
Up