ရှစ်လေးလုံး

August 8, 2020

ရှစ်လေးလုံးအရေးတော်ပုံက ပေးဆပ်ခဲ့သည့် သွေး၊ ချွေးများကို မျိုးဆက်သစ်များ တန်ဖိုးထားရန် တိုက်တွန်း

ရှစ်လေးလုံး အရေးတော်ပုံကနေ တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီအခွင့်အရေးတွေဟာ ကျောင်းသား၊ ပြည်သူတရပ်လုံးရဲ့  သွေး၊ ချွေးတွေ ပေးဆပ်ပြီး  ရယူထားတာကြောင့် ဒါကို လက်ရှိမျိုးဆက်သစ် လူငယ်တွေကို  တန်ဖိုးထားစေချင်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။   ဒီကနေ့ ကျရောက်တဲ့ ၃၂ နှစ်ပြည့်  ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပခဲ့ပြီး ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေ စုပေါင်းပြီး  အလေးပြုတာ နဲ့ လွမ်းသူပန်းစည်းချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။    ရှစ်လေးလုံး အရေးတော်ပုံရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းချက်တွေကို မပျောက်ဆုံးသွားအောင်၊ တန်ဖိုးထားစေဖို့ အခုလို့ အခမ်းအနားတွေ နှစ်စဉ်ကျင်းပတာလို့ ၈၈ အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့  ဦးမင်းဇေယျာက ပြောပါတယ်။ အရင်နှစ်တွေက  ၈၈  အောက်မေ့ဘွယ်အခမ်းအနား ပြုလုပ်တာနဲ့ အမှတ်တရ ကဗျာရွတ်ဆိုတာတွေ ရှိပေမယ့် ဒီနှစ်မှတော့ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် အခမ်းအနား မပြုလုပ်ခဲ့ဘူးလို့ ပွဲကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။  ရဟန်းရှင်လူ ကျောင်းသားတွေနဲ့ ပြည်သူတရပ်လုံး ပါဝင်လာကြတဲ့  ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုအစက ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့ ဦးခိုင်မောင်ရည် ပြောပါတယ်။ ၈၈ အရေးတော်ပုံ အောက်မေ့ဘွယ်အခမ်းအနားနဲ့ ပတ်သက်ပြီး  ၈၈ ဆိုတာ ဘာလဲဆိုတာ နောက်မျိုးဆက်လူငယ်တွေကို လေ့လာစေချင်တယ်လို့  ၈၈ မျိုးဆက်ကျောင်းသူတဦးဖြစ်တဲ့  ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။   ဒီကနေ့ကျရောက်တဲ့  သြဂုတ် ၈ ရက်နေ့၊ ၃၂ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံမှာ  အသက်ပေးကျဆုံးခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ရည်စူးပြီး  ၈၈ မျိုးဆက်ကျောင်းသားတွေက သံဃာတော်တွေကို နေဆွမ်းကပ်လှူတာ နဲ့ အမှတ်တရ သစ်ပင်ပန်းမန် စိုက်ပျိုးတာတွေ  ပြုလုပ်ခဲ့ပါတယ်။  နန့်ခိုင် 
8 months Ago

August 8, 2019

ရှစ်လေးလုံးအရေးတော်ပုံအတွင်း အသက်ပေးဆပ်ခဲ့ကြတဲ့ အညတရ ပြည်သူတွေကို မမေ့ကြရန် ဦးမင်းကိုနိုင် တိုက်တွန်း

၃၁ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။  အာ ၈၈ မျိုးဆောက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့  ဦးမင်းကိုနိုင်က လက်ရှိ ဒီမိုကရေစီဖြစ်စဉ်တွေဟာ ရှစ်လေးလုံးအရေးတော်ပုံမှာ အသက်ပေးဆပ်ခဲ့ကြတဲ့ အညတရ ပြည်သူတွေရဲ့ စွမ်းဆောင်မှုကြောင့်ဖြစ်ပြီး အဲဒီလူတွေအပေါ် လက်ရှိတာဝန်ထမ်းဆောင်သူတွေအနေနဲ့ မမေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။  ဦးမင်းကိုနိုင် ပြောကြားချက် အပြည့်အစုံ ဖတ်ရှုရန်– “ခံပြင်းဖွယ်၊ ကြေကွဲဖွယ်၊ သမိုင်းမှာ မှတ်တမ်းတင်ဖွယ် ကိစ္စတွေကို ၃၁ နှစ်ကာလကတည်းကနေ အကျဉ်းထောင်တွေထဲမှာ၊ တောတွေမှာ၊ နယ်စပ်မှာ၊ နိုင်ငံတကာမှာ နှစ်စဉ်နှစ်တိုင်း ပြန်ပြောင်း ပြောခဲ့ကြပါတယ်။ ဒီနှစ်တော့ ၃၁ နှစ်ကြာက ဖြစ်ခဲ့သမျှ‌ ကိစ္စတွေကို ဒီမြို့တော်ခန်းမရှေ့မှာပဲ ပြန်ပြီး ပြောကြဖို့ အခွင့်အရေးကြုံပြန်ပါပြီ။ အဲဒီအခါ ပြောတဲ့သူတွေက ဘယ်စိတ်တွေနဲ့ ပြောကြမှာလဲ။ နားထောင်တဲ့ လူတွေကကော ဘယ်စိတ်တွေနဲ့ နားထောင်ကြမှာလဲ။ စဉ်းစားပါတယ်။ ၃၁ နှစ် ဆိုတဲ့အချိန်ဟာ ကျနော်တို့ကိုယ်တိုင် ဒါတွေကို ပြောရမယ့်အစား နောက်မျိုးဆက်တွေက ဟောဒီအဖြစ်အပျက်တွေကို ကောင်းစွာသိရှိပြီး သူတို့ကိုယ်တိုင် ဝေဖန်သုံးသပ်ကြ၊ အနာဂတ်ကို မျှော်ရည်ပြီး သူတို့ရဲ့ စိတ်ကူးနိုင်ငံတော်သစ်ကို တည်ဆောက်ကြရမယ့် အချိန်လည်းသင့်ပြီလို့ ကျနော် နားလည်ပါတယ်။ ကျနော်တို့နိုင်ငံဟာ တာထွက် အင်မတန် စောခဲ့ပါတယ်။ ၁၉၈၈ မှာ ကျနော်တို့နိုင်ငံက တပါတီ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို တောင်းတယ်ဆိုတာ အင်မတန် စောပါတယ်။ အရှေ့ဥရောပတခုလုံးဟာ ကျနော်တို့ရဲ့နောက်မှာ ဒီမိုကရေးစီရေးတွေ တောင်းဆိုပြီးတော့ မြန်ဆန်တဲ့ ကာလတခုအတွင်းမှာ အထိအခိုက် အကျအဆုံး အနည်းဆုံးနဲ့ ပြောင်းလဲနိုင်ခဲ့တာကို တွေ့ရပါတယ်။ ကျနော်တို့အားလုံးရဲ့ တိုက်ပွဲဝင်သီချင်း ဖြစ်တဲ့ ကမ္ဘာမကြေဘူးဆိုတဲ့ သီချင်းကို ဆိုနေရင်း ကိုရီးယားနိုင်ငံမှာ ဂွမ်ကျူးအရေးတော်ပုံတုန်းက ပါခဲ့တဲ့ ကျောင်းသားတွေ ဒီကနေ့အထိ ဂွမ်ကျူးမြို့မှာ နှစ်စဉ် နှစ်စဉ် ရောက်တိုင်း သူတို့ရဲ့ တိုက်ပွဲဝင်သီချင်းကို ရာသီဥတု ဘယ်လောက်ကြမ်းကြမ်း၊ တချို့အမျိုးသမီးတွေဆိုရင် ဆံပင်ဖြူပြီးတော့ အဘွားကြီးတွေ ဖြစ်တဲ့အရွယ်ထဲကို ရောက်နေပြီ။ ဒါပေမဲ့ သူတို့ အားနဲ့မာန်နဲ့အပြည့် ဆိုနေတုန်းပဲ။ သူတို့တွေလည်း စိုးရိမ်တာက နှောင်းလူတွေ တန်ဖိုးထားမှု လျော့မှာကို စိုးရိမ်တယ်။ ဘယ်လောက် ကြမ်းကြမ်းတမ်းတမ်း ပေးဆပ်ခဲ့ရတယ် ဆိုတာကို သိစေချင်တယ်။  အရှေ့ဥရောပမှာဆိုရင် ဘယ်လောက် ညင်ညင်သာသာ ကူးပြောင်းခဲ့သလဲဆိုရင် ကတ္တီပါတော်လှန်ရေးလို့ ခေါ်ရလောက်အောင် သွေးထွက်သံယို အထိအခိုက် အကျအဆုံး အနည်းဆုံးလမ်းကို ရွေးနိုင်ခဲ့တဲ့ နိုင်ငံတွေ၊ အောင်အောင်မြင်မြင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောင်းနိုင်ခဲ့တဲ့ နိုင်ငံတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘာတွေ ကွာသလဲဆိုတော့ လူတွေ အသက်တွေ ရာ ထောင်သောင်းချီပြီး စတေးမှ နှစ်ပေါင်းများစွာ တိုင်းပြည်ဟာ တလိမ့်ခေါက်ကွေး နာကျင်ပြီးမှ အပြောင်းအလဲတွေ ရတဲ့ တိုင်းပြည်ရှိသလို ဉာဏ်အမြော်အမြင် ကြီးကြီးနဲ့ ပြောင်းနိုင်ခဲ့တဲ့ တိုင်းပြည်များကိုလည်း တွေ့ရပါလိမ့်မယ်။ အညင်သာဆုံးနဲ့ အမြန်ဆုံး  ပြောင်းနိုင်ခဲ့တဲ့ တိုင်းပြည်တွေကို ကြည့်ရင် အဲဒီတိုင်းပြည်က ပြည်သူတွေနဲ့ အာဏာရှင်အစိုးရနဲ့ ထိပ်တိုက်တွေ့တဲ့ပွဲမှာ ပြည်သူတွေက ပြန်ပြီး နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့သမျှ၊ အနိုင်ကျင့်သမျှကို ပြန်တွန်းလှန်တဲ့အခါမှာ လက်နက်ကိုင်အဖွဲ့အစည်းများဟာ အဲဒီအာဏာရှင်အစိုးရကို မကာကွယ်ခဲ့သလို ပြည်သူကိုလည်း လက်လွတ်စပယ် အနိုင်ကျင့် အကြမ်းဖက် မဖြိုခွင်းခဲ့ဘူး ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တသားတည်း အတူပူးပေါင်းပြီးတော့ အာဏာရှင်တွေကို မျက်နှာချင်းဆိုင်တဲ့ ပြည်သူ့ဘက်တော်သားများအဖြစ် ပြတ်ပြတ်သားသား ရပ်ခဲ့တာကို တွေ့ရပါလိမ့်မယ်။  ဒါကြောင့် နိုင်ငံတနိုင်ငံရဲ့ အကူးအပြောင်းဟာ ဘယ်လောက် ညင်သာတယ်၊ ဘယ်လောက် ကြမ်းတမ်းတယ်၊ ဘယ်လောက် လွယ်တယ်၊ ခက်တယ်၊ ဘယ်လောက် နာတယ်၊ ဘယ်လောက် သာတယ် ဆိုတာဟာ အဲဒီနိုင်ငံမှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဉာဏ်အမြော်အမြင်၊ ရှေ့ရေးကို တွေးတောနိုင်မှုနဲ့ စိတ်စေတနာအပေါ်မှာလည်း များစွာ မူတည်တယ် ဆိုတာလည်း တွေ့ကြရမှာပါ။ ကျနော်တို့ ပြည်သူတွေဘက်ကတော့ ယုံကြည်တာ ရှိပါတယ်။ ပြည်သူတွေနဲ့ ပူးပေါင်းမယ့်၊ ပြည်သူတွေ ဆန္ဒအမှန်ကို တရားမျှတမှုအတွက် လိုက်လျောမယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပူးပေါင်းမယ့် အဖွဲ့အစည်းတွေကို  ပြည်သူတွေက ကြိုနေမှာ ဖြစ်သလို၊ ပြည်သူတွေနဲ့ ဆန့်ကျင်မှ၊ ပြည်သူတွေနဲ့ မျက်နှာချင်းဆိုင်ပြီး ပြည်သူ့အရေးတော်ပုံကို ဖျက်လိုဖျက်ဆီး အနှောင့်အယှက်ပေးမယ်ဆိုတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ပြည်သူလူထုရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံက ကောင်းစွာ ဆုံးဖြတ်ပေးမှာပါ။  လွန်ခဲ့တဲ့ ၃၁ နှစ်တုန်းက ကြိုးဖုန်းတလုံးကို တရပ်ကွက်လုံး စုပြီး သုံးခဲ့ရတဲ့ဘဝ၊ အဆက်အသွယ် အင်မတန် ခက်တယ်။ အဲဒီကြားထဲက ရအောင် ကျနော်တို့ တွန်းလှန်ခဲ့တယ်။ အဲဒီအချိန်မှာ အတိုက်အခံပါတီရယ်လို့ ရှိဖို့ဝေးစွ၊ နိုင်ငံရေးအရ ဘာမှ ဖွဲ့စည်းခွင့်မရတဲ့အချိန် ပြည်သူလူထုဟာ နိုင်ငံရေးနောက်ခံ အဖွဲ့အစည်း မရှိဘဲနဲ့ အာဏာရတဲ့ တခုတည်းသော ပါတီကို ဆန့်ကျင်ရတယ်၊ အန်တုရတယ်ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အချင်းချင်း သစ္စာရှိမှု၊ အလုပ်လုပ်မှု၊ စည်းရုံးနိုင်မှုတွေဟာ ဘာတွေနဲ့ လုပ်ခဲ့ကြလဲဆိုတော့ သေချာတာက ဓနအင်အားနဲ့လည်း လုပ်လို့မရဘူး၊ ဆက်သွယ်ရေးကိရိယာတွေလည်း အင်မတန် ချို့ငဲ့တဲ့ခေတ်၊ စာတစောင် ထုတ်ချင်တယ်ဆိုရင်တောင် ကျနော်တို့ဟာ မီးချောင်းနဲ့ဖိပြီးတော့ မင်ခံစက္ကူပေါ်မှာ ဘောပန်ကို နစ်သွားချွန်ချွန်နဲ့ ရေးခဲ့ရတဲ့ခေတ်။ စာတစောင် မိတ္တူကူးပြီးထွက်လာရင် ကျနော်တို့မှာ အင်မတန် ပျော်ခဲ့ရတာ။ ဒီကနေ့လို ကလစ် တချက်နှိပ်လိုက်ရုံနဲ့ တကမ္ဘာလုံး ပြန့်တာ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ကျနော်တို့ ရအောင် လုပ်နိုင်ခဲ့တယ်။ ကျနော်တို့လူထုက အဲဒီအချိန်မှာ စိတ်အားဖြင့် ညွှတ်လိုက်ပြီဆိုရင် တရားမျှတ လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှခြင်း ဆိုတဲ့ အားလုံးအတွက် မည်သူ သဘောတူတဲ့အချက်ကို ညွှတ်လို့ရတယ်။ ဘယ်တစုံတယောက်ကမှ၊ ဘယ်တစုတဖွဲ့ကမှ အမိန့်ပေးစရာမလိုလောက်အောင် ကျနော်တို့ ပြည်သူတွေ သိတတ်ခဲ့တယ်၊ ညီခဲ့ကြတယ်။ ဒါနဲ့ ကျနော်တို့ရဲ့ မွဲတေနေတဲ့ အခြေအနေကနေပဲ ပိုစတာတွေ ရအောင် ကပ်ခဲ့ကြတယ်။ နံရံမှာ ဆေးနဲ့ မရေးနိုင်‌ပေမယ့် ပေတရာလမ်းပေါ်မှာ သွေးနဲ့ ရေးနိုင်တယ်၊ ကျနော်တို့မှာ စက္ကူကောင်းကောင်း မရှိပေမယ့် အိမ်တွေမှာရှိတဲ့ ပြက္ခဒိန်နောက်ကျောတွေကို ဖြုတ်ပြီးတော့ ကျနော်တို့ ပိုစတာရေးခဲ့ကြပါတယ်။ အခုလို စပီကာကောင်းကောင်းနဲ့ စကားမပြောနိုင်ပေမယ့် တိုက်ပွဲရဲ့အစမှာ ကြုံးအော်တဲ့အချိန်မှာ အရပ်ထဲမှာ ရေနံဆီရောင်းတဲ့ အော်လံလေးနဲ့ ကျနော်တို့ တိုက်ပွဲခေါ်နိုင်ခဲ့ကြတယ်။ ဟောဒီ မြို့တော်ခန်းမတဝိုက် ရှစ်လေးလုံးမှာ စပြီးတော့ ချီတက်ကြပြီဆိုတဲ့အချိန်မှာ အလံတွေ မရှိတုန်းကလည်း ကျနော်တို့ရဲ့ စိတ်ဓာတ်ကို အောင်လံလို သဘောထားပြီးတော့ တက်ခဲ့ကြတယ်။ တိုက်နံရံ လှေကားကပ်ထောင်ပြီးတော့ တယောက်ပြီးတယောက် လှုံ့ဆော်နိုင်ခဲ့တယ်။ စည်းရုံးနိုင်ခဲ့တယ်။ အဲဒီလောက် အရည်အသွေးပြည့်တဲ့ ပြည်သူတွေ နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်လာတာ ဒီကနေ့ ဒီအချိန်တော့ ရောက်ပြီ။ လွှတ်တော်ဆိုတာ ပေါ်လာပြီ။ ဒီမိုကရေစီအစိုးရ အမည်ခေါ်ကြတဲ့ အစိုးရအဖွဲ့တွေလည်း ရှိလာပြီ။ ရာနှုန်းပြည့်မရောက်သေးဘူး ဆိုတာလည်း သိပါလိမ့်မယ်။ များစွာသော အခက်အခဲတွေ အတားအဆီးတွေ ရှိနေတာလည်း ကျနော်တို့ သဘောပေါက်ပြီးသားပါ။ ကျနော်တို့ပြည်သူတွေ ဆက်လျှောက်ရမယ့်ခရီးမှာ ဘယ်သို့သော ခြိမ်းခြောက်မှုတွေ ရှိပါစေ၊ အခက်အခဲတွေ ရှိပါစေ၊ ကျနော်တို့ရဲ့ အတွေ့အကြုံတွေ နှစ်ပေါင်းများစွာ ကျွန်မခံဘူးဆိုတဲ့ စိတ်နဲ့ ရုန်းကန်ခဲ့ရတဲ့ လူတွေကတော့ ပြောင်းလဲမှာ မဟုတ်ဘူး။ ငုပ်လျှိုးသွားမှာ မဟုတ်ဘူး။ ရှစ်လေးလုံးဆိုတဲ့ သမိုင်းဟာ ကမ္ဘာကြီးက အသိအမှတ်ပြုရတဲ့ တကယ့်အချိုးအကွေ့ကြီးပါ။ ကျနော်တို့နိုင်ငံမှာ ဖြစ်ပြီးတဲ့နောက်မှာ ဥရောပ၊ အရှေ့ဥရောပ တတိုက်လုံးနီးပါး ပြောင်းလဲခဲ့တယ်။ ဘာလင်တံတိုင်း ပြိုကျတယ်။ ကျနော်တို့ထက် စောခဲ့တဲ့ ဖိလစ်ပိုင်လို၊ ကိုရီးယားလို ရှေ့ခေတ်က လုပ်သွားခဲ့တဲ့ ပြည်သူတွေရဲ့ သတ္တိကိုလည်း ကျနော်တို့ အတုယူခဲ့တယ်။ အချိန်တန်လို့ လူ့ရဲ့ ဇရာသဘောအရ ပျောက်ကြ၊ သေကြမယ်ဆိုရင်တောင် ပြည်သူတွေရဲ့သတ္တိကို ကမ္ဘာကြီးက သတိရနေမှာပါ။ ကမ္ဘာကြီး တုန်လှုပ်အောင် ပြောင်းလဲနိုင်ခဲ့တဲ့ လူသတ်ပွဲတွေကြားထဲက၊ တယောက်ကျ တယောက်တက်ခဲ့တဲ့ ပြည်သူတွေရဲ့သတ္တိ၊ စွမ်းဆောင်မှုတွေကြောင် ဒီကနေ့ ဒီအခြေအနေကို ရောက်တယ်ဆိုတာ ဝန်ခံချင်ပါတယ်။ အဲဒီအညတရ ပြည်သူတွေရဲ့နာမည်ကို အကုန်လုံး ကျနော်တို့ လိုက်မမေးနိုင်ပါဘူး။ တချို့တွေလည်း မသိကြတော့ပါဘူး။ အဓိကကတော့ ခေတ်တိုင်း စနစ်တိုင်း တော်လှန်ရေး အရေးတော်ပုံတိုင်းမှာ အညတရ နာမည်မသိလိုက်ရတဲ့ ပြည်သူတွေရဲ့ ပေးဆပ်မှုသာလျှင် အောက်ဆုံးက အရိုးတွေအပြည့် ခင်းရတာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေ၊ လက်ရှိ ဦးဆောင်နေသူတွေ တာဝန်အသီးသီး ယူနေရသူတွေရဲ့ နှုတ်ထွက်စကား၊ စိတ်သဘောထားတွေတိုင်းမှာ အဲဒီကျဆုံးခဲ့တဲ့၊ ပေးဆပ်ခဲ့တဲ့ အညတရ ပြည်သူတွေရဲ့ တန်ဖိုးနဲ့ ဂုဏ်သိက္ခာ၊ သူတို့ရဲ့ စွမ်းဆောင်မှုတွေကို ဘယ်တော့မှ မမေ့မလျော့စတမ်း ဂုဏ်ပြုနိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။ ရှစ်လေးလုံးဟာ ဘယ်လောက်ပင် အကျအဆုံး များခဲ့လည်း ကျနော်တို့တွေရဲ့ အောင်ပွဲလို့ မြဲမြဲမှတ်ပါ။ ကျနော်တို့လူထု တကယ်ညီရင် ဘယ်လောက် အားကြီးတဲ့ အာဏာရှင် ဖြစ်ပါစေ၊ ဘယ်လောက် ငြင်းဆန်ပါစေ၊ ကျနော်တို့ ရအောင် တက်နိုင်ခဲ့တယ်၊ ရောက်အောင် ချီနိုင်ခဲ့တယ် ဆိုတာ ပြတာက ရှစ်လေးလုံး စိတ်ပါ။ ရှစ်လေးလုံးဟာ တကယ်တော့ အောင်စိတ်ပါ။ အဲဒီအောင်စိတ်နဲ့သာ ဆက်ပြီး ချွန်ကြပါစို့လို့ တိုက်တွန်းရင်း အဆုံးသတ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ရွစ္ေလးလုံးအေရးေတာ္ပုံအတြင္း အသက္ေပးဆပ္ခဲ့ၾကတဲ့ အညတရ ျပည္သူေတြကို မေမ့ၾကရန္ ဦးမင္းကိုႏိုင္ တိုက္တြန္း ၃၁ ႏွစ္ေျမာက္ ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံေန႔ အခမ္းအနားကို ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံမွာ ဒီေန႔မနက္ပိုင္းက က်င္းပခဲ့ပါတယ္။ အာ ၈၈ မ်ိဳးေဆာက္ ေက်ာင္းသားေခါင္းေဆာင္တဦးျဖစ္တဲ့  ဦးမင္းကိုႏိုင္က လက္ရွိ ဒီမိုကေရစီျဖစ္စဥ္ေတြဟာ ရွစ္ေလးလုံးအေရးေတာ္ပုံမွာ အသက္ေပးဆပ္ခဲ့ၾကတဲ့ အညတရ ျပည္သူေတြရဲ႕ စြမ္းေဆာင္မႈေၾကာင့္ျဖစ္ၿပီး အဲဒီလူေတြအေပၚ လက္ရွိတာဝန္ထမ္းေဆာင္သူေတြအေနနဲ႔ မေမ့ဖို႔ တိုက္တြန္းလိုက္ပါတယ္။ ဦးမင္းကိုႏိုင္ ေျပာၾကားခ်က္ အျပည့္အစုံ ဖတ္ရႈရန္– “ခံျပင္းဖြယ္၊ ေၾကကြဲဖြယ္၊ သမိုင္းမွာ မွတ္တမ္းတင္ဖြယ္ ကိစၥေတြကို ၃၁ ႏွစ္ကာလကတည္းကေန အက်ဥ္းေထာင္ေတြထဲမွာ၊ ေတာေတြမွာ၊ နယ္စပ္မွာ၊ ႏိုင္ငံတကာမွာ ႏွစ္စဥ္ႏွစ္တိုင္း ျပန္ေျပာင္း ေျပာခဲ့ၾကပါတယ္။ ဒီႏွစ္ေတာ့ ၃၁ ႏွစ္ၾကာက ျဖစ္ခဲ့သမွ်‌ ကိစၥေတြကို ဒီၿမိဳ႕ေတာ္ခန္းမေရွ႕မွာပဲ ျပန္ၿပီး ေျပာၾကဖို႔ အခြင့္အေရးႀကဳံျပန္ပါၿပီ။ အဲဒီအခါ ေျပာတဲ့သူေတြက ဘယ္စိတ္ေတြနဲ႔ ေျပာၾကမွာလဲ။ နားေထာင္တဲ့ လူေတြကေကာ ဘယ္စိတ္ေတြနဲ႔ နားေထာင္ၾကမွာလဲ။ စဥ္းစားပါတယ္။ ၃၁ ႏွစ္ ဆိုတဲ့အခ်ိန္ဟာ က်ေနာ္တို႔ကိုယ္တိုင္ ဒါေတြကို ေျပာရမယ့္အစား ေနာက္မ်ိဳးဆက္ေတြက ေဟာဒီအျဖစ္အပ်က္ေတြကို ေကာင္းစြာသိရွိၿပီး သူတို႔ကိုယ္တိုင္ ေဝဖန္သုံးသပ္ၾက၊ အနာဂတ္ကို ေမွ်ာ္ရည္ၿပီး သူတို႔ရဲ႕ စိတ္ကူးႏိုင္ငံေတာ္သစ္ကို တည္ေဆာက္ၾကရမယ့္ အခ်ိန္လည္းသင့္ၿပီလို႔ က်ေနာ္ နားလည္ပါတယ္။ က်ေနာ္တို႔ႏိုင္ငံဟာ တာထြက္ အင္မတန္ ေစာခဲ့ပါတယ္။ ၁၉၈၈ မွာ က်ေနာ္တို႔ႏိုင္ငံက တပါတီ အာဏာရွင္စနစ္ကေန ဒီမိုကေရစီစနစ္ကို ေတာင္းတယ္ဆိုတာ အင္မတန္ ေစာပါတယ္။ အေရွ႕ဥေရာပတခုလုံးဟာ က်ေနာ္တို႔ရဲ႕ေနာက္မွာ ဒီမိုကေရးစီေရးေတြ ေတာင္းဆိုၿပီးေတာ့ ျမန္ဆန္တဲ့ ကာလတခုအတြင္းမွာ အထိအခိုက္ အက်အဆုံး အနည္းဆုံးနဲ႔ ေျပာင္းလဲႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ က်ေနာ္တို႔အားလုံးရဲ႕ တိုက္ပြဲဝင္သီခ်င္း ျဖစ္တဲ့ ကမာၻမေၾကဘူးဆိုတဲ့ သီခ်င္းကို ဆိုေနရင္း ကိုရီးယားႏိုင္ငံမွာ ဂြမ္က်ဴးအေရးေတာ္ပုံတုန္းက ပါခဲ့တဲ့ ေက်ာင္းသားေတြ ဒီကေန႔အထိ ဂြမ္က်ဴးၿမိဳ႕မွာ ႏွစ္စဥ္ ႏွစ္စဥ္ ေရာက္တိုင္း သူတို႔ရဲ႕ တိုက္ပြဲဝင္သီခ်င္းကို ရာသီဥတု ဘယ္ေလာက္ၾကမ္းၾကမ္း၊ တခ်ိဳ႕အမ်ိဳးသမီးေတြဆိုရင္ ဆံပင္ျဖဴၿပီးေတာ့ အဘြားႀကီးေတြ ျဖစ္တဲ့အ႐ြယ္ထဲကို ေရာက္ေနၿပီ။ ဒါေပမဲ့ သူတို႔ အားနဲ႔မာန္နဲ႔အျပည့္ ဆိုေနတုန္းပဲ။ သူတို႔ေတြလည္း စိုးရိမ္တာက ေႏွာင္းလူေတြ တန္ဖိုးထားမႈ ေလ်ာ့မွာကို စိုးရိမ္တယ္။ ဘယ္ေလာက္ ၾကမ္းၾကမ္းတမ္းတမ္း ေပးဆပ္ခဲ့ရတယ္ ဆိုတာကို သိေစခ်င္တယ္။ အေရွ႕ဥေရာပမွာဆိုရင္ ဘယ္ေလာက္ ညင္ညင္သာသာ ကူးေျပာင္းခဲ့သလဲဆိုရင္ ကတၱီပါေတာ္လွန္ေရးလို႔ ေခၚရေလာက္ေအာင္ ေသြးထြက္သံယို အထိအခိုက္ အက်အဆုံး အနည္းဆုံးလမ္းကို ေ႐ြးႏိုင္ခဲ့တဲ့ ႏိုင္ငံေတြ၊ ေအာင္ေအာင္ျမင္ျမင္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေျပာင္းႏိုင္ခဲ့တဲ့ ႏိုင္ငံေတြကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ဘာေတြ ကြာသလဲဆိုေတာ့ လူေတြ အသက္ေတြ ရာ ေထာင္ေသာင္းခ်ီၿပီး စေတးမွ ႏွစ္ေပါင္းမ်ားစြာ တိုင္းျပည္ဟာ တလိမ့္ေခါက္ေကြး နာက်င္ၿပီးမွ အေျပာင္းအလဲေတြ ရတဲ့ တိုင္းျပည္ရွိသလို ဉာဏ္အေျမာ္အျမင္ ႀကီးႀကီးနဲ႔ ေျပာင္းႏိုင္ခဲ့တဲ့ တိုင္းျပည္မ်ားကိုလည္း ေတြ႕ရပါလိမ့္မယ္။ အညင္သာဆုံးနဲ႔ အျမန္ဆုံး  ေျပာင္းႏိုင္ခဲ့တဲ့ တိုင္းျပည္ေတြကို ၾကည့္ရင္ အဲဒီတိုင္းျပည္က ျပည္သူေတြနဲ႔ အာဏာရွင္အစိုးရနဲ႔ ထိပ္တိုက္ေတြ႕တဲ့ပြဲမွာ ျပည္သူေတြက ျပန္ၿပီး ႏွစ္ေပါင္းမ်ားစြာ ဖိႏွိပ္ခဲ့သမွ်၊ အႏိုင္က်င့္သမွ်ကို ျပန္တြန္းလွန္တဲ့အခါမွာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားဟာ အဲဒီအာဏာရွင္အစိုးရကို မကာကြယ္ခဲ့သလို ျပည္သူကိုလည္း လက္လြတ္စပယ္ အႏိုင္က်င့္ အၾကမ္းဖက္ မၿဖိဳခြင္းခဲ့ဘူး ဆိုတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ျပည္သူလူထုနဲ႔ တသားတည္း အတူပူးေပါင္းၿပီးေတာ့ အာဏာရွင္ေတြကို မ်က္ႏွာခ်င္းဆိုင္တဲ့ ျပည္သူ႔ဘက္ေတာ္သားမ်ားအျဖစ္ ျပတ္ျပတ္သားသား ရပ္ခဲ့တာကို ေတြ႕ရပါလိမ့္မယ္။ ဒါေၾကာင့္ ႏိုင္ငံတႏိုင္ငံရဲ႕ အကူးအေျပာင္းဟာ ဘယ္ေလာက္ ညင္သာတယ္၊ ဘယ္ေလာက္ ၾကမ္းတမ္းတယ္၊ ဘယ္ေလာက္ လြယ္တယ္၊ ခက္တယ္၊ ဘယ္ေလာက္ နာတယ္၊ ဘယ္ေလာက္ သာတယ္ ဆိုတာဟာ အဲဒီႏိုင္ငံမွာ ရွိေနတဲ့ လက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ ဉာဏ္အေျမာ္အျမင္၊ ေရွ႕ေရးကို ေတြးေတာႏိုင္မႈနဲ႔ စိတ္ေစတနာအေပၚမွာလည္း မ်ားစြာ မူတည္တယ္ ဆိုတာလည္း ေတြ႕ၾကရမွာပါ။ က်ေနာ္တို႔ ျပည္သူေတြဘက္ကေတာ့ ယုံၾကည္တာ ရွိပါတယ္။ ျပည္သူေတြနဲ႔ ပူးေပါင္းမယ့္၊ ျပည္သူေတြ ဆႏၵအမွန္ကို တရားမွ်တမႈအတြက္ လိုက္ေလ်ာမယ့္ လက္နက္ကိုင္အဖြဲ႕အစည္းေတြ၊ ပူးေပါင္းမယ့္ အဖြဲ႕အစည္းေတြကို  ျပည္သူေတြက ႀကိဳေနမွာ ျဖစ္သလို၊ ျပည္သူေတြနဲ႔ ဆန႔္က်င္မွ၊ ျပည္သူေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ၿပီး ျပည္သူ႔အေရးေတာ္ပုံကို ဖ်က္လိုဖ်က္ဆီး အေႏွာင့္အယွက္ေပးမယ္ဆိုတဲ့ ဘယ္အဖြဲ႕အစည္းကိုမဆို ျပည္သူလူထုရဲ႕ ႏွစ္ေပါင္းမ်ားစြာ အေတြ႕အႀကဳံက ေကာင္းစြာ ဆုံးျဖတ္ေပးမွာပါ။ လြန္ခဲ့တဲ့ ၃၁ ႏွစ္တုန္းက ႀကိဳးဖုန္းတလုံးကို တရပ္ကြက္လုံး စုၿပီး သုံးခဲ့ရတဲ့ဘဝ၊ အဆက္အသြယ္ အင္မတန္ ခက္တယ္။ အဲဒီၾကားထဲက ရေအာင္ က်ေနာ္တို႔ တြန္းလွန္ခဲ့တယ္။ အဲဒီအခ်ိန္မွာ အတိုက္အခံပါတီရယ္လို႔ ရွိဖို႔ေဝးစြ၊ ႏိုင္ငံေရးအရ ဘာမွ ဖြဲ႕စည္းခြင့္မရတဲ့အခ်ိန္ ျပည္သူလူထုဟာ ႏိုင္ငံေရးေနာက္ခံ အဖြဲ႕အစည္း မရွိဘဲနဲ႔ အာဏာရတဲ့ တခုတည္းေသာ ပါတီကို ဆန႔္က်င္ရတယ္၊ အန္တုရတယ္ဆိုတာ လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ အခ်င္းခ်င္း သစၥာရွိမႈ၊ အလုပ္လုပ္မႈ၊ စည္း႐ုံးႏိုင္မႈေတြဟာ ဘာေတြနဲ႔ လုပ္ခဲ့ၾကလဲဆိုေတာ့ ေသခ်ာတာက ဓနအင္အားနဲ႔လည္း လုပ္လို႔မရဘူး၊ ဆက္သြယ္ေရးကိရိယာေတြလည္း အင္မတန္ ခ်ိဳ႕ငဲ့တဲ့ေခတ္၊ စာတေစာင္ ထုတ္ခ်င္တယ္ဆိုရင္ေတာင္ က်ေနာ္တို႔ဟာ မီးေခ်ာင္းနဲ႔ဖိၿပီးေတာ့ မင္ခံစကၠဴေပၚမွာ ေဘာပန္ကို နစ္သြားခြၽန္ခြၽန္နဲ႔ ေရးခဲ့ရတဲ့ေခတ္။ စာတေစာင္ မိတၱဴကူးၿပီးထြက္လာရင္ က်ေနာ္တို႔မွာ အင္မတန္ ေပ်ာ္ခဲ့ရတာ။ ဒီကေန႔လို ကလစ္ တခ်က္ႏွိပ္လိုက္႐ုံနဲ႔ တကမာၻလုံး ျပန႔္တာ မဟုတ္ခဲ့ဘူး။ ဒါေပမဲ့ က်ေနာ္တို႔ ရေအာင္ လုပ္ႏိုင္ခဲ့တယ္။ က်ေနာ္တို႔လူထုက အဲဒီအခ်ိန္မွာ စိတ္အားျဖင့္ ၫႊတ္လိုက္ၿပီဆိုရင္ တရားမွ်တ လြတ္လပ္ျခင္းနဲ႔ တန္းတူညီမွ်ျခင္း ဆိုတဲ့ အားလုံးအတြက္ မည္သူ သေဘာတူတဲ့အခ်က္ကို ၫႊတ္လို႔ရတယ္။ ဘယ္တစုံတေယာက္ကမွ၊ ဘယ္တစုတဖြဲ႕ကမွ အမိန႔္ေပးစရာမလိုေလာက္ေအာင္ က်ေနာ္တို႔ ျပည္သူေတြ သိတတ္ခဲ့တယ္၊ ညီခဲ့ၾကတယ္။ ဒါနဲ႔ က်ေနာ္တို႔ရဲ႕ မြဲေတေနတဲ့ အေျခအေနကေနပဲ ပိုစတာေတြ ရေအာင္ ကပ္ခဲ့ၾကတယ္။ နံရံမွာ ေဆးနဲ႔ မေရးႏိုင္‌ေပမယ့္ ေပတရာလမ္းေပၚမွာ ေသြးနဲ႔ ေရးႏိုင္တယ္၊ က်ေနာ္တို႔မွာ စကၠဴေကာင္းေကာင္း မရွိေပမယ့္ အိမ္ေတြမွာရွိတဲ့ ျပကၡဒိန္ေနာက္ေက်ာေတြကို ျဖဳတ္ၿပီးေတာ့ က်ေနာ္တို႔ ပိုစတာေရးခဲ့ၾကပါတယ္။ အခုလို စပီကာေကာင္းေကာင္းနဲ႔ စကားမေျပာႏိုင္ေပမယ့္ တိုက္ပြဲရဲ႕အစမွာ ႀကဳံးေအာ္တဲ့အခ်ိန္မွာ အရပ္ထဲမွာ ေရနံဆီေရာင္းတဲ့ ေအာ္လံေလးနဲ႔ က်ေနာ္တို႔ တိုက္ပြဲေခၚႏိုင္ခဲ့ၾကတယ္။ ေဟာဒီ ၿမိဳ႕ေတာ္ခန္းမတဝိုက္ ရွစ္ေလးလုံးမွာ စၿပီးေတာ့ ခ်ီတက္ၾကၿပီဆိုတဲ့အခ်ိန္မွာ အလံေတြ မရွိတုန္းကလည္း က်ေနာ္တို႔ရဲ႕ စိတ္ဓာတ္ကို ေအာင္လံလို သေဘာထားၿပီးေတာ့ တက္ခဲ့ၾကတယ္။ တိုက္နံရံ ေလွကားကပ္ေထာင္ၿပီးေတာ့ တေယာက္ၿပီးတေယာက္ လႈံ႕ေဆာ္ႏိုင္ခဲ့တယ္။ စည္း႐ုံးႏိုင္ခဲ့တယ္။ အဲဒီေလာက္ အရည္အေသြးျပည့္တဲ့ ျပည္သူေတြ ႏွစ္ေပါင္းမ်ားစြာ ႀကံ့ႀကံ့ခံၿပီးေတာ့ ရင္ဆိုင္လာတာ ဒီကေန႔ ဒီအခ်ိန္ေတာ့ ေရာက္ၿပီ။ လႊတ္ေတာ္ဆိုတာ ေပၚလာၿပီ။ ဒီမိုကေရစီအစိုးရ အမည္ေခၚၾကတဲ့ အစိုးရအဖြဲ႕ေတြလည္း ရွိလာၿပီ။ ရာႏႈန္းျပည့္မေရာက္ေသးဘူး ဆိုတာလည္း သိပါလိမ့္မယ္။ မ်ားစြာေသာ အခက္အခဲေတြ အတားအဆီးေတြ ရွိေနတာလည္း က်ေနာ္တို႔ သေဘာေပါက္ၿပီးသားပါ။ က်ေနာ္တို႔ျပည္သူေတြ ဆက္ေလွ်ာက္ရမယ့္ခရီးမွာ ဘယ္သို႔ေသာ ၿခိမ္းေျခာက္မႈေတြ ရွိပါေစ၊ အခက္အခဲေတြ ရွိပါေစ၊ က်ေနာ္တို႔ရဲ႕ အေတြ႕အႀကဳံေတြ ႏွစ္ေပါင္းမ်ားစြာ ကြၽန္မခံဘူးဆိုတဲ့ စိတ္နဲ႔ ႐ုန္းကန္ခဲ့ရတဲ့ လူေတြကေတာ့ ေျပာင္းလဲမွာ မဟုတ္ဘူး။ ငုပ္လွ်ိဳးသြားမွာ မဟုတ္ဘူး။ ရွစ္ေလးလုံးဆိုတဲ့ သမိုင္းဟာ ကမာၻႀကီးက အသိအမွတ္ျပဳရတဲ့ တကယ့္အခ်ိဳးအေကြ႕ႀကီးပါ။ က်ေနာ္တို႔ႏိုင္ငံမွာ ျဖစ္ၿပီးတဲ့ေနာက္မွာ ဥေရာပ၊ အေရွ႕ဥေရာပ တတိုက္လုံးနီးပါး ေျပာင္းလဲခဲ့တယ္။ ဘာလင္တံတိုင္း ၿပိဳက်တယ္။ က်ေနာ္တို႔ထက္ ေစာခဲ့တဲ့ ဖိလစ္ပိုင္လို၊ ကိုရီးယားလို ေရွ႕ေခတ္က လုပ္သြားခဲ့တဲ့ ျပည္သူေတြရဲ႕ သတၱိကိုလည္း က်ေနာ္တို႔ အတုယူခဲ့တယ္။ အခ်ိန္တန္လို႔ လူ႔ရဲ႕ ဇရာသေဘာအရ ေပ်ာက္ၾက၊ ေသၾကမယ္ဆိုရင္ေတာင္ ျပည္သူေတြရဲ႕သတၱိကို ကမာၻႀကီးက သတိရေနမွာပါ။ ကမာၻႀကီး တုန္လႈပ္ေအာင္ ေျပာင္းလဲႏိုင္ခဲ့တဲ့ လူသတ္ပြဲေတြၾကားထဲက၊ တေယာက္က် တေယာက္တက္ခဲ့တဲ့ ျပည္သူေတြရဲ႕သတၱိ၊ စြမ္းေဆာင္မႈေတြေၾကာင္ ဒီကေန႔ ဒီအေျခအေနကို ေရာက္တယ္ဆိုတာ ဝန္ခံခ်င္ပါတယ္။ အဲဒီအညတရ ျပည္သူေတြရဲ႕နာမည္ကို အကုန္လုံး က်ေနာ္တို႔ လိုက္မေမးႏိုင္ပါဘူး။ တခ်ိဳ႕ေတြလည္း မသိၾကေတာ့ပါဘူး။ အဓိကကေတာ့ ေခတ္တိုင္း စနစ္တိုင္း ေတာ္လွန္ေရး အေရးေတာ္ပုံတိုင္းမွာ အညတရ နာမည္မသိလိုက္ရတဲ့ ျပည္သူေတြရဲ႕ ေပးဆပ္မႈသာလွ်င္ ေအာက္ဆုံးက အ႐ိုးေတြအျပည့္ ခင္းရတာ ျဖစ္ပါတယ္။ အဖြဲ႕အစည္းေတြ၊ လက္ရွိ ဦးေဆာင္ေနသူေတြ တာဝန္အသီးသီး ယူေနရသူေတြရဲ႕ ႏႈတ္ထြက္စကား၊ စိတ္သေဘာထားေတြတိုင္းမွာ အဲဒီက်ဆုံးခဲ့တဲ့၊ ေပးဆပ္ခဲ့တဲ့ အညတရ ျပည္သူေတြရဲ႕ တန္ဖိုးနဲ႔ ဂုဏ္သိကၡာ၊ သူတို႔ရဲ႕ စြမ္းေဆာင္မႈေတြကို ဘယ္ေတာ့မွ မေမ့မေလ်ာ့စတမ္း ဂုဏ္ျပဳႏိုင္ပါေစလို႔လည္း ဆႏၵျပဳပါတယ္။ ရွစ္ေလးလုံးဟာ ဘယ္ေလာက္ပင္ အက်အဆုံး မ်ားခဲ့လည္း က်ေနာ္တို႔ေတြရဲ႕ ေအာင္ပြဲလို႔ ၿမဲၿမဲမွတ္ပါ။ က်ေနာ္တို႔လူထု တကယ္ညီရင္ ဘယ္ေလာက္ အားႀကီးတဲ့ အာဏာရွင္ ျဖစ္ပါေစ၊ ဘယ္ေလာက္ ျငင္းဆန္ပါေစ၊ က်ေနာ္တို႔ ရေအာင္ တက္ႏိုင္ခဲ့တယ္၊ ေရာက္ေအာင္ ခ်ီႏိုင္ခဲ့တယ္ ဆိုတာ ျပတာက ရွစ္ေလးလုံး စိတ္ပါ။ ရွစ္ေလးလုံးဟာ တကယ္ေတာ့ ေအာင္စိတ္ပါ။ အဲဒီေအာင္စိတ္နဲ႔သာ ဆက္ၿပီး ခြၽန္ၾကပါစို႔လို႔ တိုက္တြန္းရင္း အဆုံးသတ္ပါတယ္။
2 years Ago

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့  ကာတွန်းပြခန်း (ဓာတ်ပုံ)

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံထဲမှာ ကျင်းပနေတဲ့ ၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားမှာ မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းကနေ ပူးပေါင်းပါဝင်ပြီးတော့ ကာတွန်းပုံ ၁၀၀ ကျော် ပြသထားပါတယ်။ ရှစ်လေးလုံး ကာလအတွင်းက ထုတ်ဝေခဲ့တဲ့ ကာတွန်း ၂၀ ကျော်နဲ့ ၈၈ အရေးအခင်းနဲ့ ပတ်သက်တဲ့ ကာတွန်း ၁၀၀ ကျော် ခင်းကျင်းပြသထားတယ်လို့ မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း အလုပ်အမှုဆောင် ကာတွန်း ဇဝနသားက ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံေန႔  ကာတြန္းျပခန္း (ဓာတ္ပုံ) DVB ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံထဲမွာ က်င္းပေနတဲ့ ၃၁ ႏွစ္ျပည့္ ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံေန႔ အခမ္းအနားမွာ ျမန္မာႏိုင္ငံ ကာတြန္းဆရာမ်ားအသင္းကေန ပူးေပါင္းပါဝင္ၿပီးေတာ့ ကာတြန္းပုံ ၁၀၀ ေက်ာ္ ျပသထားပါတယ္။ ရွစ္ေလးလုံး ကာလအတြင္းက ထုတ္ေဝခဲ့တဲ့ ကာတြန္း ၂၀ ေက်ာ္နဲ႔ ၈၈ အေရးအခင္းနဲ႔ ပတ္သက္တဲ့ ကာတြန္း ၁၀၀ ေက်ာ္ ခင္းက်င္းျပသထားတယ္လို႔ ျမန္မာႏိုင္ငံ ကာတြန္းဆရာမ်ားအသင္း အလုပ္အမႈေဆာင္ ကာတြန္း ဇဝနသားက ေျပာပါတယ္။
2 years Ago

မျိုးဆက်သစ်များ ရှစ်လေးလုံး သမိုင်းပေးတာဝန် လက်ဆင့်ကမ်းပြီး နိုင်ငံအပြောင်းအလဲ လုပ်ကြရန် တိုက်တွန်း

မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံက ပြဋ္ဌာန်းလိုက်တဲ့ သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်း တာဝန်ယူပြီး နိုင်ငံအပြောင်းအလဲကို လုပ်ဆောင်သွားကြဖို့ ရှစ်လေးလို့ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက တိုက်တွန်းပါတယ်။ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား ဒီနေ့မနက်ပိုင်းက စတင်ကျင်းပနေတာပါ။ မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ပြည့်စုံတဲ့ နိုင်ငံရေးအသိ၊ အမြင်နဲ့တွေနဲ့ ရှစ်လေးလုံး အရေးတော်ပုံက ပြဋ္ဌာန်းလိုက်တဲ့ သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်းရယူပြီး နိုင်ငံအပြောင်းအလဲကို လက်ဆင့်ကမ်း သယ်ယူသွားဖို့ လိုတယ်လို့ ၈၈၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က တိုက်တွန်းလိုက်တာပါ။  လက်ရှိအချိန်မှာတော့ ရှစ်လေးလုံး အရေးတော်ပုံက သက်မှတ်ပြဋ္ဌာန်းလိုက်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို စတင်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေပေမယ့် ဒီမိုကရေစီစနစ်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိသေးတဲ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ဆောင်ရေးတို့ကို လုပ်ဆောင်နိုင်ခြင်း မရှိသေးတဲ့အတွက် အရေးတော်ပုံ ရည်မှန်းချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့လည်း ဆိုပါတယ်။  ဒီအတွက် နောက်လာမယ့် မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံသမိုင်းကို လေ့လာကြဖို့ လိုအပ်ပြီး ပြည့်စုံကောင်းမွန်းတဲ့ နိုင်ငံရေး အသိအမြင်တွေနဲ့ ရှစ်လေးလုံး အရေးတော်ပုံ ပြဋ္ဌာန်းချက်များကို လက်ဆင့်ကမ်း တာဝန်ယူသွားမယ်လို့လည်း ယုံကြည်တယ်လို့ ဆိုပါတယ်။   ၃၁ ကြိမ်မြောက် ကျရောက်မယ့် ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့ အခမ်းအနားကတဆင့် မြန်မာနိုင်ငံ ပြည်သူအားလုံးနဲ့ သမဂ္ဂအဖွဲ့အစည်းအားလုံး စုစည်းညီညွတ်ရေး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ရှစ်လေးလုံး လူထုအရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းသစ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။  အခုလို တိုက်တွန်းပြောဆိုရတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အရေးကြီးတဲ့ အချိန်ကာလကို ရောက်ရှိနေတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူအားလုံးနဲ့ သမဂ္ဂအားလုံး ညီညွတ်မှုရရှိပြီး ရှစ်လေးလုံး စိတ်ဓာတ်အပြည့်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ခြင်းအားဖြင့် ပြင်ဆင်ရေး အောင်မြင်နိုင်မယ်လို့ ဆိုပါတယ်။  ပြင်ဆင်ရေးလုပ်ငန်းစဉ် အောင်မြင်သွားပါက သမဂ္ဂအားလုံး လိုလားတောင်းဆိုချက်များနဲ့ ပြည်သူလူထုအားလုံး လိုလားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများ ရရှိလာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version   မ်ိဳးဆက္သစ္မ်ား ရွစ္ေလးလုံး သမိုင္းေပးတာဝန္ လက္ဆင့္ကမ္းၿပီး ႏိုင္ငံအေျပာင္းအလဲ လုပ္ၾကရန္ တိုက္တြန္း DVB မ်ိဳးဆက္သစ္ လူငယ္ေတြအေနနဲ႔ ရွစ္ေလးလုံး အေရးေတာ္ပုံက ျပ႒ာန္းလိုက္တဲ့ သမိုင္းေပးတာဝန္ကို လက္ဆင့္ကမ္း တာဝန္ယူၿပီး ႏိုင္ငံအေျပာင္းအလဲကို လုပ္ေဆာင္သြားၾကဖို႔ ရွစ္ေလးလို႔ အေရးေတာ္ပုံမွာ ပါဝင္ခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္တဦးက တိုက္တြန္းပါတယ္။ ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံမွာ ၃၁ ႏွစ္ျပည့္ ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံေန႔ အခမ္းအနား ဒီေန႔မနက္ပိုင္းက စတင္က်င္းပေနတာပါ။ မ်ိဳးဆက္သစ္ လူငယ္ေတြအေနနဲ႔ ျပည့္စုံတဲ့ ႏိုင္ငံေရးအသိ၊ အျမင္နဲ႔ေတြနဲ႔ ရွစ္ေလးလုံး အေရးေတာ္ပုံက ျပ႒ာန္းလိုက္တဲ့ သမိုင္းေပးတာဝန္ကို လက္ဆင့္ကမ္းရယူၿပီး ႏိုင္ငံအေျပာင္းအလဲကို လက္ဆင့္ကမ္း သယ္ယူသြားဖို႔ လိုတယ္လို႔ ၈၈၈၈ အေရးေတာ္ပုံမွာ ပါဝင္ခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရည္မြန္က တိုက္တြန္းလိုက္တာပါ။ လက္ရွိအခ်ိန္မွာေတာ့ ရွစ္ေလးလုံး အေရးေတာ္ပုံက သက္မွတ္ျပ႒ာန္းလိုက္တဲ့ ပါတီစုံ ဒီမိုကေရစီစနစ္ကို စတင္ႏိုင္တဲ့ အေျခအေနကို ေရာက္ရွိေနေပမယ့္ ဒီမိုကေရစီစနစ္ကို အျပည့္အဝ အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ျခင္း မရွိေသးတဲ့အျပင္ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ဖက္ဒရယ္ ဒီမိုကေရစီစနစ္ အေကာင္အထည္ေဖာ္ေဆာင္ေရးတို႔ကို လုပ္ေဆာင္ႏိုင္ျခင္း မရွိေသးတဲ့အတြက္ အေရးေတာ္ပုံ ရည္မွန္းခ်က္ကို အျပည့္အဝ အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ျခင္း မရွိေသးဘူးလို႔လည္း ဆိုပါတယ္။ ဒီအတြက္ ေနာက္လာမယ့္ မ်ိဳးဆက္သစ္ လူငယ္ေတြအေနနဲ႔ ရွစ္ေလးလုံး လူထုအေရးေတာ္ပုံသမိုင္းကို ေလ့လာၾကဖို႔ လိုအပ္ၿပီး ျပည့္စုံေကာင္းမြန္းတဲ့ ႏိုင္ငံေရး အသိအျမင္ေတြနဲ႔ ရွစ္ေလးလုံး အေရးေတာ္ပုံ ျပ႒ာန္းခ်က္မ်ားကို လက္ဆင့္ကမ္း တာဝန္ယူသြားမယ္လို႔လည္း ယုံၾကည္တယ္လို႔ ဆိုပါတယ္။ ၃၁ ႀကိမ္ေျမာက္ က်ေရာက္မယ့္ ရွစ္ေလးလုံး လူထုအေရးေတာ္ပုံ ႏွစ္ပတ္လည္ေန႔ အခမ္းအနားကတဆင့္ ျမန္မာႏိုင္ငံ ျပည္သူအားလုံးနဲ႔ သမဂၢအဖြဲ႕အစည္းအားလုံး စုစည္းညီၫြတ္ေရး လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ရွစ္ေလးလုံး လူထုအေရးေတာ္ပုံမွာ ပါဝင္ခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၿငိမ္းသစ္က တိုက္တြန္းေျပာဆိုလိုက္ပါတယ္။ အခုလို တိုက္တြန္းေျပာဆိုရတာဟာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရးအတြက္ အေရးႀကီးတဲ့ အခ်ိန္ကာလကို ေရာက္ရွိေနတဲ့အတြက္ ျဖစ္တယ္လို႔ ဆိုပါတယ္။ ျပည္သူအားလုံးနဲ႔ သမဂၢအားလုံး ညီၫြတ္မႈရရွိၿပီး ရွစ္ေလးလုံး စိတ္ဓာတ္အျပည့္နဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးလုပ္ငန္းစဥ္မွာ ပူးေပါင္းပါဝင္ျခင္းအားျဖင့္ ျပင္ဆင္ေရး ေအာင္ျမင္ႏိုင္မယ္လို႔ ဆိုပါတယ္။ ျပင္ဆင္ေရးလုပ္ငန္းစဥ္ ေအာင္ျမင္သြားပါက သမဂၢအားလုံး လိုလားေတာင္းဆိုခ်က္မ်ားနဲ႔ ျပည္သူလူထုအားလုံး လိုလားေနတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးမ်ား ရရွိလာမွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။
2 years Ago

ရှစ်လေးလုံး အရေးတော်ပုံပြခန်း (ဓာတ်ပုံ)

ရှစ်လေးလုံး အရေးတော်ပုံ ပြခန်းကို ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံမှာ ပြသထားပါတယ်။ ပြခန်းမှာ ရှစ်လေးလုံးကာလက မှတ်တမ်းဓာတ်ပုံတွေ၊ ထုတ်ပြန်ကြေညာချက်တွေ၊ သတင်းစာတွေနဲ့ ဂျာနယ်တွေကိုလည်း ပြသထားပါတယ်။

ဒါ့အပြင် ရှစ်လေးလုံး မှတ်တမ်းခွေနဲ့ စာအုပ်တွေကိုလည်း ရန်ပုံငွေ ရောင်းချနေတာ တွေ့ရပါတယ်။ ပြခန်းကို ဒီနေ့မနက် ၉ နာရီကနေ ၁၂ နာရီအထိ ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။

၃၁ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓပန်းခြံမှာ ဒီနေ့မနက်ပိုင်းက စတင်ကျင်းပနေတာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရွစ္ေလးလုံး အေရးေတာ္ပုံျပခန္း (ဓာတ္ပုံ) DVB ရွစ္ေလးလုံး အေရးေတာ္ပုံ ျပခန္းကို ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလ ပန္းၿခံမွာ ျပသထားပါတယ္။ ျပခန္းမွာ ရွစ္ေလးလုံးကာလက မွတ္တမ္းဓာတ္ပုံေတြ၊ ထုတ္ျပန္ေၾကညာခ်က္ေတြ၊ သတင္းစာေတြ နဲ႔ ဂ်ာနယ္ေတြကိုလည္း ျပသထားပါတယ္။ ဒါ့အျပင္ ရွစ္ေလးလုံး မွတ္တမ္းေခြနဲ႔ စာအုပ္ေတြကိုလည္း ရန္ပုံေငြ ေရာင္းခ်ေနတာ ေတြ႕ရပါတယ္။ ျပခန္းကို ဒီေန႔မနက္ ၉ နာရီကေန ၁၂ နာရီအထိ ခင္းက်င္းျပသမွာ ျဖစ္ပါတယ္။ ၃၁ ႏွစ္ေျမာက္ ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံေန႔ အခမ္းအနားကို ရန္ကုန္ၿမိဳ႕ မဟာဗႏၶပန္းၿခံမွာ ဒီေန႔မနက္ပိုင္းက စတင္က်င္းပေနတာပါ။  
2 years Ago

၈၈ ရဲ့ သမိုင်းမဝင် စာမတင်ခဲ့သော မှတ်စုလေးများ

၈၈ အရေးတော်ပုံဆိုတာကြီးက ကျယ်ဝန်းလွန်းတယ်။ အပြည့်အစုံ ပြောဖို့ဆိုရင် စာမျက်နှာပေါင်းများစွာ ပြောမှ ရမယ်ထင်တယ်။ မတ်လကနေ စတွက်ရင် သပိတ်ကာလဟာ ၆ လလောက် ကြာခဲ့တယ်။ ဒီကာလတွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ပေါင်းက ထောင်သောင်းမက။ နေရာဒေသကလည်း တနေရာတည်းမဟုတ်။ နေရာအနှံ့၊ မြို့ကြီးမြို့လေး ကျေးရွာဇနပုဒ် မကျန် တပြည်လုံး ဟုန်းဟုန်းတောက်ခဲ့တာပေသကိုး။ ဒီတော့ ဘယ်သူတွေ ဦးဆောင်ခဲ့လဲဆိုရင် ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် မဆလကို မကျေနပ်သူတွေ ဦးဆောင် ပါဝင်ခဲ့တာလို့ပဲ ဖြေရမှာပါ။ အောင်မြင်မှုမှာ ဖခင်များစွာ ရှိစမြဲပဲလေ။ ၈၈ မြင်ကွင်းတွေကို ကြုံတွေ့ဖြတ်သန်းလာသူတယောက်အနေနဲ့ ပြန်ပြောချင်တယ်။ အထူးသဖြင့် စက်တင်ဘာ ၁၉ ရက်နေ့ပေါ့။ ၁၈ ရက်နေ့ ညနေမှာ ကျနော်တို့ဟာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမထဲမှာ ရှိနေခဲ့တယ်။ အဲဒီနေ့က တနေ့လုံး အစည်းအဝေး ထိုင်ကြတာ။ မှတ်မိသမျှ ကိုကြီး (ယခု ပြည်သူ့ပါတီဥက္ကဋ္ဌ)၊ ကိုဇော်မင်း (မကသ)၊ ကိုမင်းဇေယျ (မကသ)၊ ဆရာကြီးဦးစံတင် (တကသဆရာအသင်း)၊ ကိုမြင့်လှိုင် (တကသဆရာအသင်း)၊ ကိုဌေးလွင် (တကသဆရာအသင်း)၊ ယုယုမော်၊ ကိုလေး (၈၈ရွေးကောက်ပွဲကော်မရှင်)၊ ဦးမျိုးညွန့် (ရှေ့နေ)၊ ဦးသန်းညွန့် (GSC အထွေထွေသပိတ်ကော်မတီ) တို့ပါပဲ။ တခြားသူတွေလည်း ရှိပါသေးတယ်။ မှတ်မိသလောက် ပြောတာပါ။ အပြည့်အစုံတော့ မဟုတ်ဘူး။ အဲဒီနေ့က တနေကုန် ငြင်းခုံလို့ မပြီးဘူး။ ကျနော်လည်း စိတ်ညစ်ညူးလာတာနဲ့ ဝိဇ္ဇာအဆောက်အုံမှာ ကျနော့်အတွက် ပေးထားတဲ့အခန်းမှာ သော့ဖွင့်ပြီး ဆေးလိပ်သောက်နေလိုက်တယ်။ ညနေ သုံးနာရီခွဲလောက်ရောက်တော့ ကျနော် အခန်းပိတ်နေစဉ် အစောင့်ရောက်လာရင်း သူက “ဆရာရေ တညနေလုံး ရေဒီယိုကနေ ထူးထူးခြးခြား စစ်ချီတက်တဲ့ သီချင်းတွေပဲ ထပ်ကာထပ်ကာ လာနေတယ်” တဲ့။ ဟုတ်လားဗျ။ အာဏာသိမ်းတော့မယ် ထင်တယ်လို့ ပြောတော့ သူက “ဟုတ်တယ် ဆရာရေ၊ ကင်တင်းမှာလည်း ကိုအောင်ရင် (လက်ဖက်ရည်ဆိုင်) တို့လည်း အဲဒီအတိုင်း ပြောနေကြတယ်” တဲ့။ ကျနော်လည်း ဘွဲ့နှင်းသဘင်ခန်းမဆီ အမြန်သွားပြီး ဆရာကြီးဦးစံတင်ကို ခေါ်ထုတ်လိုက်တယ်။ ကိုမြင့်လှိုင်လည်း လိုက်လာတ,်။ “ဆရာကြီး ကျနော်တို့ ပြန်ရအောင်။ ဒီနေ့ည အာဏာသိမ်းတော့မယ် ထင်တယ်။ တချိန်လုံး စစ်ချီသီချင်းတွေပဲ ရေဒီယိုကနေ ဖွင့်နေတယ်” လို့ ပြောတော့ ဆရာကြီးက “အစည်းအဝေး ဆုံးဖြတ်ချက် မပြတ်သေးဘူးကွ” တဲ့။ ကျနော်လည်း “ဆရာကြီး ထားပစ်ခဲ့တော့ ဆရာကြီးအိမ် ပို့ပြီး ကျနော်နဲ့ ကိုမြင့်လှိုင်က သရက်တောပြန်မယ်” ဆိုပြီး ဆရာကြီးကို စမ်းချောင်းအိမ် ပြန်ပို့ပြီး သပိတ်ကော်မတီရှိရာ သရက်တောကျောင်းတိုက်ကို ပြန်လာခဲ့တယ်။ ကျောင်းတိုက်ရောက်တော့ လသာ အ.ထ.က (၂) ထဲမှာ အစည်းအဝေးပွဲ မပြတ်သေးတဲ့ဆီ ရောက်တယ်။ စုဝေးနေတဲ့ လူတွေအားလုံးမှာတော့ တီးတိုးပြောနေကာတာကတော့ တချိန်လုံး စစ်သီချင်းတွေ ဖွင့်နေတဲ့ မြန်မာ့အသံ ရေဒီယိုအကြောင်းပါပဲ။ အားလုံးကတော့ ည ၈ နာရီ သတင်းကိုပဲ စောင့်ကြည့်ရမှာပါ။ ညနေ အိမ်ပြန်ရောက်တော့ မိသားစုအသီးသီး မြန်မာ့ရုပ်မြင်သံကြားရှေ့နဲ့ ရေဒီယိုဘေးမှာ အာရုံစိုက်နေကြတယ်။ ၈ နာရီမှာတော့ အထူးသတင်းအဖြစ် တပ်မတော်က အာဏာလွှဲပြောင်းယူလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အားလုံး မျက်နှာမှာ စိတ်ပျက် ဝမ်းနည်းရုပ်ထွက်နေတယ်။ ကဲ… ဘာဆက်လုပ်ကြမလဲ။ အဲဒီညက ဘာမျှမစဉ်းစားတော့ဘဲ အိပ်ပစ်လိုက်တယ်။ မနက်လင်းတော့ ပဲပြုတ်နဲ့ ထမင်းစားပြီး ချီတက်မယ့် ကျောင်းသားတွေကို အချိန်မီ တားနိုင်အောင် သရက်တောကျောင်းဘက် ထွက်လာခဲ့တယ်။ အလုံလမ်းတလျှောက် ချီတက်နေတဲ့ အထက်တန်းကျောင်းသားလေးတွေနဲ့ ဆရာတချို့ တွေ့လို့ ဆက်မချီတက်ဖို့ တားပေမယ့် မရတော့ဘူး။ ကျနော် သရက်တောကျောင်းတိုက်ထဲ ရောက်တော့ ဆန္ဒပြဖို့ ချီတက်သွားကြပြီ။ မရှိကြတော့ဘူး။ အရင်နေ့က အစီအစဉ်အတိုင်း ချီတက်သွားကြပြီတဲ့။ ကျနော်လည်း တားလို့ မီလို့မီငြား ရလိုရငြား သူတို့နောက် အမီလိုက်သွားတယ်။ ကျနော် ဆူးလေလမ်းကို ကျော်ပြီးချိန်မှာတော့ နောက်လူတွေ ဆက်ကျော်လို့ မရတော့ဘူး။ ဝန်ကြီးများရုံးဘက်ဆီမှ သေနတ်သံတွေ ဆူဆူညံညံ ထွက်ပေါ်နေတယ်။ ရှေ့ဆက်သွားလို့ မရ၊ နောက်ဆုတ်လို့လည်း မရတော့။ အဲဒီအချိန် ဗိုလ်အောင်ကျော်လမ်းဘက်ဆီကနေ အမောတကော ပြေးလာတဲ့ ကျောင်းသားတယောက်က “ဆရာ.. ဆက်မသွားနဲ့။ ဆရာဦးလှတင်တော့ သေနတ်မှန်သွားပြီ။ အလောင်းလည်း ကောက်မရခဲ့ဘူး ဆရာ..” တဲ့။ ကျနော်လည်း အံ့အားသင့်ပြီး ငေးနေမိတယ်။ ပြီးမှ “သင်္ချာဌာနက ဆရာဦးလှတင်လား” လို့ မေးရင်း သူ့အဖြေ မစောင့်တော့ဘဲ ဆက်ထွက်လာတော့ သူက ကျနော့်လက်ကို ဆွဲထားရင်း ဆရာ ဆက်သွားလို့ မရတော့ဘူးလို့ ပြောချိန်မှာပဲ သေနတ်သံတွေ ဆူညံလာပြန်တယ်။ နောက်လှည့်ပြေးခဲ့ပေမယ့် ၃၃ လမ်းထက် ပိုပြေးမရတော့။ ၃၃ လမ်းထဲ ဝင်လိုက်တယ်။ ဆူးလေတလျှောက်မှာလည်း သေနတ်သံတွေ တဖောင်းဖောင်း တဒိုင်းဒိုင်းသံတွေ။ ဝှီခနဲ ဝှစ်ခနဲ ရွှီခနဲ ကျည်ဆန်တွေ ပြေးနေသံ။ ကျနော် ရေမြောင်းထဲ ဆင်းဝပ်နေတယ်။ ခေါင်းမထောင်ရဲဘူး။ ဖျောက်ခနဲ ဖျောက်ခနဲ သေနတ်သံ ကျဲသွားတော့မှ ဘေးကိုကြည့်တော့ ကျနော့်ဘေးမှာ ရုပ်ရှင်မင်းသား ထွန်းထွန်းဝင်း။ သူလည်း ကျနော့်ကို ပြုံးပြရင်း ခေါင်းညိတ်ပြီး မြောင်းထဲက ပြိုင်တူထလိုက်ကြတယ်။ ဆရာဦးလှတင် အလောင်းကောက်ဖို့ စိတ်စောပြီး သိမ်ဖြူလမ်းဆီ လျှောက်လာပေမယ့် လမ်း ၄၀ အရောက်မှာ ပစ်ခတ်သံတွေ ထွက်လာတဲ့အတွက် လမ်း ၄၀ ထဲ ဝင်ပြေးရပြန်ရော။ လမ်း ၄၀ တလျှောက် အောက်ဘက် ဆက်လျှောက်လာစဉ်မှာပဲ မဟာဗန္ဓုလမ်းတလျှောက် ပန်းခြံဘက်မှာလည်း သေနတ်သံတွေ ရပ်လိုက် ပစ်လိုက်နဲ့။ ဘားလမ်း (ပန်းခြံလမ်း) ကို ဖြတ်မရတော့။ မြင်ကွင်းက တကယ့်ဝရုန်းသုန်းကား။ ကျနော်ရောက်တော့ ပစ်ခတ်သံတွေ ကျိုးတိုးကျဲတဲ။ လဲနေသူတွေက အတုံးအရုံး။ သွေးအလိမ်းလိမ်း။ အလံတချို့ ပြန့်ကျဲ၊ တချို့က အလံ ဆုပ်ကိုင်ထားဆဲ၊ အသက်ရှိတော့ဟန် မတူ။ အဖြူအစိမ်းဝတ် ကလေးတွေ။ အလုံလမ်းတလျှောက်မှာ တွေ့ခဲ့ရတဲ့ ကလေးတွေများ ဖြစ်နေလေမလား။ သေနတ်သံ ခဏစဲသွားချိန်မှာ ကြက်ခြေနီအလံ ထူထားတဲ့ ကားတစီးနဲ့ လူငယ်တစု (နောင်တွင် ဆေးတက္ကသိုလ် ၁/၂ မှ ကျောင်းသားများဟု သိရ) တို့က အလောင်းကောက်၊ လူနာ သယ်ယူနေတယ်။ သေနတ်သံတွေကြားထဲက မကြောက်မရွံ့ ကယ်လို့ရသမျှ ကယ်နေကြဟန်ပဲ။ ကိုယ့်အသက်ကိုယ် ပဓာနမထား စွန့်ရဲသူတွေ။ ရဲဘော်ရဲဘက်စိတ်ဆိုတာ ဒါပဲ ထင်ပါရဲ့။ အတန်ကြာ စောင့်ကြည့်နေရင်း သေနတ်သံတွေ ရပ်သွားတော့ အခြားလူတွေနဲ့အတူ အိမ်ကြိုအိမ်ကြားတွေထဲက ဖြတ်သန်းရင်း သရက်တောကျောင်းတိုက်ဆီ ပြန်ရောက်လာခဲ့တယ်။ ကျောင်းတိုက်မှာ လူသူရှင်းနေပြီ။ ဒီတော့ သက်ပြင်းတချက်ချရင်း တက္ကသိုလ်ကျောင်းဆီကို ခြေဦးလှည့် ထွက်ခွာလာခဲ့ပါတော့တယ်။ လမ်းတလျှောက်မှာတော့ ဆရာဦးလှတင် အလောင်းလည်း မကောက်နိုင်ခဲ့၊ သေနတ်ပစ်ခံရတဲ့ ကလေးတွေကိုလည်း မကယ်နိုင်ခဲ့။ ကျောင်းသားလေးတွေ ချီတက်ခြင်းကိုတောင် ရအောင် မတားနိုင်ခဲ့ခြင်းကိုပင် စိတ်မှာ မတင်မကျ ဖြစ်နေမိတယ်။ ကျနော်ဟာ သတ္တိနည်းခဲ့သူတယောက်အဖြစ် တစိမ့်စိမ့် ခံစားနေမိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ သမိုင်းမဝင် စာမတင်နိုင်ခဲ့တဲ့ အညတရ သူရဲကောင်းတို့အတွက် ဂုဏ်ပြုတင်ဆက် အလေးပြုလိုက်ရပါတယ်။ အညတရ သူရဲကောင်းအားလုံး ကောင်းရာသုဂတိ ရောက်နိုင်ကြပါစေ…။ ထွန်းဇော်ဌေး
Zawgyi Version ၈၈ ရဲ႕ သမိုင္းမဝင္ စာမတင္ခဲ့ေသာ မွတ္စုေလးမ်ား ထြန္းေဇာ္ေဌး ၈၈ အေရးေတာ္ပုံဆိုတာႀကီးက က်ယ္ဝန္းလြန္းတယ္။ အျပည့္အစုံ ေျပာဖို႔ဆိုရင္ စာမ်က္ႏွာေပါင္းမ်ားစြာ ေျပာမွ ရမယ္ထင္တယ္။ မတ္လကေန စတြက္ရင္ သပိတ္ကာလဟာ ၆ လေလာက္ ၾကာခဲ့တယ္။ ဒီကာလေတြအတြင္း ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေပါင္းက ေထာင္ေသာင္းမက။ ေနရာေဒသကလည္း တေနရာတည္းမဟုတ္။ ေနရာအႏွံ႔၊ ၿမိဳ႕ႀကီးၿမိဳ႕ေလး ေက်း႐ြာဇနပုဒ္ မက်န္ တျပည္လုံး ဟုန္းဟုန္းေတာက္ခဲ့တာေပသကိုး။ ဒီေတာ့ ဘယ္သူေတြ ဦးေဆာင္ခဲ့လဲဆိုရင္ ကိုယ့္အရပ္နဲ႔ ကိုယ့္ဇာတ္ မဆလကို မေက်နပ္သူေတြ ဦးေဆာင္ ပါဝင္ခဲ့တာလို႔ပဲ ေျဖရမွာပါ။ ေအာင္ျမင္မႈမွာ ဖခင္မ်ားစြာ ရွိစၿမဲပဲေလ။ ၈၈ ျမင္ကြင္းေတြကို ႀကဳံေတြ႕ျဖတ္သန္းလာသူတေယာက္အေနနဲ႔ ျပန္ေျပာခ်င္တယ္။ အထူးသျဖင့္ စက္တင္ဘာ ၁၉ ရက္ေန႔ေပါ့။ ၁၈ ရက္ေန႔ ညေနမွာ က်ေနာ္တို႔ဟာ ရန္ကုန္တကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ ခန္းမထဲမွာ ရွိေနခဲ့တယ္။ အဲဒီေန႔က တေန႔လုံး အစည္းအေဝး ထိုင္ၾကတာ။ မွတ္မိသမွ် ကိုႀကီး (ယခု ျပည္သူ႔ပါတီဥကၠ႒)၊ ကိုေဇာ္မင္း (မကသ)၊ ကိုမင္းေဇယ် (မကသ)၊ ဆရာႀကီးဦးစံတင္ (တကသဆရာအသင္း)၊ ကိုျမင့္လႈိင္ (တကသဆရာအသင္း)၊ ကိုေဌးလြင္ (တကသဆရာအသင္း)၊ ယုယုေမာ္၊ ကိုေလး (၈၈ေ႐ြးေကာက္ပြဲေကာ္မရွင္)၊ ဦးမ်ိဳးၫြန႔္ (ေရွ႕ေန)၊ ဦးသန္းၫြန႔္ (GSC အေထြေထြသပိတ္ေကာ္မတီ) တို႔ပါပဲ။ တျခားသူေတြလည္း ရွိပါေသးတယ္။ မွတ္မိသေလာက္ ေျပာတာပါ။ အျပည့္အစုံေတာ့ မဟုတ္ဘူး။ အဲဒီေန႔က တေနကုန္ ျငင္းခုံလို႔ မၿပီးဘူး။ က်ေနာ္လည္း စိတ္ညစ္ညဴးလာတာနဲ႔ ဝိဇၨာအေဆာက္အုံမွာ က်ေနာ့္အတြက္ ေပးထားတဲ့အခန္းမွာ ေသာ့ဖြင့္ၿပီး ေဆးလိပ္ေသာက္ေနလိုက္တယ္။ ညေန သုံးနာရီခြဲေလာက္ေရာက္ေတာ့ က်ေနာ္ အခန္းပိတ္ေနစဥ္ အေစာင့္ေရာက္လာရင္း သူက “ဆရာေရ တညေနလုံး ေရဒီယိုကေန ထူးထူးျခးျခား စစ္ခ်ီတက္တဲ့ သီခ်င္းေတြပဲ ထပ္ကာထပ္ကာ လာေနတယ္” တဲ့။ ဟုတ္လားဗ်။ အာဏာသိမ္းေတာ့မယ္ ထင္တယ္လို႔ ေျပာေတာ့ သူက “ဟုတ္တယ္ ဆရာေရ၊ ကင္တင္းမွာလည္း ကိုေအာင္ရင္ (လက္ဖက္ရည္ဆိုင္) တို႔လည္း အဲဒီအတိုင္း ေျပာေနၾကတယ္” တဲ့။ က်ေနာ္လည္း ဘြဲ႕ႏွင္းသဘင္ခန္းမဆီ အျမန္သြားၿပီး ဆရာႀကီးဦးစံတင္ကို ေခၚထုတ္လိုက္တယ္။ ကိုျမင့္လႈိင္လည္း လိုက္လာတ,္။ “ဆရာႀကီး က်ေနာ္တို႔ ျပန္ရေအာင္။ ဒီေန႔ည အာဏာသိမ္းေတာ့မယ္ ထင္တယ္။ တခ်ိန္လုံး စစ္ခ်ီသီခ်င္းေတြပဲ ေရဒီယိုကေန ဖြင့္ေနတယ္” လို႔ ေျပာေတာ့ ဆရာႀကီးက “အစည္းအေဝး ဆုံးျဖတ္ခ်က္ မျပတ္ေသးဘူးကြ” တဲ့။ က်ေနာ္လည္း “ဆရာႀကီး ထားပစ္ခဲ့ေတာ့ ဆရာႀကီးအိမ္ ပို႔ၿပီး က်ေနာ္နဲ႔ ကိုျမင့္လႈိင္က သရက္ေတာျပန္မယ္” ဆိုၿပီး ဆရာႀကီးကို စမ္းေခ်ာင္းအိမ္ ျပန္ပို႔ၿပီး သပိတ္ေကာ္မတီရွိရာ သရက္ေတာေက်ာင္းတိုက္ကို ျပန္လာခဲ့တယ္။ ေက်ာင္းတိုက္ေရာက္ေတာ့ လသာ အ.ထ.က (၂) ထဲမွာ အစည္းအေဝးပြဲ မျပတ္ေသးတဲ့ဆီ ေရာက္တယ္။ စုေဝးေနတဲ့ လူေတြအားလုံးမွာေတာ့ တီးတိုးေျပာေနကာတာကေတာ့ တခ်ိန္လုံး စစ္သီခ်င္းေတြ ဖြင့္ေနတဲ့ ျမန္မာ့အသံ ေရဒီယိုအေၾကာင္းပါပဲ။ အားလုံးကေတာ့ ည ၈ နာရီ သတင္းကိုပဲ ေစာင့္ၾကည့္ရမွာပါ။ ညေန အိမ္ျပန္ေရာက္ေတာ့ မိသားစုအသီးသီး ျမန္မာ့႐ုပ္ျမင္သံၾကားေရွ႕နဲ႔ ေရဒီယိုေဘးမွာ အာ႐ုံစိုက္ေနၾကတယ္။ ၈ နာရီမွာေတာ့ အထူးသတင္းအျဖစ္ တပ္မေတာ္က အာဏာလႊဲေျပာင္းယူလိုက္ေၾကာင္း ေၾကညာလိုက္ပါတယ္။ အားလုံး မ်က္ႏွာမွာ စိတ္ပ်က္ ဝမ္းနည္း႐ုပ္ထြက္ေနတယ္။ ကဲ… ဘာဆက္လုပ္ၾကမလဲ။ အဲဒီညက ဘာမွ်မစဥ္းစားေတာ့ဘဲ အိပ္ပစ္လိုက္တယ္။ မနက္လင္းေတာ့ ပဲျပဳတ္နဲ႔ ထမင္းစားၿပီး ခ်ီတက္မယ့္ ေက်ာင္းသားေတြကို အခ်ိန္မီ တားႏိုင္ေအာင္ သရက္ေတာေက်ာင္းဘက္ ထြက္လာခဲ့တယ္။ အလုံလမ္းတေလွ်ာက္ ခ်ီတက္ေနတဲ့ အထက္တန္းေက်ာင္းသားေလးေတြနဲ႔ ဆရာတခ်ိဳ႕ ေတြ႕လို႔ ဆက္မခ်ီတက္ဖို႔ တားေပမယ့္ မရေတာ့ဘူး။ က်ေနာ္ သရက္ေတာေက်ာင္းတိုက္ထဲ ေရာက္ေတာ့ ဆႏၵျပဖို႔ ခ်ီတက္သြားၾကၿပီ။ မရွိၾကေတာ့ဘူး။ အရင္ေန႔က အစီအစဥ္အတိုင္း ခ်ီတက္သြားၾကၿပီတဲ့။ က်ေနာ္လည္း တားလို႔ မီလို႔မီျငား ရလိုရျငား သူတို႔ေနာက္ အမီလိုက္သြားတယ္။ က်ေနာ္ ဆူးေလလမ္းကို ေက်ာ္ၿပီးခ်ိန္မွာေတာ့ ေနာက္လူေတြ ဆက္ေက်ာ္လို႔ မရေတာ့ဘူး။ ဝန္ႀကီးမ်ား႐ုံးဘက္ဆီမွ ေသနတ္သံေတြ ဆူဆူညံညံ ထြက္ေပၚေနတယ္။ ေရွ႕ဆက္သြားလို႔ မရ၊ ေနာက္ဆုတ္လို႔လည္း မရေတာ့။ အဲဒီအခ်ိန္ ဗိုလ္ေအာင္ေက်ာ္လမ္းဘက္ဆီကေန အေမာတေကာ ေျပးလာတဲ့ ေက်ာင္းသားတေယာက္က “ဆရာ.. ဆက္မသြားနဲ႔။ ဆရာဦးလွတင္ေတာ့ ေသနတ္မွန္သြားၿပီ။ အေလာင္းလည္း ေကာက္မရခဲ့ဘူး ဆရာ..” တဲ့။ က်ေနာ္လည္း အံ့အားသင့္ၿပီး ေငးေနမိတယ္။ ၿပီးမွ “သခ်ၤာဌာနက ဆရာဦးလွတင္လား” လို႔ ေမးရင္း သူ႔အေျဖ မေစာင့္ေတာ့ဘဲ ဆက္ထြက္လာေတာ့ သူက က်ေနာ့္လက္ကို ဆြဲထားရင္း ဆရာ ဆက္သြားလို႔ မရေတာ့ဘူးလို႔ ေျပာခ်ိန္မွာပဲ ေသနတ္သံေတြ ဆူညံလာျပန္တယ္။ ေနာက္လွည့္ေျပးခဲ့ေပမယ့္ ၃၃ လမ္းထက္ ပိုေျပးမရေတာ့။ ၃၃ လမ္းထဲ ဝင္လိုက္တယ္။ ဆူးေလတေလွ်ာက္မွာလည္း ေသနတ္သံေတြ တေဖာင္းေဖာင္း တဒိုင္းဒိုင္းသံေတြ။ ဝွီခနဲ ဝွစ္ခနဲ ႐ႊီခနဲ က်ည္ဆန္ေတြ ေျပးေနသံ။ က်ေနာ္ ေရေျမာင္းထဲ ဆင္းဝပ္ေနတယ္။ ေခါင္းမေထာင္ရဲဘူး။ ေဖ်ာက္ခနဲ ေဖ်ာက္ခနဲ ေသနတ္သံ က်ဲသြားေတာ့မွ ေဘးကိုၾကည့္ေတာ့ က်ေနာ့္ေဘးမွာ ႐ုပ္ရွင္မင္းသား ထြန္းထြန္းဝင္း။ သူလည္း က်ေနာ့္ကို ၿပဳံးျပရင္း ေခါင္းညိတ္ၿပီး ေျမာင္းထဲက ၿပိဳင္တူထလိုက္ၾကတယ္။ ဆရာဦးလွတင္ အေလာင္းေကာက္ဖို႔ စိတ္ေစာၿပီး သိမ္ျဖဴလမ္းဆီ ေလွ်ာက္လာေပမယ့္ လမ္း ၄၀ အေရာက္မွာ ပစ္ခတ္သံေတြ ထြက္လာတဲ့အတြက္ လမ္း ၄၀ ထဲ ဝင္ေျပးရျပန္ေရာ။ လမ္း ၄၀ တေလွ်ာက္ ေအာက္ဘက္ ဆက္ေလွ်ာက္လာစဥ္မွာပဲ မဟာဗႏၶဳလမ္းတေလွ်ာက္ ပန္းၿခံဘက္မွာလည္း ေသနတ္သံေတြ ရပ္လိုက္ ပစ္လိုက္နဲ႔။ ဘားလမ္း (ပန္းၿခံလမ္း) ကို ျဖတ္မရေတာ့။ ျမင္ကြင္းက တကယ့္ဝ႐ုန္းသုန္းကား။ က်ေနာ္ေရာက္ေတာ့ ပစ္ခတ္သံေတြ က်ိဳးတိုးက်ဲတဲ။ လဲေနသူေတြက အတုံးအ႐ုံး။ ေသြးအလိမ္းလိမ္း။ အလံတခ်ိဳ႕ ျပန႔္က်ဲ၊ တခ်ိဳ႕က အလံ ဆုပ္ကိုင္ထားဆဲ၊ အသက္ရွိေတာ့ဟန္ မတူ။ အျဖဴအစိမ္းဝတ္ ကေလးေတြ။ အလုံလမ္းတေလွ်ာက္မွာ ေတြ႕ခဲ့ရတဲ့ ကေလးေတြမ်ား ျဖစ္ေနေလမလား။ ေသနတ္သံ ခဏစဲသြားခ်ိန္မွာ ၾကက္ေျခနီအလံ ထူထားတဲ့ ကားတစီးနဲ႔ လူငယ္တစု (ေနာင္တြင္ ေဆးတကၠသိုလ္ ၁/၂ မွ ေက်ာင္းသားမ်ားဟု သိရ) တို႔က အေလာင္းေကာက္၊ လူနာ သယ္ယူေနတယ္။ ေသနတ္သံေတြၾကားထဲက မေၾကာက္မ႐ြံ႕ ကယ္လို႔ရသမွ် ကယ္ေနၾကဟန္ပဲ။ ကိုယ့္အသက္ကိုယ္ ပဓာနမထား စြန႔္ရဲသူေတြ။ ရဲေဘာ္ရဲဘက္စိတ္ဆိုတာ ဒါပဲ ထင္ပါရဲ႕။ အတန္ၾကာ ေစာင့္ၾကည့္ေနရင္း ေသနတ္သံေတြ ရပ္သြားေတာ့ အျခားလူေတြနဲ႔အတူ အိမ္ႀကိဳအိမ္ၾကားေတြထဲက ျဖတ္သန္းရင္း သရက္ေတာေက်ာင္းတိုက္ဆီ ျပန္ေရာက္လာခဲ့တယ္။ ေက်ာင္းတိုက္မွာ လူသူရွင္းေနၿပီ။ ဒီေတာ့ သက္ျပင္းတခ်က္ခ်ရင္း တကၠသိုလ္ေက်ာင္းဆီကို ေျခဦးလွည့္ ထြက္ခြာလာခဲ့ပါေတာ့တယ္။ လမ္းတေလွ်ာက္မွာေတာ့ ဆရာဦးလွတင္ အေလာင္းလည္း မေကာက္ႏိုင္ခဲ့၊ ေသနတ္ပစ္ခံရတဲ့ ကေလးေတြကိုလည္း မကယ္ႏိုင္ခဲ့။ ေက်ာင္းသားေလးေတြ ခ်ီတက္ျခင္းကိုေတာင္ ရေအာင္ မတားႏိုင္ခဲ့ျခင္းကိုပင္ စိတ္မွာ မတင္မက် ျဖစ္ေနမိတယ္။ က်ေနာ္ဟာ သတၱိနည္းခဲ့သူတေယာက္အျဖစ္ တစိမ့္စိမ့္ ခံစားေနမိပါတယ္။ ဘာပဲျဖစ္ျဖစ္ အခုေတာ့ သမိုင္းမဝင္ စာမတင္ႏိုင္ခဲ့တဲ့ အညတရ သူရဲေကာင္းတို႔အတြက္ ဂုဏ္ျပဳတင္ဆက္ အေလးျပဳလိုက္ရပါတယ္။ အညတရ သူရဲေကာင္းအားလုံး ေကာင္းရာသုဂတိ ေရာက္ႏိုင္ၾကပါေစ…။ ထြန္းေဇာ္ေဌး
2 years Ago

၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ (ဓာတ်ပုံ)

ရန်ကုန်မြို့ မဟာဗန္ဓပန်းခြံမှာ ၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား မစတင်ခင်မြင်ကွင်း။ ဓာတ်ပုံ - ကိုဈာန် ရှစ်လေးလုံး သမိုင်းဖြစ်စဉ်အကျဉ်း – ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ဗြိတိသျှထံမှ မြန်မာပြည် လွတ်လပ်ရေးရခဲ့ပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ – ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် စစ်အာဏာသိမ်းခဲ့ပြီး ထိုအာဏာသိမ်းမှုကို လက်မခံသည့် ဆန္ဒပြလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ရှိခဲ့သည်။ – အမည်ခံ ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာခဲ့ပြီး တပါတီအာဏာရှင်ဖြင့် အုပ်ချုပ်ရန် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ၍ စစ်ဗိုလ်ချုပ်များက အရပ်ဝတ်လဲကာ အုပ်ချုပ်ခဲ့သည်။ – ယင်းသို့ အုပ်ချုပ်မှုကို လက်မခံကြောင်း အထင်ကရ အရေးအခင်းတွေဖြစ်သော ဦးသန့်၊ ၁၉၇၁၊ ၁၉၇၄၊ ၁၉၇၆ နှင့် မှိုင်းရာပြည့်စသည်တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ – ၁၉၇၈ စက်တင်ဘာ ၅ ရက်တွင် ငွေစက္ကူများ ဖျက်သိမ်းကြောင်း ကြေညာရာမှ လူထု၏မကျေနပ်မှုများ ပေါက်ကွဲခဲ့ပြီး ကျောင်းသားများ၏ ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။ – ၁၉၈၈ မတ်လ ၁၃ ရက်တွင် RIT ကျောင်းဝင်းအတွင်း စုရုံးနေကြသော ကျောင်းသားထုထဲသို့ ပစ်ခတ်နှိမ်နင်း၍ အင်ဂျင်နီယာကျောင်းသား ၂ ဦး ကျဆုံးခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ခဲ့ပြီး အခြား တက္ကသိုလ်ကောလိပ်များသို့ ကူးစက်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲများအား အကြမ်းဖက် နှိမ်နင်းခံရပြီး ကျောင်းသားအများအပြား ဖမ်းဆီးအကျဉ်းချ ခံခဲ့ရသည်။ – ၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းများပြန်ဖွင့်ချိန်မှ စ၍ ကျောင်းသားသပိတ်တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး ကျောင်းဝင်းမှ ထွက်ချိန်တွင် ပြည်သူလူထုပါ ပူးပေါင်းပါဝင်လာခဲ့သည်။ – ၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် မဆလ ပါတီ အရေးပေါ်ညီလာခံနှင့် အရေးပေါ်လွှတ်တော် အစည်းအဝေးများ ခေါ်ယူခဲ့ပြီး ပါတီစုံစနစ်သို့ ပြောင်းလဲ မပြောင်းလဲကို မဲခွဲဆုံးဖြတ်ရာမှာ မပြောင်းနိုင်ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။ သမ္မတ အပြောင်းအလဲကိုလည်း ပြုလုပ်ခဲ့သည်။ – ပြည်သူလူထု၏ မကျေနပ်မှုများ အမြင့်ဆုံးသို့ ရောက်ခဲ့ပြီး ၁၉၈၈ သြဂုတ်လဆန်း ၃ ရက်တွင် ရန်ကုန်မြို့ရှိ လမ်းများပေါ် ချီတက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ – ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်တွင် ပြည်လုံးကျွတ် သပိတ်မှောက် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး လမ်းများပေါ်တွင် ပစ်ခတ်နှိမ်နင်းခဲ့ရာ ပြည်သူထောင်ချီ သေဆုံးခဲ့ရသည်။ နိုင်ငံ့ဝန်ထမ်းများပါ ပူးပေါင်းပါဝင်လာခဲ့ပြီး ဝန်ထမ်းပေါင်းစုံ အထွေထွေသပိတ်ကြီးဖြစ်ခဲ့ရာ အစိုးရယန္တရားများ ရပ်ဆိုင်းသွားခဲ့သည်။ ပြည်သူ့ဆန္ဒလေ့လာစုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး မကြာမီ ပြန်လည်ဖျက်သိမ်းခဲ့သည်။ ထို့နောက် အရေးပေါ်လွှတ်တော် ထပ်မံခေါ်ယူခဲ့ပြီး ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရန် သဘောတူခဲ့သည်။ သမတအပြောင်းအလဲကို ထပ်မံ ပြုလုပ်ခဲ့သည်။ – သို့ရာတွင် တစ်ပါတီအတွင်းမှ လူအပြောင်းအလဲ လုပ်ခြင်းမျှသာဖြစ်၍ ပြည်သူလူထုက လက်မခံဘဲ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကို တောင်းဆိုခဲ့ကြပြီး အထွေထွေသပိတ်ကြီးကို ဆက်လက် ဆင်နွှဲခဲ့ကြသည်။ – ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူကြောင်း ကြေညာခဲ့ရာ ပြည်သူများက လက်မခံဘဲ ကြားဖြတ်အစိုးရဖွဲ့စည်းကို ဆက်လက်တောင်းဆိုပြီး ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် လူထောင်ချီ သေဆုံးခဲ့ရသည်။
Zawgyi Version ၃၁ ႏွစ္ျပည့္ ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံေန႔ (ဓာတ္ပုံ) DVB ရန္ကုန္ၿမိဳ႕ မဟာဗႏၶပန္းၿခံမွာ ၃၁ ႏွစ္ျပည့္ ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံေန႔ အခမ္းအနား မစတင္ခင္ျမင္ကြင္း။ ဓာတ္ပုံ - ကိုဈာန္ ရွစ္ေလးလုံး သမိုင္းျဖစ္စဥ္အက်ဥ္း – ၁၉၄၈ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္တြင္ ၿဗိတိသွ်ထံမွ ျမန္မာျပည္ လြတ္လပ္ေရးရခဲ့ၿပီးေနာက္ ပါလီမန္ဒီမိုကေရစီစနစ္ကို က်င့္သုံးခဲ့သည္။ – ၁၉၆၂ ခုႏွစ္ မတ္လ ၂ ရက္တြင္ စစ္အာဏာသိမ္းခဲ့ၿပီး ထိုအာဏာသိမ္းမႈကို လက္မခံသည့္ ဆႏၵျပလႈပ္ရွားမႈမ်ား စဥ္ဆက္မျပတ္ရွိခဲ့သည္။ – အမည္ခံ ဆိုရွယ္လစ္လမ္းစဥ္ကို ေၾကညာခဲ့ၿပီး တပါတီအာဏာရွင္ျဖင့္ အုပ္ခ်ဳပ္ရန္ ၁၉၇၄ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေရးဆြဲ၍ စစ္ဗိုလ္ခ်ဳပ္မ်ားက အရပ္ဝတ္လဲကာ အုပ္ခ်ဳပ္ခဲ့သည္။ – ယင္းသို႔ အုပ္ခ်ဳပ္မႈကို လက္မခံေၾကာင္း အထင္ကရ အေရးအခင္းေတြျဖစ္ေသာ ဦးသန႔္၊ ၁၉၇၁၊ ၁၉၇၄၊ ၁၉၇၆ ႏွင့္ မႈိင္းရာျပည့္စသည္တို႔တြင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။ – ၁၉၇၈ စက္တင္ဘာ ၅ ရက္တြင္ ေငြစကၠဴမ်ား ဖ်က္သိမ္းေၾကာင္း ေၾကညာရာမွ လူထု၏မေက်နပ္မႈမ်ား ေပါက္ကြဲခဲ့ၿပီး ေက်ာင္းသားမ်ား၏ ဆႏၵျပပြဲမ်ား ျဖစ္ေပၚခဲ့သည္။ – ၁၉၈၈ မတ္လ ၁၃ ရက္တြင္ RIT ေက်ာင္းဝင္းအတြင္း စု႐ုံးေနၾကေသာ ေက်ာင္းသားထုထဲသို႔ ပစ္ခတ္ႏွိမ္နင္း၍ အင္ဂ်င္နီယာေက်ာင္းသား ၂ ဦး က်ဆုံးခဲ့သည္။ ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ား ဆႏၵျပပြဲမ်ား ဆက္တိုက္ျဖစ္ခဲ့ၿပီး အျခား တကၠသိုလ္ေကာလိပ္မ်ားသို႔ ကူးစက္ခဲ့သည္။ အဆိုပါ ဆႏၵျပပြဲမ်ားအား အၾကမ္းဖက္ ႏွိမ္နင္းခံရၿပီး ေက်ာင္းသားအမ်ားအျပား ဖမ္းဆီးအက်ဥ္းခ် ခံခဲ့ရသည္။ – ၁၉၈၈ ခုႏွစ္ ဇြန္လ ေက်ာင္းမ်ားျပန္ဖြင့္ခ်ိန္မွ စ၍ ေက်ာင္းသားသပိတ္တိုက္ပြဲမ်ား ထပ္မံျဖစ္ပြားခဲ့ၿပီး ေက်ာင္းဝင္းမွ ထြက္ခ်ိန္တြင္ ျပည္သူလူထုပါ ပူးေပါင္းပါဝင္လာခဲ့သည္။ – ၁၉၈၈ ခုႏွစ္ ဇူလိုင္ ၂၃ ရက္တြင္ မဆလ ပါတီ အေရးေပၚညီလာခံႏွင့္ အေရးေပၚလႊတ္ေတာ္ အစည္းအေဝးမ်ား ေခၚယူခဲ့ၿပီး ပါတီစုံစနစ္သို႔ ေျပာင္းလဲ မေျပာင္းလဲကို မဲခြဲဆုံးျဖတ္ရာမွာ မေျပာင္းႏိုင္ေၾကာင္း ဆုံးျဖတ္ေၾကညာခဲ့သည္။ သမၼတ အေျပာင္းအလဲကိုလည္း ျပဳလုပ္ခဲ့သည္။ – ျပည္သူလူထု၏ မေက်နပ္မႈမ်ား အျမင့္ဆုံးသို႔ ေရာက္ခဲ့ၿပီး ၁၉၈၈ ၾသဂုတ္လဆန္း ၃ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ လမ္းမ်ားေပၚ ခ်ီတက္ဆႏၵျပပြဲမ်ား ျဖစ္ပြားခဲ့သည္။ – ၁၉၈၈ ခုႏွစ္ ၾသဂုတ္လ ၈ ရက္တြင္ ျပည္လုံးကြၽတ္ သပိတ္ေမွာက္ ဆႏၵျပပြဲမ်ား ျဖစ္ပြားခဲ့ၿပီး လမ္းမ်ားေပၚတြင္ ပစ္ခတ္ႏွိမ္နင္းခဲ့ရာ ျပည္သူေထာင္ခ်ီ ေသဆုံးခဲ့ရသည္။ ႏိုင္ငံ့ဝန္ထမ္းမ်ားပါ ပူးေပါင္းပါဝင္လာခဲ့ၿပီး ဝန္ထမ္းေပါင္းစုံ အေထြေထြသပိတ္ႀကီးျဖစ္ခဲ့ရာ အစိုးရယႏၲရားမ်ား ရပ္ဆိုင္းသြားခဲ့သည္။ ျပည္သူ႔ဆႏၵေလ့လာစုံစမ္းေရး ေကာ္မရွင္ကို ဖြဲ႕စည္းခဲ့ၿပီး မၾကာမီ ျပန္လည္ဖ်က္သိမ္းခဲ့သည္။ ထို႔ေနာက္ အေရးေပၚလႊတ္ေတာ္ ထပ္မံေခၚယူခဲ့ၿပီး ပါတီစုံ ေ႐ြးေကာက္ပြဲ က်င္းပရန္ သေဘာတူခဲ့သည္။ သမတအေျပာင္းအလဲကို ထပ္မံ ျပဳလုပ္ခဲ့သည္။ – သို႔ရာတြင္ တစ္ပါတီအတြင္းမွ လူအေျပာင္းအလဲ လုပ္ျခင္းမွ်သာျဖစ္၍ ျပည္သူလူထုက လက္မခံဘဲ ၾကားျဖတ္အစိုးရ ဖြဲ႕စည္းေရးကို ေတာင္းဆိုခဲ့ၾကၿပီး အေထြေထြသပိတ္ႀကီးကို ဆက္လက္ ဆင္ႏႊဲခဲ့ၾကသည္။ – ၁၉၈၈ စက္တင္ဘာ ၁၈ ရက္တြင္ စစ္တပ္မွ ႏိုင္ငံေတာ္အာဏာကို လႊဲေျပာင္းရယူေၾကာင္း ေၾကညာခဲ့ရာ ျပည္သူမ်ားက လက္မခံဘဲ ၾကားျဖတ္အစိုးရဖြဲ႕စည္းကို ဆက္လက္ေတာင္းဆိုၿပီး ဆႏၵျပပြဲမ်ား ဆက္လက္ျဖစ္ပြားခဲ့ရာ အၾကမ္းဖက္ပစ္ခတ္ႏွိမ္နင္းခဲ့သည့္အတြက္ လူေထာင္ခ်ီ ေသဆုံးခဲ့ရသည္။
2 years Ago
Up