ဂျပန်နိုင်ငံမှာ လူကြိုက်အများဆုံး ထင်ရှားတဲ့ဝါရင့် ဟာသအနုပညာရှင် ရှင်မူရာကန်စံဟာ မတ်လ ၂၉ ရက် ည၁၁နာရီကျော်က ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ကွန်လွန်သွားတယ်လို့ သူ့တာဝန်ခံအေဂျင်စီက ထုတ်ပြန်ကြေညာပါတယ်။
အသက် ၇၀ ရှိပြီဖြစ်တဲ့ ရှင်မူရာကန်စံရဲ့ ဟာသဇာတ်လမ်းတွေကို မြန်မာနိုင်ငံရဲ့ ဂျပန်စာလေ့လာသူတွေအကြားမှာ ကြည့်ရှူသူများပြီး လူသိများထင်ရှားသူတဦးလည်းဖြစ်ပါတယ်။
ဒါဟာ ဂျပန်နိုင်ငံမှာ ထင်ရှားကျော်ကြားသူတဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပထမဦးဆုံးကွယ်လွန်သွားတာလည်း ဖြစ်ပါတယ်။
လက်ရှိ ဂျပန်နိုင်ငံမှာ ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ကွယ်လွန်သူ စုစုပေါင်း ၆၆ ဦးရှိပြီဖြစ်ပါတယ်။
ဇော်ဇော်လှိုင်
11 months Ago