ပြိုင်ပွဲစုံမှာ ၁၂ ပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေကို နည်းပြ ဂွါဒီယိုလာက ချီးကျူးလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ မနေ့က ကစားသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ၁၂ ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာပါ။
ပရီးမီးယားလိဂ်မှာတော့ ၈ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့တယ်။
ရှက်ဖီးယူနိုက်တက်အသင်းက ကစားသမားတွေအားလုံး ခံစစ်မှာ စုပြုံပိတ်ကစားတဲ့ အသင်းဖြစ်လို့ ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။
ကစားသမားတွေအနေနဲ့ ၁၂ ပွဲဆက်တိုက် အနိုင်ရခဲ့တာတောင် တိရစ္ဆာန်တွေလို လှုပ်ရှားရုန်းကန်ပြီး ကစားခဲ့တယ်လို့ ကစားသမားတွေကို နည်းပြ ဂွါဒီယိုလာက ချီးကျူးခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ မန်စီးတီးအသင်းကို နည်းပြဂွါဒီယိုလာ ရောက်ရှိလာပြီးနောက်ပိုင်း အမှတ်အများဆုံး ရယူနိုင်တဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ၄၀၁ မှတ် ရှိသွားခဲ့ပါတယ်။ မန်စီးတီး နောက်မှာ လီဗာပူးက ၃၈၄ မှတ်နဲ့ ဒုတိယလိုက်နေပါတယ်။