ရှက်ဖီး

A d v e r t i s e m e n t With Us

January 12, 2021

ပရီးမီးယားလိဂ်ကို ဖျက်သိမ်းဖြစ်ခဲ့လျှင် အံ့အားသင့်စရာမရှိဟု ရှက်ဖီးနည်းပြပြော

အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရင် အံ့အားသင့်စရာမရှိကြောင်း ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ်ဝဲလ်ဒါက ပြောပါတယ်။ ယူကေမှာ ကူးစက်မြန် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု ပိုများလာတာကြောင့် ပရီးမီးယားလိဂ်ကို ဆက်လက်ကျင်းပနိုင်ဖို့ အခက်အခဲတွေ့နေရပါတယ်။ ပရီးမီးယားလိဂ်မှာ တစ်ပတ်ကို ၂ ကြိမ် ပိုးရှိ၊ မရှိ စစ်ဆေးနေရပြီး အခုတစ်ပတ်မှာဆိုရင် ပရီးမီးယားလိဂ်ကလပ်တွေအတွင်းကနေ ပိုးတွေ့ရှိသူ ၃၆ ဦးအထိ စံချိန်တင် ပိုးတွေ့ ရှိခဲ့ပါတယ်။  ဒီလိုအခြေအနေမှာ ပရီးမီးယားလိဂ် အောက်ဆုံးက အသင်းနည်းပြတချို့ကတော့ ပြိုင်ပွဲကို ရပ်နားထားဖို့ တောင်းဆိုမှုတွေရှိလာပါတယ်။ အမှတ်ပေးဇယား အဆင့် ၁၉ ရောက်နေတဲ့ ဝက်စ်ဘရွန်းအသင်းရဲ့ နည်းပြ ဆမ်အလာဒိုက် ဆိုရင် ပွဲစဉ်တွေကို ရပ်နားထားဖို့ အက်ဖ်အေကို အတိအလင်း တောင်းဆိုခဲ့ပါတယ်။  အမှတ်ပေးဇယားအောက်ဆုံး ရောက်နေတဲ့ ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ္စဝဲလ်ဒါက “ပြိုင်ပွဲကို ပြီးဆုံးအောင် မကျင်းပနိုင်ခဲ့ဘူးဆိုရင်လည်း ဘယ်သူကမှတော့ အံ့အားသင့်နေမယ်လို့ မထင်ပါဘူး။ အသင်းတိုင်းက လက်ရှိ ခက်ခဲတဲ့အခြေအနေကို သိကြတာကြောင့် ဒီနှစ် ပရီးမီးယားလိဂ်ကို ဖျက်သိမ်းခဲ့ရင်လည်း အံ့အားသင့်စရာမရှိပါဘူး” လို့ ပြောပါတယ်။  ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အရောက်မှာ မန်ယူနိုက်တက်က တစ်ပွဲလျော့နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပေမယ့် ဘန်လေနဲ့ပွဲမှာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
2 months Ago

July 3, 2020

ချန်ပီယံလီဗာပူးကို မန်စီးတီး ၄ ဂိုးပြတ်နိုင်၊ စပါးက ရှက်ဖီးကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်စီးတီးက ချန်ပီယံ လီဗာပူးအသင်းကို ၄ ဂိုးပြတ်အနိုင်ရခဲ့ပြီး စပါးအသင်းကတော့ ရှက်ဖီးယူနိုက်တက်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ မန်စီးတီးအသင်းက ချန်ပီယံလီဗာပူးကို အိမ်ကွင်းမှာ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ ပထမပိုင်းကတည်းက မန်စီးတီးက ၃ ဂိုးပြတ်နဲ့ အနိုင်ရနေခဲ့ပြီး ဒီဘရိုင်း၊ စတာလင်နဲ့ ဖီးလ်ဖိုဒမ် တို့က သွင်းယူပါတယ်။  ဒုတိယပိုင်းမှာ လီဗာပူးကစားသမား ချိန်ဘာလိန်က ကိုယ့်ဂိုးကိုသွင်းယူမိတာကြောင့် မန်စီးတီးတို့ စတုတ္ထ မြောက်ဂိုးရခဲ့တာဖြစ်ပါတယ်။  ပွဲပြီးခါနီးမှာ မာရက်ဇ်က ဂိုးသွင်းခဲ့ပေမယ့် VAR နဲ့ ပြန်လည်စစ်ဆေးတဲ့ အခါမှာ ဖီးလ်ဖိုဒမ် လက်ထိခဲ့လို့ ပယ်ဖျက်ခဲ့ပြီး ၄ ဂိုး ဂိုးမရှိနဲ့ မန်စီးတီးအသင်း အနိုင်ရခဲ့တာပါ။ စပါးအသင်းကတော့ ၃ ပွဲဆက်တိုက် ရှုံးပွဲတွေ့ထားတဲ့ ရှက်ဖီးယူနိုက်တက်နဲ့ အဝေးကွင်း ကစားခဲ့ရာမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။  ရှက်ဖီးအသင်းအတွက် ဂိုးတွေကို ဆန်ဒါဘာ့ချ်၊ မော့ဆက်နဲ့မက်ဘာနီတို့က သွင်းယူခဲ့ပြီး ပွဲပြီးခါနီးမှ ဟယ်ရီကိန်းက စပါးအသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့တာပါ။  ဒီရှုံးပွဲကြောင့် စပါးအသင်း အဆင့် ၉ နေရာ အထိရောက်သွားပြီး ရှက်ဖီးက အဆင့် ၇ နေရာ အထိ တက်လှမ်းခဲ့ပါတယ်။ 
8 months Ago
Up