ရွှေ့ပြောင်းအလုပ်သမား

A d v e r t i s e m e n t With Us

January 26, 2021

နယူးဇီလန်၌ အလုပ်ရမည်ဆိုကာ ကျပ်သိန်း ၁၀၀၀ ကျော် လိမ်ခဲ့သည့် လင်းဝိဇ္ဇာအေဂျင်စီကို အမှုဖွင့်

နယူးဇီလန်နိုင်ငံရှိ ရေသန့်လုပ်ငန်းမှာ အလုပ်လုပ်ကိုင်ဖို့ အလုပ်သမား ၅၀ ကျော်ဆီက ငွေကျပ်သိန်း ၁၀၀၀ ကျော်  လိမ်လည်သွားတဲ့ လင်းဝိဇ္ဇာအေဂျင်စီကို ဇန်နဝါရီ ၂၅ ရက်နေ့က တောင်ဒဂုံမြို့နယ်ရဲစခန်းမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ပုဒ်မ(၂၆)နဲ့ အမှုဖွင့် လိုက်တယ်လို့ လိုက်ပါကူညီပေးနေတဲ့ CTUM ရွှေ့ပြောင်းအလုပ်သမားဌာနတာဝန်ခံ ကိုဟိန်းလတ်က ပြောပါတယ်။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ နယူးဇီလန်အလုပ်ရှာဖွေရေးနာမည်နဲ့ ချိတ်ဆက်မိခဲ့ကြပြီး သွားရောက်အလုပ်လုပ်ကိုင်ဖို့ တစ်ဦးကို ငွေကျပ် ၂၃ သိန်းခွဲ ပေးချေရမှာဖြစ်ကာ ၃ လ အတွင်းမသွားရရင် ငွေပြန်အမ်းမယ်လို့ လင်းဝိဇ္ဇာအေဂျင်စီက ပြောဆိုလိမ်ညာခဲ့ကြောင်း လိမ်လည်ခံရသူ တွေထံက သိရပါတယ်။ 

စာချုပ်ချုပ်ဆိုပြီးပေမယ့် ၁၁ လကျော်ကြာတဲ့အထိ ပို့ဆောင်ပေးတာ မရှိတဲ့အပြင် လင်းဝိဇ္ဇာ အေဂျင်စီ တာဝန်ရှိသူတွေရဲ့ နေအိမ်၊ရုံးခန်းတွေ ပြောင်းရွှေ့ပိတ်သိမ်းလိုက်တဲ့အတွက်ကြောင့် လိမ်လည်ခံရသူများက ရဲစခန်းမှာအရင်အမှုဖွင့်ခဲ့ကြကာ ရဲစခန်းက ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ဒီပုဒ်မဟာ အာမခံရရှိနိုင်တဲ့အမှုဖြစ်ပြီး ပြစ်ဒဏ်နည်းတဲ့အတွက်ကြောင့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ပုဒ်မ(၂၆)နဲ့ ပြောင်းလဲအမှုဖွင့်ဖို့ တောင်းဆိုပေးခဲ့တာလို့ CTUMရွှေ့ပြောင်းအလုပ်သမားဌာနတာဝန်ခံ ကိုဟိန်းလတ်က ပြောပါတယ်။ 

ဒါ့အပြင် လင်းဝိဇ္ဇာအေဂျင်စီဟာ တရားဝင်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားတာဖြစ်ပြီး ပြည်ပ ၂၆ ပုဒ်မနဲ့ အမှုဖွင့်ထားတာကို လက်ခံတရားစွဲမယ်ဆိုရင် ထောင်ဒဏ် ၇ နှစ်ကျခံရမှာဖြစ်ပြီး အာမခံလည်း မရရှိနိုင်တဲ့အမှု ဖြစ်ပါတယ်။ 

လက်ရှိမှာ လိမ်လည်ခံရသူထဲက ၅  ယောက်က  တရားလိုလုပ်ပြီး အေဂျင်စီတာဝန်ရှိသူတွေကို အမှုဖွင့်ထားကြပါတယ်။

သတင်း - Ei Thazin Khine၊ 

ဓာတ်ပုံ - Ko Hein Latt

1 month Ago

May 3, 2020

တရုတ်နယ်စပ်မှ ပြန်လာသည့်အလုပ်သမားများထဲ ရခိုင်ပြည်နယ်က အများဆုံးဖြစ်

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ မိုင်းလားအထူးဒေသ ၄ တို့ကနေ မိုင်းယန်းမြို့ကို လွှဲပြောင်းပေးတဲ့ ရွှေ့ပြောင်းလုပ်သား ၃၆၉ ဦးထဲမှာ ရခိုင်ပြည်နယ်က အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလုပ်သားတွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ဆက်စပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နယ်နဲ့ မိုင်းလားအထူးဒေသ (၄) နယ်မြေတွေမှာ စိုက်ပျိုးရေးခြံလုပ်သားများအဖြစ် လုပ်ကိုင်နေကြတာပါ။ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား ၃၆၉ ဦးကို အထူးဒေသ (၄) နယ်မြေ ဆီလူးမြို့မှာ Facility Quarantine ၂၁ ရက် ဝင်ရောက်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ကာ မေ ၃ ရက်နေ့ မနက်ပိုင်းက မိုင်းယန်းမြို့ကို လာရောက်ပို့ဆောင် လွှဲပြောင်းပေးခဲ့ပါတယ်။ မိုင်းယန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကိုကိုဇော်က “ဒါက တတိယအသုတ်ပါ။ နယ်စပ်မှာပဲ Quarantine ၂၁ ရက်ပြည့်လို့ ဆီလူး​ဒေသ အာဏာပိုင်တွေက မိုင်းယန်းကို ပို့ဆောင်လွှဲပြောင်းပေးခဲ့တာပါ။ အသုတ်တိုင်းမှာ ရခိုင်ပြည်နယ်က လူအများဆုံးပါပဲ။ ကျန်းမာရေး၊ လုံခြုံရေးကိစ္စရပ်တွေကိုတော့ သက်ဆိုင်ရာအလိုက်ပဲ စိစစ်မှုတွေ လုပ်နေပါတယ်” လို့  ပြောပါတယ်။ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား ၃၆၉ ဦးအနက် ရှမ်းပြည်နယ်မှ ၅၅ ဦး၊ စစ်ကိုင်းတိုင်းမှ ၁၀ ဦး၊ မကွေးတိုင်းမှ ၈ ဦး၊ ပဲခူးတိုင်းမှ ၁၃ ဦး၊ ဧရာဝတီတိုင်းမှ ၅ ဦး၊ ရန်ကုန်တိုင်းမှ ၁ ဦး၊ မွန်ပြည်နယ်မှ ၁ ဦး နဲ့ ရခိုင်ပြည်နယ်မှ ၂၇၆ ဦး ပါဝင်ပါတယ်။ ဒေသအာဏာပိုင်တွေအနေနဲ့ ပြန်လည်ဝင်ရောက်လာသူ ရွှေ့ပြောင်းလုပ်သား အများစုမှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးက ရခိုင်တိုင်းရင်းသားတွေ အများဆုံး ပါဝင်နေတာကြောင့် သက်ဆိုင်ရာဌာနအလိုက် စိစစ်မှုတွေ ဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။ အောင်ဇေယျ
10 months Ago

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီး မြဝတီပြန်ပို့သည့် မြန်မာ ၁၁ ဦး အချုပ်ကားပေါ်မှ ထွက်ပြေး

ထိုင်းနိုင်ငံဥပဒေ ချိုးဖောက်လို့ ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခံပြီး မြဝတီဘက် ပြန်ပို့စဉ် အချုပ်ကားပေါ်ကနေ မြန်မာလုပ်သား ၁၁ ဦး ထွက်ပြေးခဲ့ကြပြီး ၂ ဦး ပြန်ဖမ်းမိတယ်လို့ သိရပါတယ်။  သူတို့ဟာ ထိုင်းနိုင်ငံအတွင်း တရားဥပဒေ ချိုးဖောက်တာနဲ့ ပြည်တွင်းခိုးဝင် ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံပြီးသူတွေ ဖြစ်ပြီး မေ ၂ ရက်က မြဝတီလက်ခံရေးစခန်းကို ပြန်ပို့စဉ် အချုပ်ကားပေါ်မှ ၁၁ ဦး ခုန်ချထွက်ပြေးရာ ထိုင်းနယ်စပ်ရဲတပ်ဖွဲ့က ၂ ဦးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မြန်မာ-ထိုင်းနယ်စပ် မြဝတီနဲ့ တာခ့်ခရိုင် အပါအဝင် သောင်းရင်းမြစ်တလျှောက်က ဝေါ်မြိုင်တဖက်ကမ်း၊ ဆုံဆည်းမြိုင်တဖက်ကမ်းနဲ့ မော်လီချိုင်းတဖက်ကမ်း ထိုင်းဘက်မှာ လုံခြုံရေးတင်းကျပ်ထားပြီး သွားလာခွင့် ပိတ်ထားတာပါ။ COVID-19 ကြောင့် မေလအတွင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ မြဝတီမြို့မှာ ပြန်လည်လက်ခံနေတာဖြစ်ပြီး မေ ၁ ရက်က အယောက် ၆၀၊  မေ ၂ ရက်က ၅၄ ဦး ဝင်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးတာနဲ့ ကျန်းမာရေးပညာပေးတွေ လုပ်ဆောင်ကာ ၂၁ ရက် စောင့်ကြည့်သွားမယ်လို့ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။ မြန်မာနိုင်ငံ ပြန်ဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံး ထောက်ခံချက်မပါဘဲ မေ ၂ ရက်နေ့က အိမ်စီးကားတွေကို ဈေးကြီးပေးပြီး ဘန်ကောက်ကနေ ခရိုင် ၇ ခုကို ကျော်ဖြတ်လာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ရှိတယ်လို့ ဘန်ကောက်က ပြန်လာတဲ့ အလုပ်သမားတဦးက ပြောပါတယ်။ ထိုင်းနိုင်ငံမှာလည်း ခရီးသွားခွင့်နဲ့ ကျန်းမာရေးထောက်ခံချက် မပါတဲ့ အိမ်စီးကားတွေကို အရေးယူတာတွေ ရှိနေပါတယ်။
10 months Ago
More News
Up