ရွှေ့ပြောင်းသွားလာသူ

A d v e r t i s e m e n t With Us

August 31, 2020

အီတလီကမ်းရိုးတန်းတွင် လှေမီးလောင်ပြီး ရွှေ့ပြောင်းသွားလာသူ ၃ ဦးသေဆုံး

အီတလီနိုင်ငံ တောင်ဘက်ကမ်းရိုးတန်းနားမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်လာတဲ့ လှေတစီး သြဂုတ် ၃၀ ရက်မှာ မီးလောင်လို့ ရွှေ့ပြောင်းနေထိုင်သူ ၃ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ရဲနဲ့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ တခြားရွှေ့ပြောင်းသွားလာသူ ၅ ဦးလည်း ဒဏ်ရာရလို့ ဆေးရုံတင် ကုသပေးထားရတယ်လို့ အီတလီ ဆိပ်ကမ်းမြို့ ခရိုတုန်းက ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေကို ကယ်ဖို့ ကြိုးစားခဲ့တဲ့ ရဲအရာရှိ ၂ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ မြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
6 months Ago

April 1, 2020

ဂရိနိုင်ငံက ရွှေ့ပြောင်းသွားလာသူများနေထိုင်ရာ စခန်းတွင် COVID-19 ကူးစက်ခံရသူ တွေ့ရှိ

ဂရိနိုင်ငံအတွင်း လူပေါင်းထောင်ချီ ကျပ်ညပ်နေတဲ့  ရွှေ့ပြောင်းသွားလာသူတွေ စခန်းမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်  ကူးစက်ခံရသူကို တွေ့ရှိတယ်လို့ အစိုးရက မတ်လ ၃၁ ရက် မှာ သတင်းထုတ်ပြန်ပါတယ်။ ကူးစက်ခံရသူဟာ မကြာခင်က အေသင်ဆေးရုံမှာ  ကလေးမွေးဖွားထားတဲ့ ဒုက္ခသည် မိခင် တစ်ဦးဖြစ်ပါတယ်။  အဲဒီ အမျိုးသမီးဟာ အေသင်မြို့ မြောက်ဘက် တစ်နာရီ ခရီးအကွာမှာ ရှိတဲ့  ရစ်ဆိုနာ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့သူဖြစ်ပြီး အဲဒီစခန်းမှာ လူပေါင်း ၂၅၀၀ လောက် ရှိပါတယ်။ အခုချိန်ထိ စခန်းမှာ တခြား  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မတွေ့ရဘဲ   တကယ်လို့ ပေါ်ပေါက်လာမယ့် လူနာတွေအတွက် သီးခြားနေရာ တည်ဆောက်ထားတယ်လို့  ရွှေ့ပြောင်းသွားလာရေး ဝန်ကြီးဌာနက သတင်းရင်းမြစ်တွေက ဆိုပါတယ်။  ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို  လက်သန့်ဆေးရည်နဲ့ ဆပ်ပြာတွေ ဝေငှထားပြီး အလုပ်နေရာတွေနဲ့ အများသုံးနေရာတွေကို တစ်ပတ် တစ်ကြိမ်ပိုးသတ်ဆေးဖျန်းတယ်လို့   နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများ အဖွဲ့အစည်း (IOM) က သတင်းထုတ်ပြန်ပါတယ်။   ဂရိနိုင်ငံထဲမှာရှိတဲ့ ရွှေ့ပြောင်းသွားလာသူတွေ စခန်းတွေ အထူးသဖြင့်  ဂရိကျွန်းတွေပေါ်က စခန်းတွေမှာ လူတွေပြည့်နှက်တာတွေ နဲ့ သန့်ရှင်းမှုမရှိတဲ့အခြေအနေကြောင့်   ဗိုင်းရပ်စ် ပျံ့နှံ့ဖို့ အသင့်ဖြစ်နေတယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက သတိပေးထားပါတယ်။
11 months Ago
Up