ရွှေ့ပြောင်းဒုက္ခသည်လှေနစ်မြုပ်

A d v e r t i s e m e n t With Us

November 25, 2020

စပိန်ကမ်းလွန်တွင် ရွှေ့ပြောင်းဒုက္ခသည်လှေနစ်မြုပ်ပြီး လူ ၄ ဦးထက်မနည်း သေဆုံး

စပိန်နိုင်ငံ၊ ကာတာရီကျွန်းစု အရှေ့မြောက်ပိုင်းက အော်ဇိုလာကမ်းရိုးတန်းရဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ နိုဝင်ဘာ ၂၄ ရက်က လှေတစီး  နစ်မြုပ်ပြီး လူ ၄ ယောက်ထက်မနည်း သေဆုံးကာ ၃ ယောက်ထက်မနည်း သေလုမြောပါး ဒဏ်ရာရတယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ ၃၅ ယောက်ထက်မနည်းကို တင်လာတဲ့ လှေဟာ ရေအောက် လှိုင်းကာ အရံအတားတခုကို တိုက်မိ နစ်မြုပ်ခဲ့တာလို့ ပြောပါတယ်။ ရှင်သန်သူ ၂၇ ယောက်ထက်မနည်းကို ကယ်ထားပြီးပြီလို့ အရေးပေါ်ဌာနနဲ့ ကမ်းရိုးတန်းစောင့်တပ်က အရာရှိတွေက ပြောပါတယ်။ ဒီလှေပေါ်မှာ အမျိုးသမီးတွေနဲ့ ကလေးတွေချည်း ပါတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီနှစ်ထဲမှာ မြောက်အာဖရိက ကနေ အန္တရာယ်များတဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး ကာနာရီကျွန်းတွေဆီ ရွှေ့ပြောင်းနေထိုင်သူ ၁,၇၀၀၀ နီးပါး ရောက်လာခဲ့တယ်။ ဒါဟာ မနှစ်က ရောက်လာသူ စုစုပေါင်းအရေအတွက်ထက် ဆယ်ဆကျော်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 months Ago
Up