ဂရိနိုင်ငံ ရွှေ့ပြောင်းဒုက္ခသည်စခန်းတခုမှာ လူ ၂၀ လောက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိရလို့ အဲဒီဒုက္ခသည်စခန်းတခုလုံးကို အသွားအလာ ထိန်းချုပ် ကန့်သတ်ထားရတယ်လို့ ဂရိအစိုးရက ဧပြီလ ၂ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အေသင်ဆေးရုံမှာ ကလေးမီးဖွားခဲ့တဲ့ ၁၉ နှစ်အရွယ် ရွှေ့ပြောင်းဒုက္ခသည် မိန်းကလေးတဦးထံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ပြီးနောက် ဂရိအာဏာပိုင်တွေဟာ ရစ်ဆိုနာဒုက္ခသည်စခန်းကို အသွားအလာ ကန့်သတ်မှု လုပ်လိုက်ရတာပါ။
အဲဒီစခန်းဟာ အေသင်အရှေ့မြောက်ဘက် ၇၅ ကီလိုမီတာအကွာမှာ ရှိပါတယ်။
အထက်ပါမိန်းကလေးကတော့ ဂရိမှာ ရှိတဲ့လူ ပြည့်ကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ပထမဆုံး ရောဂါပိုး တွေ့ရှိရတဲ့ ရွှေ့ပြောင်းဒုက္ခသည်ပါပဲ။
ရစ်ဆိုနာ ဒုက္ခသည်စခန်းမှာ ရွှေ့ပြောင်း နှစ်ထောင့်ငါးရာခန့် နေထိုင်နေကြပြီး အခု ပိုးတွေ့သူတွေမှာ ဘယ်လိုရောဂါလက္ခဏာမှ မပြဘူးလို့ ဂရိလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြောကြားချက်ကို ရိုက်တာသတင်းက ဖော်ပြပါတယ်။
3 years Ago