ရွှေအုန်းပင်စားသောက်ဆိုင်

June 7, 2021

မိတ္ထီလာ ရွှေအုန်းပင်စားသောက်ဆိုင်တွင် ဗုံးပေါက်၊ ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်  ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ ရွှေအုန်းပင် စားသောက်ဆိုင်ဝင်းအတွင်း ဇွန် ၆ ရက် နေ့လယ် ၂ နာရီခွဲလောက်က လက်လုပ်ဗုံး ပေါက်ကွဲခဲ့ရာ လူတစ်ယောက် သေဆုံးသွားပါတယ်။

“စားသောက်ဆိုင်ဝင်းထဲ  ပေါက်ကွဲသံကြားရတယ်။ ခဏနေတော့ ရဲနဲ့စစ်ကားတွေ ရောက်လာတယ်။တစ်ဦး သေတယ်လို့ သိရတယ်။ သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာ မသိတော့ အောင် ဖြစ်သွားတယ်။ စားသောက်ဆိုင်မှာရှိတဲ့ ကလေးတွေကလည်း ဖမ်းသွားတယ်”လို့ ဒေသခံက တစ်ယောက်က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆိုင်အတွင်းစစ်ဆေးရာမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ၁၀၀ ကျော်နဲ့ ဗုံးလုပ်ရာမှာပါတဲ့ ဆက်စပ်ပစ္စည်းတွေလည်း  သိမ်းဆည်းရမိခဲ့ပါတယ်။

8 months Ago
Up