ရွှေသရဖူ

March 14, 2021

အလှမယ် ဂျာဆိုင်းအိန် ရွှေသရဖူ သိန်း ၁၅၀ ဖြင့် လေလံအောင်၊ ကချင်၊ ရခိုင်စစ်ရှောင်များသို့ လှူဒါန်းမည်

ကချင်အလှမယ် ဂျာဆိုင်းအိန်ရဲ့ ရွှေသရဖူကို လေလံတင်ရောင်းချဖို့ ကြေညာထားခဲ့ရာ ကျပ်သိန်း ၁၅၀ နဲ့ လေလံအောင်သွားခဲ့ပြီး ဒီငွေတွေကို ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

       အလှမယ် ဂျာဆိုင်းအိန်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် Miss Myanmar World အ လှမယ်ပြိုင်ပွဲရဲ့ 1st runner up ဆုရှင်တဦးဖြစ်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ သရုပ် ဆောင်တယောက်အနေနဲ့လည်း လှုပ်ရှားနေသူ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက်၊ စစ်ဘေးရှောင်ပြည်သူတွေအတွက်၊ ဖိနှိပ်ခံ ပြည်သူတွေအ တွက် ဒီသရဖူကို ကြမ်းခင်းစျေး ငွေကျပ်သိန်း ၁၀၀ နဲ့ အိတ်ဖွင့် လေလံတင်ရောင်းချဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာထားခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ အတိဒုက္ခရောက်နေကြတဲ့ ဖိနှိပ်ခံ ပြည်သူတွေအတွက် လူသားချင်းစာနာစိတ်နဲ့ ဖေးမပံ့ပိုးကူညီနိုင်ဖို့လည်း ဖိတ်ခေါ်ထား ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီသရဖူကို ကျပ်သိန်း ၁၅၀ နဲ့ Eleven Generation Co.Ltd ရဲ့ Chairman ဦးနော်လီက လေလံအောင်သွားခဲ့တာ ဖြစ်ပါတယ်။

2 years Ago
Up