ရွှေသတ္တုတွင်းပေါက်ကွဲမှု

A d v e r t i s e m e n t With Us

January 18, 2021

တရုတ် ရွှေသတ္တုတွင်းပေါက်ကွဲမှုတွင် တပတ်ကြာပိတ်မိနေသူ ၁၂ ဦး အသက်ရှင်လျက်ရှိ

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံးပြည်နယ် ဟူရှန်းရွှေသတ္တုတွင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာ သီတင်းပတ် တပတ် ကြာပြီဖြစ်ပေမယ့် မြေအောက်ထဲမှာ ပိတ်မိနေတဲ့ အလုပ်သမား ၁၂ ယောက်ဟာ အသက်ရှင်နေတုန်းပဲလို့ သတ္တုတွင်းဆီကရတဲ့စာနဲ့ ဒေသန္တရ အာဏာပိုင်တွေကို ကိုးကားပြီး တရုတ်အစိုးရမီဒီယာက ဇန်နဝါရီ ၁၇ ရက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၁၀ ရက်က ပေါက်ကွဲမှုအပြီး တွင်းထဲမှာ တွင်းသား စုစုပေါင်း ၂၂ ယောက် ပိတ်မိနေခဲ့တာပါ။ ဒီဖြစ်ရပ် ဖြစ်အပြီး နာရီ ၃၀ ကြာတဲ့အထိ ဒီအကြောင်းကို ဘယ်သူမှ ဖော်ပြတာ မရှိခဲ့ပါဘူး။ ဒါကြောင့် ဒေသခံ အကြီးတန်းအရာရှိ ၂ ယောက်ကို အလုပ်က ထုတ်ပစ်ပြီး တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က ကြိုးတန်းတွေကို သုံးပြီး စားစရာ၊ အာဟာရဖျော်ရည်၊ ဓာတ်မီး၊ စာရွက်နဲ့ ဘောလ်ပင်တို့ကို မြေအောက်မှာ ပိတ်မိနေတဲ့ တွင်းသားတွေဆီ ပို့ပေးနေပုံကို စီစီတီဗီ သတင်းဌာနက ထုတ်လွှင့်ပါတယ်။ ‘ပိတ်မိ တွင်းသားတွေထဲက ၁၁ ယောက်က ဘေးကင်းတယ်၊ တယောက်က ဒဏ်ရာရထားတယ်၊ ၁၀ ယောက် ပျောက်နေတယ်’လို့ မှတ်စုတိုရေးပြီး ပြန်ပို့ပေးခဲ့ကြပါတယ်။
2 months Ago
Up