ပိတ်မိနေတဲ့ တရုတ်ရွှေတွင်းလုပ်သားတွေကို ကယ်ဆယ်မယ့် လမ်းကြောင်းမှာ တစ်ဆို့ နေတဲ့ အရာရှိနေလို့ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ နောက်ထပ် ၁၅ ရက် စောင့်ဆိုင်း ရမယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်က ဟူရှန်ရွှေတွင်းဟာ ဇန်နဝါရီ ၁၀ ရက်က ပေါက်ကွဲပြီး စုစုပေါင်း တွင်းလုပ်သား ၂၂ ယောက် ပိတ်မိခဲ့ပါတယ်။
ပိတ်မိနေသူတွေထဲက တစ်ယောက် သေဆုံးပြီး ၁၁ ယောက်ကတော့ အသက်ရှင်နေသေးပါတယ်။ ကျန်လုပ်သား ၁၀ ယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ တွင်းသစ်တွေတူးပြီး ပိတ်မိလုပ်သားတွေထံ ဆေးဝါးနဲ့ အစားအစာတွေ ပို့ဆောင်ပေးနေပါတယ်။
1 month Ago