ရွှေလိပ်

A d v e r t i s e m e n t With Us

January 2, 2021

ပူတာအိုတွင် ရွှေလိပ်အပါအဝင် ရှားပါးမျိုးစိတ်လိပ်များကို ဝါသနာရှင်တစ်ဦးက မွေးမြူနေ

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ဆင်လွမ်ဒမ်း ၂ ‌ကျေးရွာမှာ ရှားပါးမျိုးစိတ် လိပ်တစ်ကောင်ကို မွေးမြူထားပါတယ်။  အဲဒီရှားပါးမျိုးစိတ် ရွှေလိပ်ကို ဆင်ဆွမ်ဒမ်း ၂ ကျေးရွာမှာ နေတဲ့ ဦးရင်ထန်ခင်းဗေးက ၂၀၂၀ ခုနှစ် မေလ ၇ ရက်နေ့တုန်းက တွေ့ရှိခဲ့တာပါ။  အဲဒီရွှေလိပ်ဟာ မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှတိုက်မှာလည်း မရှိသေးတဲ့ ရှားပါးမျိုးစိတ်ဖြစ်တယ်လို့ လိပ်ပါရဂူတစ်ဦးက ပြောဆိုကြောင်း ရွှေလိပ်တွေ့ရှိထားတဲ့ ဦးရင်ထန်ခင်ဗေးက ပြောပါတယ်။  အဲဒီရွှေလိပ်နဲ့အတူ ထူးခြားတဲ့ လိပ်မျိုးစိတ် ၉ ကောင်လောက်ကိုလည်း မွေးမြူထားပြီး အစာကိုတော့ အသီးအနှံအပြင် ၂ ပတ်တကြိမ် အမဲသားကျွေးတယ်လို့ သိရပါတယ်။   မွေးမြူထားတဲ့ လိပ်တွေထဲက ရွှေလိပ်ကို လာရောက် လေ့လာသူတွေရှိပြီး ဟိုတယ်လုပ်ငန်းရှင်တွေက ကျပ်ငွေ အမြောက်အမြားပေးပြီး ဝယ်ယူသူတွေ ရှိပေမယ့် မရောင်းခဲ့ဘူးလို့ မွေးမြူထားသူက ပြောပါတယ်။  ရွှေလိပ်တွေ့ရှိထားသူ ဦရင်ထန်ခင်‌ဗေးဟာ ဓမ္မအမှုတော်ဆောင် ဆရာတစ်ပါး ဖြစ်နေတဲ့အတွက် ရွှေလိပ်‌နဲ့ တခြားလိပ်တွေကို ဆက်လက်မွေးမြူဖို့ ငွေကြေးအခက်အခဲ တွေ့ကြုံနေရတာကြောင့် ရွှေလိပ်ကို လေ့လာချင်တဲ့သူတွေဆီက  အလှူငွေကောက်ခံဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။  သတင်း - ဖေနောင်းအောင်
2 months Ago
Up