ရွှေရှာဖွေတူးဖော်ခွင့်

April 23, 2021

သြစတြေးလျ Access Asia Mining ကုမ္ပဏီ ရှမ်းပြည်နယ်တွင် ရွှေရှာဖွေတူးဖော်ခွင့်ရရှိ

သြစတြေးလျအစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ Access Asia Mining ကုမ္ပဏီဟာ ရှမ်းပြည်နယ်အတွင်း စတုရန်း ကီလိုမီတာ ၁၈၀၀ ကျယ်တဲ့ မြေမှာ ရွှေတူးဖို့ ရှာနေတယ်လို့စွပ်စွဲခံထားရကြောင့် The guardian သတင်းစာမှာ  ဧပြီ ၂၂ ရက်မှာ ဖော်ပြပါတယ်။

အဆိုပါ ကုမ္ပဏီဟာ ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ်  ၄ နိုင်ငံ နယ်စပ်နား ရှမ်းပြည်နယ်အတွင်း ၁၈၀၀ စတုရန်း ကီလိုမီတာ ကျယ်တဲ့မြေမှာ ရွှေရှာခွင့် ရထားတယ်လို့လည်း သတင်းမှာ ရေးပါတယ်။ 

ဒီနေရာဟာ မြန်မာနိုင်ငံအတွင်း ရွှေနဲ့ ကြေးနီရှာဖို့ အလားအလာ အရှိဆုံးနဲ့ အကျယ်ဆုံး နေရာလို့ ရင်းနှီးမြှုပ်နှံသူတွေကို ပြောထားတယ်လို့ ဆိုပါတယ်။  သြစတြေးလျနိုင်ငံက လူသိများတဲ့ ရပ်ဘီအားကစားသမား ဂျွန်အေးလက်စ် ဟာလည်း အဆိုပါ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီကိုယ်စားလှယ်တွေဟာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့က ဒေသန္တရအရာရှိတွေနဲ့ မတ် ၈ ရက်က တွေ့ဆုံပြီးပြီလို့လည်း  ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြောပါတယ်။ 

8 months Ago
Up