မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ရွှေမြင်ကျေးရွာ
Home
ရွှေမြင်ကျေးရွာ
A
d
v
e
r
t
i
s
e
m
e
n
t
With Us
April 11, 2020
806
ပုသိမ်မြို့ ရွှေမြင်ကျေးရွာရှိ အခြေခံလူတန်းစားများကို ဝန်ကြီးချုပ်ကိုယ်တိုင် စားသောက်ကုန်များ ပေးဝေ
ဧရာဝတီတိုင်းမှာ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစားတွေကို အစိုးရက ထောက်ပံ့တဲ့ အစီစဉ်ကို ဧပြီလ ၁၀ ရက်နေ့က စတင်ခဲ့ပြီး ပုသိမ်မြို့က၊ ရွှေမြင်တင်ကျေးရွာမှာ ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ပေးဝေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစိုးရက ထောက်ပံ့တဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်စားတွေအတွက် စားသုံးကုန်တွေကို ဒီနေ့စတင်ပေးဝေတာ အိမ်ခြေ ၅၈၁ အိမ်အတွက် လိုက်လံပေးဝေသွားမှာဖြစ်ပြီး နောက်နေ့တွေမှာ ဆက်လက်ပေးဝေသွားမယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။
“ပစ္စည်းတွေ လိုက်ဝေဖို့ တတိုင်းလုံးတော့ ပါချင်မှပါမယ်၊ တတ်နိုင်သလောက် သွားနေမှာပါ၊ ကျန်တဲ့ဝန်ကြီးတွေလည်း ပါမှာပါ၊ အောက်ခြေထိ အနှံ့ကိုတော့ သက်ဆိုင်ရာဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတွေက ဆက်လက်ပေးဝေမှာပါ။ တကယ်လိုအပ်နေတဲ့သူတွေကို ပေးနိုင်ဖို့လည်း စီစဉ်ထားပါတယ်။”
အစိုးရက ထောက်ပံ့ပေးတဲ့ စားသောက်ကုန်တွေကို ပထမဆုံးအနေနဲ့ ပုသိမ်မြို့၊ ဇင်ပြွန်းကုန် ကျေးရွာကို တိုင်းအစိုးရအဖွဲ့က ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ ဝန်ကြီးတွေ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေက နေ့လယ်ပိုင်းမှာ သွားရောက်ပေးဝေခဲ့တာပါ။
ရွှေမြင်တင်ကျေးရွာက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားမိသားစုဝင်များအတွက် မိသားစု တစုကို ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ သား၊ ပဲ ၁ ပိဿာနဲ့ ကြက်သွန်နီ ၁ ပိဿာ စတဲ့ အခြေခံစားသုံးကုန် ပစ္စည်း ၅ မျိုးကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့ ရွှေမြင်တင်ကျေးရွာမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီ အစိုးရရဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့မှုအစီအစဉ် လက်လုပ်လက်စား မိသားစုဝင်အိမ်ခြေ ၅၈၁ အိမ်က ရရှိခဲ့တာပါ။
မင်းထက်မုန်း (ပုသိမ်)
11 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up