ရွှေဘိုမြို့

October 16, 2021

ရွှေဘိုမြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့သူ ၁ ဦးကို ပျူစောထီးအဖွဲ့က ပစ်သတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရုံးတောရွာက စိတ်ကျန်းမာရေးချို့တဲ့သူတယောက်ကို ပျူစောထီးတွေက ပစ်သတ်ပြီး PDF လို့ သတင်းမှား ဖြန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က ရွာလမ်းပေါ်မှာ ဖမ်းဆီး သတ်ဖြတ်ခဲ့တာဖြစ်ပြီး အလောင်းကိုလည်း အခုအချိန်ထိ မကောက်ရဲကြသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

ရုံးတောရွာသားတယောက်က “သတ်ခံရတာက ဦးဖိုးသေးနဲ့ ဒေါ်ညွန့်မှီတို့ရဲ့သား မောင်ရန် ဆိုတဲ့သူ။ အသက် ၃၀ လောက်ရှိမယ်။ သူက စိတ်မနှံ့ဘူး။ သူ့ကို ညောင်ကိုင်းနဲ့ ရုံးတောကြားက လမ်းပေါ်မှာ ဖမ်းပြီး သတ်တာ။ ပြီးတော့ လက်နက်နဲ့ ဓာတ်ပုံရိုက်ပြီး PDF လို့ သတင်းလွှင့်နေတယ်” လို့  ပြောပါတယ်။

ညောင်ကိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေနဲ့ ပျူစောထီးတွေက ပူးပေါင်း သတ်ဖြတ်တာလို့လည်း ရွာသားတွေက ပြောပါတယ်။

အလောင်းဟာ သတ်ဖြတ်ခံထားရတဲ့နေရာမှာပဲ ရှိနေပြီး ဘေးမှာ မိုင်းတွေ ထောင်ထားတယ်လို့ ကြားသိရတာကြောင့် ဘယ်သူမှ သွားမကောက်ရဲကြဘူးလို့လည်း ဆိုပါတယ်။

ရွှေဘိုမြို့နယ် ညောင်ကိုင်းနဲ့ တည်သီတောရွာတို့က ပျူစောထီးတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းလို့ ဒေသခံတွေက ဒုက္ခပေးနေတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

8 mins Ago

September 22, 2021

ရွှေဘိုမြို့ ဝန်ထမ်းအိမ်ရာက CDM ဝန်ထမ်းများကို စစ်ကောင်စီက အတင်းကျပ်ဖယ်ရှား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက် ပြည်တော်သာတိုက်တန်းမှာနေတဲ့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီက အတင်းအကျပ်ဖယ်ရှားခိုင်းလို့ CDM ဝန်ထမ်းတချို့ စက်တင်ဘာ ၂၂ ရက်မနက်ပိုင်းက ပြောင်းရွှေ့နေကြရပါတယ်။  

မြို့ခံတစ်ဦးက “ဒီနေ့ရွှေ့ပြောင်းနေကြတာမြင်တယ်၊ ကားကြီး ကားလေးအစုံပဲ။ CDM ဝန်ထမ်းတွေကို တိုက်ခန်းတွေကနေ ဖယ်ခိုင်းတာတွေရှိသလို တချို့ကိုဖမ်းဆီးသွားတယ်လို့တော့ ကြားတယ်” လို့ ပြောပါတယ်။

ပြည်တော်သာတိုက်တန်းဝန်ထမ်းအိမ်ရာကို စက်တင်ဘာ ၁၅ ရက် ညကလည်း ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ ဝင်ရောက်စီးနင်းပြီး စစ်ဆေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးမှာရှိတဲ့ ဌာနပေါင်းစုံက ဝန်ထမ်းတွေဟာ စီးပွားရေးနဲ့ အသက်အန္တရာယ်ကို ပဓာနမထားဘဲ စစ်အာဏာဆန့်ကျင် တော်လှန် CDM လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

3 weeks Ago
More News
Up