ရွှေဘိုစည်ပင် သန့်ရှင်းရေးဝန်ထမ်းများ

A d v e r t i s e m e n t With Us

April 6, 2020

ရွှေဘိုစည်ပင် သန့်ရှင်းရေးဝန်ထမ်းများကို ဆန်၊ ဆီနှင့် Mask များ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့စည်ပင်သာယာရေးကော်မတီရုံးမှာ ဧပြီ ၅ ရက် ညနေပိုင်းက စေတနာရှင်ပြည်သူတွေ စုပေါင်းပြီး စည်ပင်သာယာသန့်ရှင်းရေးဝန်ထမ်းတွေနဲ့ ယာဉ်မောင်းတွေကို ဆန်၊ ဆီနဲ့ Mask တွေ လှူဒါန်းခဲ့ကြပါတယ်။ “အခုရက်ပိုင်း သူတို့အတော်ပင်ပန်းကြတာ ကျနော်တို့မျက်မြင်ပါ။ သန်းရှင်းရေးဆောင်ရွက်နေကြရသလို ရောဂါထိန်းချုပ်ရေးလုပ်ငန်းတခုဖြစ်တဲ့ ဆေးဖြန်းတာတွေကိုလည်း လုပ်နေကြတာဖြစ်တဲ့အတွက် ကျနော်တို့ ပြည်သူတွေစုပြီးလှူကြတာပါ” လို့ ဦးဆောင်လှူဒါန်းသူ ပြည်သူတဦးကပြောပါတယ်။ စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေဟာ COVID-19 ရောဂါထိန်ချုပ်ကာကွယ်ရေးအတွက် ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဈေးကြီးအတွင်း၊ ဘူတာရုံ ကားဝင်းနဲ့ အများသွားလာနေတဲ့ လမ်းမကြီးတွေမှာ ပိုးသတ်ဆေးဖြန်းတဦ၊  ဈေးသည်တွေ စည်းကမ်းတကျ ရောင်းချဖို့ နေရာသတ်မှတ်ပေးတာ၊ လက်ဆေးဘေစင်တွေ ထားရှိပေးတာအပြင် ပြင် မူလလုပ်ငန်းဖြစ်တဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို အချိန်ပိုဆင်းပြီး လုပ်ခဲ့ကြတယ်လို့ ရွှေဘိုမြို့စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းဦးက ပြောပါတယ်။ ဝန်ထမ်တယောက်ကို ဆန် ၂ ပြည်၊ ဆီ ၅၀ သား၊ mask ၂ ခုစီ စုစုပေါင်း သန့်ရှင်းရေးဝန်ထမ်းနဲ့ ယာဉ်မောင်း ၇၁ ယောက်ကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ အောင်စံလင်း
11 months Ago
Up