ရွှေပြောင်းမြန်မာလုပ်သား

August 1, 2021

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပိတ်မိနေသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများ နေရပ်ပြန်ခွင့်ရ

ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြန်မာပြည်ကိုပြန်မယ့်  ရွှေ့ပြောင်းလုပ်သားတွေကို      တစ်လကျော်ကြာ ပိတ်ထားတဲ့ပြီးနောက် သြဂုတ် ၁ ရက်နေ့မှာပြန်လည်စတင်လက်ခံနေပါတယ်။

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)ကနေ   ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀၀ လောက်ကို  ဒီကနေ့ စတင် တင်လွဲပြောင်းပေးတာဖြစ်ပြီး ဒီအထဲက ကရင်ပြည်နယ် နေထိုင်သူအတွက်ကတော့ ကိုဗစ်ကူးစက်မှုရှိမရှိ  ၁၀ ရက်တာစောင့်ကြည့်ခံရမှာဖြစ်ပါတယ်။

ကျန်သူတွေဟာလည်း သူတို့နေထိုင်ရာ သက်ဆိုင်ရာ ဒေသတွေရှိ ကိုဗစ်စောင့်ကြည့်စင်တာတွေမှာ ၁၄ ရက်နေထိုင်ကြရမှာဖြစ်ပါတယ်။ 

ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၂)မှာ တစ်ရက်ခြား တစ်ရက်ကလျှင် အယောက် ၂၀၀ လက်ခံသွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇  ရက်နေ့က စပြီး မြန်မာဘက်က နေရပ်ပြန်ရွှေပြောင်းအလုပ်သမား လက်ခံတာကို  ရပ်ဆိုင်းခဲ့တဲ့အတွက်  ထိုင်းနယ်စပ်မဲဆောက်မြို့မှာ ရွှေ့ပြောင်းအလုပ်သမား ၈၀၀ လောက်  သောင်တင်ဒုက္ခရောက်ကြပြီး  အချုပ်ခန်းမှာလည်း ကျန်းမာရေးအစောင့်ရှောက်မှု အဆင်မပြေတာနဲ့  ကိုဗစ်ကူးစက်မယ့်အန္တရာယ်နဲ့ ကြုံနေကြရပါတယ်။

3 months Ago
Up