ရွှေပြောင်းနေထိုင်သူ

September 19, 2021

အမေရိကန်-မက္ကဆီကို နယ်စပ်ရှိ ရွှေပြောင်းနေထိုင်သူများကို ဖယ်ရှားရန် အရှိန်မြှင့်

ဟေတီနိုင်ငံသား အများစုပါတဲ့ ထောင်ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်- မက္ကဆီကို နှစ်နိုင်ငံနယ်စပ်ကနေ ဖယ်ရှားဖို့ အမေရိကန်အာဏာပိုင်တွေ အရှိန်အဟုန်မြှင့် ကြိုးစားနေကြပါတယ်။

 တက္ကဆက်ပည်နယ်ထဲက နယ်စပ်မြို့ ဒယ်ရီယိုဆီကို ထောင်ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ရောက်လာပြီး ပူပြင်းတဲ့ ပတ်ဝန်းကျင်မှာ တံတားအောက်က ညစ်ပတ်ပေရေနေတဲ့ အနေအထားနဲ့ နေနေရတာပါ။

“မက္ကဆီကိုနိုင်ငံက ကွေဒက် အာကူနာမြို့နဲ့ ဆက်နေတဲ့ ဒယ်ရီယို နိုင်ငံတကာ တံတားအောက်မှာ ရွှေ့ပြောင်းနေထိုင်သူအယောက် ၁ သောင်းကျော် ခိုလှုံနေတာကို တုံ့ပြန်တဲ့အနေနဲ့ စက်တင်ဘာ ၁၇ ရက်က လူအယောက် ၂ ထောင်လောက်ကို နေရာ ရွှေ့ပေးခဲ့တယ်၊ လာမယ့် ၇၂ နာရီအတွင်း ဟေတီနဲ့ တခြား နေရာတွေဆီ လေယာဉ်နဲ့ ပို့တာတွေ အရှိန်မြှင့် လုပ်သွားမယ်” လို့ အမေရိကန် အမိမြေ လုံခြုံရေးဌာန DHS က ပြောပါတယ်။

 ဟေတီ၊ ချီလီနဲ့ ဘရာဇီးနိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေ ပြန်လာရင် လက်ခံဖို့ ရွှေ့ပြောင်းနေထိုင်သူတွေ လာခဲ့တဲ့ နိုင်ငံတွေနဲ့အတူ လက်တွဲ အလုပ်လုပ်နေပြီလို့လည်း DHS က ပြောပါတယ်။ 

လာမယ့်ရက်တွေအတွင်း အမေရိကန်အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာနက နောက်ထပ် ဝန်ထမ်း အယောက် လေးရာကို ဒယ်ရီယိုမြို့ဆီ ပို့မယ်၊ လောလောဆယ် လူတွေ များလွန်းလို့ မြို့ရဲ့ ဆိပ်ကမ်းဝင်ပေါက်ကို ယာယီပိတ်ထားတယ်လို့ နယ်စပ်ရေးရာဌာနက သောကြာနေ့မှာ ပြောခဲ့ပါတယ်။၏

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရဟာ ဒီနှစ်အစောပိုင်းက ယာယီကာကွယ်ပေးရေး အခြေအနေအရ ဟေတီနိုင်ငံသား ၁ သိန်းခွဲလောက်ကို အမေရိကန် နိုင်ငံထဲကနေ ပြန်ပို့မယ့် အခြေအနေကနေ သက်သာခွင့်သက်တမ်း တိုးပေးထားပါတယ်။

 ဒီအစီအစဉ်ဟာ အသစ်ထပ်ရောက်လာသူတွေအတွက် အကျုံးမဝင်ပါဘူး။ ရိုက်တာ သတင်းဌာနက မေးမြန်းခဲ့တဲ့ ဂွါတီမာလာ နယ်စပ်က ဟေတီနိုင်ငံသားအယောက် တဒါဇင် လောက်ကတော့ သူတို့ဟာ ဒယ်ရီယိုမြို့ကို ရောက်ဖို့ WhatsApp လူမှုကွန်ရက်ပေါ်မှာ မျှဝေထားတဲ့ လမ်းကြောင်းတွေအတိုင်း လာခဲ့တာလို့ ပြောပါတယ်။

 WhatsApp အုပ်စုတွေထဲမှာတော့ နယ်စပ်ကိုဖြတ်ဖို့ အခြေအနေ ဖြေလျှော့ပေးနေ တယ်ဆိုတဲ့ အလိမ်အညာတွေ ပြန့်နေတယ်လို့လည်း သူတို့က သောကြာနေ့မှာ ပြောခဲ့ကြပါတယ်။

4 weeks Ago
Up