ရွှေပြည်သာမြို့နယ်

A d v e r t i s e m e n t With Us

April 12, 2020

ရွှေပြည်သာမြို့နယ်က ကိုရိုနာလူနာ ၃၃ နေထိုင်သည့်အဆောင်ကို အဝင်အထွက်ပိတ်

COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၃၃  နေထိုင်တဲ့ ရွှေပြည်သာမြို့နယ် အမှတ် ၁ ရပ်ကွက်၊ ရတနာမိုး ၁ လမ်း၊ ခြံအမှတ် ၄၈၇ အဆောင်လိုင်းခန်းကို ဝင်ထွက်ခွင့် ပိတ်လိုက်ပြီလို့ ရွှေပြည်သာ စည်ပင်တာဝန်ရှိသူက ပြောပါတယ်။ အဲဒီခြံထဲမှာ အဆောင် ၂ ဆောင်ရှိပြီး ရောဂါပိုးတွေ့ရှိသူ နေထိုင်တဲ့ အဆောင်မှာ လူ ၂၀ နေထိုင်ပြီး ကျန်တဲ့အဆောင်မှာတော့ ၁၆ ယောက် နေထိုင်တယ်လို့ သိရပါတယ်။  COVID-19 ရောဂါပိုးတွေ့ရှိသူ အိမ်ထောင်သည်အမျိုးသမီးမှာ သားတဦးရှိပြီး အမျိုးသားက ရွှေပြည်သာ တံတားအောက်မှာ ဆန်ထမ်းတဲ့အလုပ်လုပ်သူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အဆောင် အဝင်အထွက် ပိတ်ထားပြီး ပိုးသတ်ဆေးဖျန်းနိုင်ရေး ဆောင်ရွက်နေကာ လုပ်သင့်တာတွေ လုပ်ဆောင်နေပြီး အဆောင်မှာ နေထိုင်သူ ဖြစ်တာကြောင့် စိုးရိမ်တယ်လို့ ရွှေပြည်သာမြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးသိန်းဇံက ပြောပါတယ်။  အဲဒီအမျိုးသမီးဟာ ဧပြီ ၈ ရက်ကစပြီး အသက်ရှူကြပ်တာ၊ လည်ချောင်းနာတာတွေ ခံစားရလို့ ဧပြီ ၁၀ ရက်က အင်းစိန်ပြည်သူ့ဆေးရုံကြီးကို သွားရောက်ပြသခဲ့ရာမှာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးချက်အရ ရောဂါပိုးရှိကြောင်း အတည်ပြုခဲ့တာပါ။ ရောဂါပိုးတွေ့ရှိသူဟာ လွန်ခဲ့တဲ့ ၁၄  ရက်အတွင်း ပြည်ပနိုင်ငံတွေကို ခရီးသွားရာဇဝင် မရှိဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဧပြီ ၁၂ ရက်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၈  ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၃ ဦးနဲ့ ပြန်ကောင်းလာသူ ၂ ဦး ရှိပြီပါတယ်။ ရန်ကုန်တိုင်းထဲက ၂၆ ယောက် တွေ့ထားတာကြောင့် အများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှာ ၄ ယောက်၊ ချင်းပြည်နယ်မှာ ၃ ယောက်နဲ့ အများဆုံး ဖြစ်ပါတယ်။
11 months Ago
Up