ရွှေပန်းကုံးရွာ

September 9, 2021

ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာ ရဲကင်းစခန်းကို PDF က ဝင်တိုက်၊ ရဲနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာက ရဲကင်းစခန်းကို စက်တင်ဘာ ၉ ရက် မနက် ၉ နာရီလောက်က ဝက်လက် PDF က ဝင်ရောက်တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

PDF တာဝန်ရှိသူ တဦးက “မနေ့ညက အပြစ်မဲ့လူငယ်နှစ်ယောက်ကို ဖမ်းသွားတယ်။ ဒါကြောင့် ကျနော်တို့ဝင်တိုက်တာပဲ။ သူတို့ဘက်က ထိခိုက်သေဆုံးတာရှိနိုင်တယ်။ ကျနော်တို့ဘက်ကတော့ အားလုံးဘေးကင်းကြပါတယ်။ သူတို့ဘက်က တပ်ကူလာလို့ ကျနော်တို့ တပ်ဆုပ်ခွာပေးလိုက်တာ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီလောက်ကြာခဲ့ပြီး ရဲနှစ်ဦး သေဆုံးသွားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူဆီက သိရပါတယ်။

ဝက်လက်မြို့နယ်မှာ PDF နဲ့ စစ်ကောင်စီတပ် ပထမဆုံးတိုက်ပွဲဖြစ်တာဖြစ်တယ်လို့ ဆိုပါတယ်။

2 years Ago
Up