ရွှေထူးနှင့် Timmy

May 8, 2020

ရွှေထူးနှင့် Timmy သီဆိုထားသည့် အသစ်ထွက်“မဆယ်လီ သားတစ်လီ”သီချင်း(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

နှုတ်ခမ်းနီမလေးတို့ အသည်းစွဲအဆိုတော် ရွှေထူးနဲ့ Timmy တို့ သီဆိုထားကြတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။ “မာယာတွေကို တောင်လိုပုံချထားတယ်… အရာရာကိုလေ ပါဝါအာဏာများနဲ့… မအနားကပ်ဖို့ သားကလာမှာ… မရလည်း… အရပ်မြင့်မြင့်နဲ့ အသားက အညိုရောင် အလှနဲ့… မမ… ဆယ်လီ ဆယ်လီ… မမ ဆယ်လီ ဆယ်လီ… မမ… ဆယ်လီ ဆယ်လီ… သားက တစ်လီ တစ်လီ… မမ… ဆယ်လီ ဆယ်လီ… မမ ဆယ်လီ ဆယ်လီ… မမ… ဆယ်လီ ဆယ်လီ… သားက တစ်လီ တစ်လီ” “မဆယ်လီသားတစ်လီ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ သူတို့ ၂ ယောက် ကိုယ်တိုင် ရေးစပ်ပေးထားကြပြီး ကိုယ်တိုင်သီဆို သရုပ်ဆောင်ထားခဲ့ကြတာပါ။ အဆိုတော်သရုပ်ဆောင်တယောက်ဖြစ်တဲ့ ရွှေထူးဟာ ‘ရုပ်သေးရုပ်’၊ ‘တံခါးဖွင့် ထားပါတယ်’၊ ‘မမျှော်လင့်တော့ပါဘူး’စတဲ့ ထင်ရှားတဲ့ သီချင်းတွေ အပါအဝင် တေး သီချင်းပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး ‘စိတ်ကူးယဉ်စာအုပ်’တေးအယ်လ်ဘမ်က တော့ ထင်ရှားတဲ့ တေးအယ်လ်ဘမ် ဖြစ်ပါတယ်။ သီချင်းတွေမှာတင်မက သရုပ်ဆောင်အနုပညာ အရည်အသွေးရှိတဲ့ ရွှေထူးဟာ ရုပ် ရှင်ကားတချို့မှာလည်း ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်တွေ လက်ခံအားပေးမှု ရရှိခဲ့သူ ဖြစ်ပါ တယ်။ “အသက်ကြီးပေမယ့်လည်း… မပျက်စီးသေးပဲ အချစ်ကို နားလည်… ကလေးလေး လို ချွဲနွဲ့… နေချင်မိတယ်… မရဲ့ အနားပဲ… မြို့အနှံ့ကို သွားမယ်… ခံစားလိုက်ပါ သားနဲ့ … ပျော်စရာတွေများတယ်… အိမ်မှာနားမယ်… အိမ်သာသွားမယ်… တိမ်လွှာကြားထဲ… ဇိမ်ကျသားပဲ” ခုသီချင်းရုပ်သံထဲမှာတော့ အရင်တုန်းက မြင်တွေ့နေကျ အလွမ်းအဆွေးသီချင်းပုံ စံမျိုးမဟုတ်တဲ့ သီချင်းပုံစံမျိုး ဖန်တီးထားခဲ့တာဖြစ်ပြီး VFX အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားခဲ့တာကို ပရိသတ်တွေက ထူးထူးခြားခြား ရှုစားကြရမှာပါ။ ဒီသီချင်းကိုတော့ V7 Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး လတ်တ လောမှာတော့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၈ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
11 months Ago
Up