ရွှေထည်

A d v e r t i s e m e n t With Us

January 24, 2021

မြစ်ကြီးနားမြို့တွင် ရွှေထည် ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဖောက်ထွင်းခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရဲ့ အိမ်တစ်အိမ်မှာ မနေ့ညနေ ၄ နာရီလောက်က ရွှေထည်ပစ္စည်း ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဖောက်ထွင်းခံရတယ်လို့ သိရပါတယ်။ တပ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က “ရွှေထည်ပစ္စည်းမျိုးစုံ ခန့်မှန်း သိန်း ၁၀၀ ကျော်ဖို့ အိမ်ရှင်မရှိတဲ့အချိန်မှာ သော့ကိုရိုက်ချိုးပြီး ဖောက်သွားတာ” လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ တပတ်လောက်ကလည်း အခုရွှေထည်ပစ္စည်းတွေ ဖောက်ထွင်းခံရတဲ့ အိမ်အနီးမှာ ငွေသား ၁၀ သိန်းလောက် ပျောက်ဆုံးဘူးတယ်လို့ သိရပြီး အခုပျောက်ဆုံးမှုကို  အိမ်ပိုင်ရှင်တွေက ပလနနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ တပ်ကုန်းရပ်ကွက်မှာ ၂၀၂၀ အောက်တိုဘာကနေ ၂၀၂၁ ဇန်နဝါရီလအထိ ၄ လလောက်အတွင်းမှာ ၆ ခေါက်လောက်ဖောက်ထွင်းမှုဖြစ်ခဲ့ပြီး ၁ မှုသာ တရားခံဖမ်းမိသေးတယ်လို့ ဦးဘောက်နော်က ပြောပါတယ်။ မီးမီး
1 month Ago
Up