ရွှေတံဆိပ်ဆုရ

August 22, 2021

One Championship ကရာတေးပွဲတွင် မြန်မာမိန်းကလေးငယ် ရွှေတံဆိပ်ဆုရ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ၊  One Championship က စီစဉ်ကျင်းပတဲ့ အငယ်တန်း ကရာတေးပြိုင်ပွဲမှာ မူလတန်းကျောင်းသူ မြန်မာကလေးငယ် မမြတ်ကြာဖြူဇော်က  ရွှေတံဆိပ်ဆုရသွားပါတယ်။

ဩဂုတ် ၂၂ ရက် ဒီကနေ့ကျင်းပတဲ့ Shin Karate Junior ပြိုင်ပွဲ     women expert tournament 40kg အထက်တန်းပွဲစဉ်မှာ မြတ်ကြာဖြူဇော်က ပြိုင်ဘက် ဂျပန်ကလေးငယ်ကို အနိုင်ရပြီး ပထမရွှေတံဆိပ်ဆု ရရှိသွားတာပါ။  

အသက် ၁၂ နှစ်အရွယ် မြတ်ကြာဖြူဇော်ဟာ မြန်မာနိုင်ငံသားမိဘနှစ်ပါးကနေ ဂျပန်နိုင်ငံမှာ မွေးဖွားပြီး လက်ရှိတိုကျိုမြို့က မူလတန်းကျောင်းမှာ   ၆ တန်း တက်နေတဲ့  ကျောင်းသူလေး ဖြစ်ပါတယ်။

ကာရာတေး သင်တန်းတက်တာ ၈ လအကြာ ပထမဦးဆုံးပြိုင်ပွဲမှာ ခုလို ရွှေတံဆိပ်ဆု ရရှိခဲ့တာ ဖြစ်တယ်လို့ မိခင်ဖြစ်သူ ဒေါ်ချစ်စုအောင် ဒီဗွီဘီကို ပြောပါတယ်။

ကရာတေးကို ဆက်လက်ကစားမှာဖြစ်ပြီး ဒီဇင်ဘာမှာ ကျင်းပမယ့် ပြိုင်ပွဲမှာလည်း အနိုင်ရ ချန်ပီယံဖြစ်မယ်လို့ မိမိကိုယုံကြည်ကြောင်းလည်း မြတ်ကြာဖြူဇော်က ပြောပါတယ်။ 

ဓာတ်ပုံ- မချစ်စုအောင်

5 months Ago

September 26, 2020

မြေမြှုပ်မိုင်းရှာဖွေသည့် အာဖရိကမြေကြွက် ရွှေတံဆိပ်ဆုရ

ကမ္ဘောဒီးယားနိုင်ငံက မြေမြှုပ်မိုင်းတွေကို ထောက်လှမ်းရှာဖွေပေးတဲ့ အာဖရိက မြေကြွက် တကောင်ကို ဗြိတိန်အခြေစိုက်ကုသိုလ်ဖြစ် တိရစ္ဆာန်ဆေးခန်းတခုက  စက်တင်ဘာ ၂၅ ရက်မှာ ရွှေတံဆိပ်ဆု ချီးမြှင်ခဲ့ပါတယ်။  တရားဝင် ဘွဲ့နာမည်အရ  သူရဲကောင်း မြေကြွက်လို့ခေါ်တဲ့  မက်ဂါဝါဟာ ပြီးခဲ့တဲ့ ၇ နှစ် လုံးလုံး မြေမြှုပ်မိုင်းတွေကို ရှာဖွေလာတာ ဖြစ်ပါတယ်။  သူရဲ့အလုပ်သက်တမ်းတလျှောက် မက်ဂါဝါဟာ မြေမြှုပ်မိုင်းပေါင်း ၃၉ ခုနဲ့ မပေါက်ကွဲ သေးတဲ့ ခဲယမ်း ၂၈ ခုကို အနံ့ခံ ရှာဖွေပေးခဲ့ပါတယ်။  ကုသိုလ်ဖြစ် တိရစ္ဆာန်ဆေးခန်းရဲ့ အဆိုအရ  မြေကြွက် မက်ဂါဝါဟာ ဘောလုံးကွင်း အခု ၂၀ စာရှိတဲ့ မြေပြင်မှာ မြေမြှုပ်မိုင်းတွေကို ရှာဖွေထားပြီး သူဟာ မိနစ်  ၂၀ အတွင်း တင်းနစ်ကွင်း တကွင်းစာအကျယ်အဝန်းကို ရှာဖွေရေးလုပ်နိုင်ပါတယ်။  အဲဒီအကျယ်အဝန်းကို သတ္တုရှာဖွေရေးကိရိယာနဲ့ ထောက်လှမ်းမယ်ဆိုရင် တရက်ကနေ လေးရက်အထိ အချိန်ကြာမြင့်နိုင်ပါတယ်။  မက်ဂါဝါကို တန်ဇနီးယားအခြေစိုက် အင်န်ဂျီအိုအဖွဲ့အက်ပိုပိုမှာ မြေမြှုပ်မိုင်းရှာဖွေရေးကို လေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။   နောက်ပြီးသူဟာ ကုသိုလ်ဖြစ် တိရစ္ဆာန်ဆေးခန်းက ချီးမြှင့်တဲ့ ရွှေတံဆိပ်ကို ပထမဆုံး ရခဲ့တဲ့ မြေကြွက်ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
1 year Ago
Up