ရွှေခြေထောက်ဆု

A d v e r t i s e m e n t With Us

December 22, 2020

ရွှေခြေထောက်ဆု ရရှိသဖြင့် ဂုဏ်ယူကြောင်း ရော်နယ်ဒို ပြော

ရွှေခြေထောက်ဆုဟာ ဂန္ထဝင်ကစားသမားတွေသာ ရယူနိုင်ခဲ့တာကြောင့် ဂုဏ်ယူစရာဆု ဖြစ်တယ်လို့ ရော်နယ်ဒိုက ပြောပါတယ်။ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ မိုနာကိုမင်းသားက ချီးမြင့်တဲ့  ၂၀၂၀ ပြည့်နှစ်အတွက် ရွှေခြေထောက်ဆုကို ရယူနိုင်ခဲ့တာပါ။ ရွှေခြေထောက်ဆုဟာ ဘောလုံးလောကမှာ ထူးချွန်ပြောင်မြောက်စွာ အစွမ်းပြခဲ့သူတွေထဲကမှ အသက် ၂၈ နှစ်နဲ့အထက် ကစားသမားတွေထဲကနေ ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။ တစ်ချိန်မှာ ရယူနိုင်ဖို့ မျှော်လင့်ထားတဲ့ဆုတစ်ခုကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီဆုရဲ့ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် ဂန္ထဝင်ကစားသမားတွေသာ ရယူနိုင်ခဲ့ကြတာလို့ ရော်နယ်ဒိုက ဆုလက်ခံရယူအပြီးမှာ ပြောပါတယ်။ ရွှေခြေထောက်ဆုကို  ၂၀၀၃ ခုနှစ်က စတင်ပေးအပ်ချီးမြှင့်ခဲ့ပြီး ရောဘတ်တို ဘက်ဂီယို၊ နက်ဗက်၊ ရှက်ဖ်ရှင်ကို၊ ရိုနယ်ဒို၊ ဒီပီယာရို၊ ရောဘတ်တို ကားလို့စ် အစရှိတဲ့ ကစားသမားတွေ ရယူနိုင်ခဲ့ဖူးပါတယ်။  လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာတော့ အီတူး၊ ဘတ်ဖွန်၊ ကားဆီးလက်၊ ကာဗာနီနဲ့ လူကာမိုဒရစ်တို့ ရယူနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဥက္ကဋ္ဌ အန်နယ်လီဟာလည်း ဆုရခဲ့ဖူးပြီး ဘောလုံးဥက္ကဋ္ဌတွေထဲမှာ ပထမဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။
2 months Ago
Up