ရွှေကျင်မြို့ စာသင်တိုက်

August 6, 2021

ရွှေကျင်မြို့ စာသင်တိုက်တခုက သံဃာတော် ၆၇ ပါး ကိုဗစ်-၁၉ ကူးစက်ခံရ

ပဲခူးတိုင်း  ရွှေကျင်မြို့နယ် မဟာပညာဗိမာန်စာသင်တိုက်မှာ စာချစာသင်သံဃာတော် ၆၇ ပါးနဲ့ သာသနာ​ရေးဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတယ်လို့ စာသင်တိုက်တာဝန်ရှိသူတဦးက ပြောပါတယ်။

​ သြဂုတ် ၄ ရက်နဲ့ ၅ ရက်​တွေမှာ မဟာပညာဗိမာန်စာသင်တိုက်က စာချစာသင် သံဃာတော်အပါး ၁၁၀ နဲ့ သာသနာရေးဝန်ထမ်း ၂ ဦးကို RDT test kit စစ်ဆေးရာမှာ အခုလို ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လက်တလော ကိုဗစ်-၁၉ ကူးစက်ခံ သံဃာတော်တွေကို သီခြားကုသဆောင်မှာ ကုသပေးနေပြီ ရောဂါအခြေအနေမှာ တည်ငြိမ်ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

စာသင်တိုက်တာဝန်ရှိသူ "ကူးစက်ခံ သံဃာတော်တွေအတွက် ဆေးဝါး၊ ဆွမ်းနဲ့ အာဟာရတွေ လိုအပ်နေတာကြောင့် တာဝန်ခံ ဆရာတော်တွေ၊ ဒကာဒကာမတွေထံ ဆက်သွယ်လှူဒါန်းပေးကြပါ” လို့ မေတ္တာရပ်ခံပါတယ်။

ရွှေကျင်မြို့နယ်မှာ ကိုဗစ်တတိယလှိုင်းကာလ  ဩဂုတ် ၄  ရက်ထိ ကိုဗစ်-၁၉ တည်ပြုလူနာ ၄၈၈ ဦး၊ သေဆုံးသူ ၂၉ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၄၀၀ ရှိပြီလို့ ​မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနက ထုတ်​​ပြန်ထားပါတယ်။

4 months Ago
Up