ရွှေကျင်မြို့နယ်

A d v e r t i s e m e n t With Us

December 29, 2020

ရွှေကျင်မြို့နယ်တွင် သာသနမြေပေါ် အဆောက်အအုံဆောက်လုပ်မှု မကျေနပ်သဖြင့် ဆန္ဒ​ပြ​

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ ဘုန်း​ကြီး​ကျောင်း အုတ်တံတိုင်းကို ဖြိုချ​​ပြီး သာသန​​မြေ​ပေါ်မှာ  ဆောက်အအုံဆောက်လုပ်တာကို ​ကျေနပ်မှုမရှိတာ​​ကြောင့် ဒီဇင်ဘာ ၂၈ ရက် နေ့က ဒေသခံ​​တွေ ရွှေကျင်မြို့ထဲ စီတန်းလှည့်လည် ဆန္ဒ​​ပြခဲ့​ကြပါတယ်။ ရွှေကျင်မြို့၊ ကျေးလက်​ဒေသတိုးတက်ဖွံဖြိုးရေးဦးစီးဌာနရဲ့ လူထုဗဟိုပြုစီမံကိန်းအဖြစ် ဆောင်ရွက်ရာမှာ ကွင်းဆိပ်ကျေးရွာ မင်္ဂလာရွာမဘုန်းကြီးကျောင်းအုတ်တံတိုင်းကို ဖြိုချခဲ့သူ​တွေကို အရေးယူပေးဖို့နဲ့ သာသနမြေအတွင်း ဘက်စုံသုံး မင်္ဂလာခန်းမ တည်ဆောက်မယ့်အ​ပေါ် ​ဒေသခံ​တွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ကျေးလက်​ဒေသတိုးတက်ဖွံဖြိုးရေးဦးစီးဌာန ရဲ့ လူထုဗဟိုပြုစီမံကိန်းအဖြစ် ကျပ် သိန်း ၈၀၀ နဲ့ ဆောင်ရွက်မယ့် ဘက်စုံသုံး  မင်္ဂလာခန်းမ တည်ဆောက်ရာမှာ  ကွင်းဆိပ်ကျေးရွာ ရဲစခန်းရှေ့မြေနေရာမှာ ဆောက်ဖို့ လူထုမဲဆန္ဒအများစုနဲ့ သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိမှာ ကွင်းဆိပ်ကျေးရွာ မင်္ဂလာရွာမ ဘုန်းကြီး​ကျောင်းအုတ်တံတိုင်းကို ညဘက်မှာ ​ဖြိုချ​ပြီး ကျောင်းမြေမှာ အဆောက်အအုံ ဆောက်မယ့်အပေါ် တာဝန်ရှိသူ​တွေကို အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမယ့် ထိရောက်တဲ့ဖြေရှင်း​ပေးမှု မရှိခဲ့တာကြောင့် ဆန္ဒထုတ်ဖေါ်ရတာလို့ ဒေသခံတွေက ဆိုပါတယ်။ ဆန္ဒပြတဲ့ ဒေသခံ ဦး​ကျော်သူ က "အလှူရှင်တွေ လှူဒါန်းထားတဲ့ အုတ်တံတိုင်းကို ဖြိုချတာဟာ မဖြစ်သင့်ဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အ​နေနဲ့ စိတ်မကောင်းဖြစ်ရတယ်။ ဒါကိုအကြိမ်ကြိမ်တိုင်ကြားတယ်။ ခုအချိန်ထိ ထိရောက်တဲ့ အ​ရေးယူမှုတွေမရရှိလို့  မြို့ပေါ်အထိ တက်ကာဆန္ဒပြရတာဖြစ်တယ်"လို့ ပြောပါတယ်။ ကျေးလက်​ဒေသတိုးတက်ဖွံဖြိုး​ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းအဖြစ်ဆောင်ရွက်မယ့် သာသန​​မြေဟာ မြေ​နေရာကျဉ်းနေပြီး ဘက်စုံသုံး မင်္ဂလာခန်းမဆောက်လုပ်ဖို့ လုံးဝမဖြစ်သင့်ဘူးလို့ ဒေသခံ ဒေါ်ခင်​ဌေး​မြင့်က ပြောပါတယ်။ လူထုသဘောထား မဲဆန္ဒ ၉၁၀ နဲ့ အနိုင်ရရှိတဲ့ ရဲစခန်းရှေ့မြေနေရာမှာ မဆောက်ပဲ ညဘက်မှာအုတ်တံတိုင်းတွေ ဖြိုချခဲ့သူ​တွေကိုအ​ရေးယူဖို့နဲ့ သာသနာမြေမှာ အကြိမ်ကြိမ်ဝင်ရောက် တိုင်းတာရှင်းလင်းတာကိုရပ်တန့်​ပေးဖို့ နိုင်ငံ​တော်အ​ကြီးအကဲသိရ​အောင် တောင်းဆိုရတာလို့ ရွာသားတွေက ဆိုပါတယ်။ ဆန္ဒပြရာမှာ ဒေသခံ ၂၅ ယောက်က ဗီနိုင်းတွေကိုင်ဆောင်ပြီး ကျေးလက်ဒေသ တိုးတက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှေ့နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တို့မှာ ကိုဗစ်-၁၉ စည်းကမ်းနဲ့ အညီ လှည့်လည်ဆန္ဒထုတ်ဖေါ်ခဲ့ကြတာလို့ဆိုပါတယ်။ မင်္ဂလာရွာမဘုန်းကြီးကျောင်းအုပ်တံတိုင်းဖြိုချပြီး သာသနာမြေမှာ အဆောက်အအုံ ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ရွှေကျင်မြို့နယ်ကျေးလက်​ဒေသ တိုးတက်ဖွံဖြိုးရေးဦးစီးဌာနကို  ဒီဗွီဘီက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပေမယ့် တွေ့ဆုံခွင့်မရရှိခဲ့ပါဘူး။ သတင်း၊ဓာတ်ပုံ- နေလင်းထိုက်  
2 months Ago

October 20, 2020

ရွှေကျင်မြို့နယ် ရဲသောင်ကျေးရွာအုပ်စု၌ ရွေးကောက်ပွဲကျင်းပရန် ကရင်ပြည်သူ့ပါတီ တောင်းဆို

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ထဲက ရဲသောင်ကျေးရွာအုပ်စုမှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာ ၁၉ ရက်က စာပို့ တောင်းဆိုထားတယ်လို့ ကရင်ပြည်သူ့ပါတီက ပြောပါတယ်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်း ထဲက နယ်မြေတချို့မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေ မရှိတဲ့ အတွက်  ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ကြေညာတဲ့အထဲမှာ ရွှေကျင်မြို့နယ်က ကျေးရွာအုပ်စု ၃၀ ပါဝင်လာတာဖြစ်ပါတယ်။ အဆိုပါ ကျေးရွာအုပ်စု ၃၀ ထဲက  ကျေးရွာအုပ်စု ၂၉ အုပ်စုဟာ အရင်တုန်းကလည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ရွာပုန်းရွာရှောင်တွေဖြစ်လို့ ကန့်ကွက်စရာမရှိပေမယ့် ရဲသောင်ကျေးရွာအုပ်စုကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ အောင်မြင်စွာကျင်းပလာတဲ့ ကျေးရွာအုပ်စုဖြစ်လို့ တိုင်းရင်းသားတွေရဲ့ ရွေးကောက်ခံခွင့်နဲ့ မဲပေးပိုင်ခွင့်ဆုံးရှုံးရအောင် ပြန်လည် ထည့်သွင်းပေးဖို့ တောင်းဆိုရတာလို့ ရွှေကျင်မြို့နယ် ကရင်ပြည်သူ့ပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမြင့်စိုးက ပြောပါတယ်။ "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ထုတ်ပြန်တဲ့ ကျေးရွာအုပ်စု ၃၀ ထဲက ၂၉ အုပ်စုဟာ ကန့်ကွက်စရာမရှိဘူး၊ ဘာလို့လဲဆိုတော့ ရွာပုန်း ရွာရှောင် ရွာပျက်တွေဖြစ်နေလို့၊ ဒါပေမဲ့ အဲ့ထဲက ရဲသောင်ကျေးရွာအုပ်စု ပါဝင်လာတာဟာ လုံးဝ မဖြစ်သင့်ဘူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကလည်း မဲဆန္ဒရှင်စာရင်းကို နှစ်ကြိမ်တိုင်တိုင် ရဲသောင်ကျေးရွာအုပ်စုမှာ ကြေညာ ကပ်ပြီပြီ၊ ဒါကိုရွေးကောက်ပွဲနီးမှ မကျင်းပနိုင်ဘူးဆိုတာက မေးခွန်းထုတ်စရာဖြစ်နေတယ်။"  ရဲသောင်ကျေးရွာအုပ်စုဟာ နယ်မြေတည်ငြိမ်အေးချမ်းနေပြီး  စာသင်ကျောင်းတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ​၊ ထွေအုပ်စာရေးတွေနဲ့အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားအောက်မှာ ရှိနေကာ ရွေးကောက်ပွဲအဆက်ဆက်ကျင်းပလာတဲ့ ကျေးရွာဖြစ်တာကြောင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို  ရှေးရှုပြီ အချိန်မီ စဉ်းစားသုံးသပ်ပေးစေချင်တယ်လို့ ကရင်ပြည်သူ့ပါတီက ပြောပါတယ်။ ရဲသောင်ကျေးရွာအုပ်စုမှာ ဝါးဖြူတောင်၊ ဇီးဖြူတောင်၊ ရဲသောင်၊ ကျွဲတဲ၊ ထီးဖဒို၊ မဲပျော့၊ ဟတ်ကြီး စတဲ့ကျေးရွာ ခုနှစ်ရွာပါဝင်နေပြီး အိမ်ခြေ ၃၀၀ ကျော် ရှိကာ အသက် ၁၈  နှစ်ပြည့်ပြီး မဲပေးမိုင်ခွင့်ရှိသူ ၉၀၀ ကျော်ရှိပါတယ်။ တိုင်းရင်းသားတွေရဲ့ရွေးကောက်ခံခွင့်နဲ့ မဲပေးခွင့်မဆုံးရှုံးစေဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်ကို ပြန်သုံးသပ်ပြင်ဆင်ပေးဖို့ UNA တိုင်းရင်းသား မဟာမိတ်ပါတီတွေနဲ့  ကချင်၊ ကယား၊ ကရင်၊ ချင်းနဲ့ မွန်​ နိုင်ငံရေးပါတီ ၅ ပါတီ  ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ သတင်း၊ ဓာတ်ပုံ -နေလင်းထိုက်
4 months Ago
Up