ရွှေကမ္ဘာလုံးဆုပေးပွဲ (ဓာတ်ပုံ)

January 7, 2020

နာမည်ကြီးရုပ်ရှင် 1917 နှင့် Once Upon a Time...in Hollywood ရုပ်ရှင်တွေ ဆုရရှိခဲ့ကြသည့် ရွှေကမ္ဘာလုံးဆုပေးပွဲ (ဓာတ်ပုံ)

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ၇၇ ကြိမ်မြောက် ရွှေကမ္ဘာလုံး (Golden Globes) ဆုပေးပွဲမှာ ဟောလိဝုဒ်သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ ဝါ့ခင်းဖီးနစ်နဲ့ ရနေးဇဲလ်ဝက်ဂါတို့က အကောင်းဆုံးသရုပ်ဆောင်ဆုတွေ ရရှိခဲ့ကြပါတယ်။ အသက် ၄၅ နှစ်အရွယ် မင်းသားဟာ ရုံတင်ဝင်ငွေစံချိန်တင် Joker ဇာတ်ကားထဲမှာ Joker အဖြစ် သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံး သရုပ်ဆောင်မင်းသားဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပြီး အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆုကိုတော့ ဟောလိဝုဒ်မင်းသမီးကြီး Judy Garland အကြောင်း ရိုက်ကူးထားတဲ့ Judy ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ခဲ့တဲ့ အသက် ၅၀ အရွယ် ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး  ရနေးဇဲလ်ဝက်ဂါတို့က ဆွတ်ခူးရရှိသွားခဲ့တာပါ။ ဒရာမာအမျိုးအစား အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကိုတော့ ပထမကမ္ဘာစစ်ပွဲအကြောင်း ရိုက်ကူးထားတဲ့ 1917 ဆိုတဲ့ ရုပ်ရှင်ကားက ရရှိသွားခဲ့ပြီး ဂီတဇာတ်မြူးအမျိုးအစား အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကိုတော့ Once Upon a Time...in Hollywood ရုပ်ရှင်က ရရှိသွားပါတယ်။ အကောင်းဆုံးသရုပ်ဆောင်မင်းသမီး (ဂီတဇာတ်မြူး)ဆုကိုတော့ The Farewell ရုပ်ရှင်နဲ့ သရုပ်ဆောင်မင်းသမီး Awkwafina က ရရှိခဲ့ပြီး Kingsman ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ သရုပ်ဆောင်မင်းသား Taron Egerton ကတော့ အယ်လ်တန်ဂျွန်အကြောင်း ရုပ်ရှင် Rocketman နဲ့ အကောင်းဆုံးသရုပ်ဆောင်မင်းသား (ဂီတဇာတ်မြူး)ဆုကို ရရှိခဲ့ပါတယ်။ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုတွေအဖြစ် ဟောလိဝုဒ်စတား သရုပ်ဆောင် မင်းသား Brad Pitt နဲ့ မင်းသမီး Laura Dern တို့က Once Upon a Time...in Hollywood နဲ့ Marriage Story ရုပ်ရှင်ကားတွေနဲ့ အသီးသီး ဆုရရှိသွားပါတယ်။ အခုနှစ်ရဲ့ ဒရာမာအမျိုးအစား အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကိုတော့ 1917 ရုပ်ရှင်နဲ့ ဒါရိုက်တာ Sam Mendes က ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး ဂီတဇာတ်မြူးအမျိုးအ စား အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကိုတော့ Once Upon a Time...in Hollywood ရုပ်ရှင်နဲ့ ဒါရိုက်တာ Quentin Tarantino က ရရှိခဲ့ပါတယ်။ အဲန်နီမေးရှင်းအမျိုးအစား အကောင်းဆုံး ရုပ်ရှင်ကားဆုကိုတော့ Frozen II ၊ The Lion King ရုပ်ရှင်တွေကို ဖြတ်ကျော်ပြီး Missing Link ရုပ်ရှင်က ဆုရရှိသွားပါတယ်။ နိုင်ငံခြားဘာသာစကားပြော အကောင်းဆုံးရုပ်ရှင်ဆုကိုတော့ ကိုရီးယား နာမည်ကျော်ရုပ်ရှင် Parasite က ထူးထူးခြားခြား ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဆုရရှိသူတွေ စာရင်းအပြည့်အစုံကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
  • Joaquin Phoenix, Best Performance by An Actor in a Motion Picture-Drama, Joker
  • Actress Renee Zelwegger, Golden Globe winner
  • Renée Zelwegger, Best Performance by An Actress in a Motion Picture-Drama, Judy
  • Taron Egerton, Best Performance by An Actor in a Motion Picture-Musical or Comedy, Rocketman
  • Awkwafina, Best Performance by An Actress in a Motion Picture-Musical or Comedy, The Farewell
  • Brad Pitt, Best Supporting Actor, Once Upon a Time...in Hollywood
  • Laura Dern, Best Supporting Actress, Marriage Story
  • The 1917 team, Best Motion Picture- Drama
  • The Parasite team, Best Motion Picture, Foreign Language
  • The Missing Link team, Best Animated Feature
  • Sam Mendes, Best Director, 1917
  • Quentin Tarantino, Best Screenplay, Best Motion Picture-Musical or Comedy, Once Upon a Time in Hollywood
  • Elton John and Bernie Taupin, Best Song, "I'm Gonna Love Me Again", Rocketman
  • Tom Hanks, Cecil B. deMille Award recipient, 2020
  • Brian Cox, Best Actor in a TV Series-Drama, Succession
  • Olivia Colman, Best Actress in a TV Series- Drama, The Crown
  • Ramy Youssef, Best Actor in a TV Series- Comedy or Musical- Ramy
  • The Fleabag team, Best TV series, Musical or Comedy
  • The Chernobyl team, Best Limited Series or TV Movie
  • The Succession team, Best TV Series, Drama
  • Phoebe Waller-Bridge, Best Actress in a TV Series- Comedy or Musical- Fleabag
  • Michelle Williams, Best Actress in a Limited Series or TV Movie, Fosse/Verdon
  • Stellan Skarsgård, Best Supporting Actor, TV, Chernobyl
  • Patricia Arquette, Best Supporting Actress, TV, The Act
  • Ellen DeGeneres, Carol Burnett Award recipient, 2020
1 year Ago
Up