ဆဲလ်ဘက် တိုက်စစ်မှူး ဟာလန်းဟာ ဥရောပထိပ်တန်းကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး မန်ယူအသင်းကို ရွေးချယ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ ဟာလန်းကို စည်းရုံးဖို့အတွက် ဒီဇင်ဘာ ၁၃ ရက်နေ့က ဆဲလ်ဘက်အသင်းဆီ သွားရောက်ခဲ့တယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။
အသက် ၁၉ နှစ်ပဲရှိသေးတဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းဟာလည်း နော်ဝေနိုင်ငံသား နည်းပြ ဆိုးလ်ရှား ဦးဆောင်နေတဲ့ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။
ဟာလန်းကို ဆဲလ်ဘက်အသင်းရဲ့ မိတ်ဖက်အသင်းဖြစ်တဲ့ လိုက်ဇစ်အသင်းကလည်း ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ နည်းပြဆိုးလ်ရှားရဲ့ စည်းရုံးမှုနဲ့အတူ မန်ယူအသင်းဆီကို ပြောင်းရွှေ့ဖို့ အခွင့်အရေးများသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
1 year Ago